ဖုန်းတွေသုံး လို့ ပူလာရင်ဘယ်လိုလုပ်မလဲ ?

ဖုန်းပြောနေရင်း ဒါမှမဟုတ် Game ဆော့နေရင်း ရုပ်ရှ
င်ကြည့်နေရင်း ဖုန်းဘတ္ထရီပူလာတတ်တာ ကြုံဖူးကြပါမယ်။

ဖုန်းကို အသုံးများလို့ ပူလာတာထက် ဖုန်းရဲ့ဘတ္ထရီကို သာမန်အပူချိန်ထက် မပိုအောင် ထားပေးနိုင်ရင်လည်း ဖုန်းပူခြင်းကနေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကာဗာကို ချွတ်လိုက်ပါ။
ဖုန်းက ထွက်လာတဲ့အပူဟာ ဖုန်းကာဗာကြောင့် အပြင်မထွက်နိုင်ဘဲ လှောင်ပိတ်မိနေပါတယ်။

ကာဗာတပ်ထားတဲ့ ဖုန်းနဲ့ ကာဗာ မတပ်တဲ့ ဖုန်းဆိုရင် မတပ်ထားတဲ့ဖုန်းက ပိုအေးနေတာ တွေ့ရမှာပါ။
အားသွင်းတဲ့အခါ စားပွဲပေါ်မှာ သွင်းပါ။
မွေ့ရာ/ဆိုဖာပေါ်မှာ ဖုန်းကို အားသွင်းရင် အပူတွေကို မစုပ်နိုင်ပါဘူး။
မာတဲ့မျက်နှာပြင်ရှိတဲ့ စာအုပ်/ စားပွဲ စတာတွေပေါ်မှာ အားသွင်းရင် ဖုန်းကို အပူသက်သာစေမှာပါ။
ညအိပ်ရင်း အားမသွင်းပါနဲ့။

ညအိပ်တုန်း အားသွင်းထားပြီး မနက်ကျမှ ဖြုတ်သုံးတာဟာ ဖုန်းရဲ့ဘတ္ထရီကို ယိုယွင်းပျက်စီးစေပါတယ်။ ညအိပ်ရင်း အားသွင်းခြင်းကို ရှောင်ကျဉ်ပါ။
နေရောင်ခြည်နဲ့ တိုက်ရိုက်မထိမိပါစေနဲ့။
ဖုန်းကို နေရောင်နဲ့ ထိမိရင်လည်း ဖုန်းအပူချိန် ပိုတက်လာနိုင်ပါတယ်။
ဒါကြောင့် အခန်းအပူချိန်ထက်မပိုတဲ့နေရာမှာပဲ ဖုန်းကို ထားပေးပါ။
တခြားဘတ္ထရီနဲ့ အားသွင်းကြိုးတွေ မသုံးပါနဲ့။
မိမိဖုန်းက Samsung ဖြစ်နေရင် Samsung ကြိုးနဲ့ပဲ အားသွင်းပါ။ တခြားဖုန်းက အားသွင်းကြိုးနဲ့ သွင်းတာကလည်း ဘတ္ထရီသက်တမ်းကို လျော့ကျစေပါတယ်။
ယခုခေတ် စမတ်ဖုန်းများကတော့ Li-Ion Battery သုံးထားလို့ တခြားဖုန်းက ဘတ္ထရီဖြုတ်ပြီး ထည့်သုံးလို့မရတော့ပါဘူး။
ဖြစ်နိုင်လျှင် အမျိုးအစားတူတာ တစ်မျိုးတည်းပဲ ရွေးသုံးသင့်ပါတယ်။
 Credit - Mytechmyanmar
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ 
တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

Vivo V5 မှာ ဘာတွေ ပိုကောင်းလာလဲ ?


အခုတလော Vivo V5 က စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ အတော်လေး လူပြောသူပြော များလာလို့ ကျွန်တော်တို့ အဖွဲ့လည်း စမ်းသပ်သုံးစွဲကြည့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေကို ဘက်မလိုက်တဲ့ အမြင်တစ်ခုအနေနဲ့ ပြန်လည်ပြီး မျှဝေချင်ပါတယ်။ ဒါဆိုရင် Vivo V5 သုံးစွဲဖို့ စိတ်ကူးနေကြတဲ့ စာဖတ်ပရိသတ်တွေအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။

စစချင်း ဖုန်းရဲ့ အသွင်အပြင်ကနေ စပြောပါမယ်။ Vivo V5 က နောက်ဆုံးပေါ် ထုတ်ကုန်ပါ။ ဒါကြောင့် ဒီဇိုင်းပိုင်းမှာတော့ ပိုပြီး ဂရုစိုက် ထုတ်လုပ်လာတဲ့ သဘောကို တွေ့လာရပါတယ်။ အရောင်က သုံးမျိုး ထုတ်ထားပါတယ်။ အခုလည်း V5 Black Limited Edition ဆိုပြီး သီးသန့် ထပ်ထုတ်ထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် V5 ရဲ့ ဒီဇိုင်းက ရိုးရှင်းပေမယ့် ကြည့်လိုက်တာနဲ့ သန့်တယ်ကွာ ဆိုတဲ့ ပုံစံမျိုးတော့ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ထည်က ပလတ်စတစ်နဲ့ သတ္တုနဲ့ ပေါင်းထားတာပါ။


V5 က ၅.၅ လက်မ မျက်နှာပြင်ရှိတဲ့ ဖုန်းဖြစ်တာကြောင့် စာဖတ်တာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ မျက်နှာပြင်က သိပ်ပြီးလည်း မကြီးသလို သိပ်ပြီးလည်း မသေးပါဘူး။ ပျမ်းမျှပါပဲ။ ကောင်းတာတစ်ခုကတော့ မျက်နှာပြင် မှန်ပြားကို Gorilla Glass အမျိုးအစားနဲ့ ထုတ်လုပ်ထားတာပါ။ ဒီမှန်အမျိုးအစားက ပါးလွှာပေမယ့် ကြံ့ခိုင်ပါတယ်။ အခုနောက်ပိုင်း ကွန်ပျူတာတွေမှာလည်း ဒီမှန်အမျိုးအစားပဲ သုံးလာကြတာပါ။ ဒါကြောင့် စမတ်ဖုန်း တစ်လုံးအတွက် လိုအပ်တဲ့ မှန်မျက်နှာပြင် ကြံ့ခိုင်မှုရှိတယ်လို့ ပြောရမှာပါ။

နောက်တစ်ချက်ကတော့ အရောင်အသွေးစိုပြေမှုပါပဲ။ Vivid display ဖြစ်တာကြောင့် အရောင်အသွေးက ပိုပြီးတောက်ပ၊ စိုပြေပါတယ်။ တခြား Vivo တွေနဲ့ယှဉ်ရင်တော့ နည်းနည်း ပိုကောင်းလာပါတယ်။ ဖုန်းနဲ့ ဗွီဒီယိုကြည့်တဲ့သူတွေအတွက် တော့ မိုက်ပါတယ်။ စိုစိုပြေပြေနဲ့ ကြည့်ရတာပေါ့။ ဒါလည်း ကောင်းတဲ့အချက်ပါပဲ။

စွမ်းဆောင်ရည်ပိုင်းကတော့ ပိုပြီးကောင်းလာတယ်လို့ ထောက်ခံချင်ပါတယ်။ အသံအရည်အသွေးအတွက် ကတော့အပြောင်းအလဲမရှိပါပဲ။ သူ့ရဲ့ ထုတ်ကုန်တိုင်းမှာ ထည့်သွင်းထားတဲ့ Hi-Fi Chip ကို ထည့်သွင်းထားပါတယ်။ နောက်တစ်ခုက Software ပိုင်းလည်း သိပ်ပြီး အပြောင်းအလဲ ရှိပါဘူး။ 1.5GHZ octa-core MediaTek MT6750 processor, 4GB RAM ဖြစ်လို့ App တွေအများကြီးကို တစ်ပြိုင်နက် သုံးချင်တဲ့ သူတွေအတွက် အတော်လေးကို အဆင်ပြေပါတယ်။ ကျွန်တော်တို့လို ဂိမ်းကစားချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေပြေ ကစားနိုင်ပါတယ်။ သူ့မှာပါတဲ့ Smart Split စနစ်ကလည်း တော်တော် မိုက်ပါတယ်။ ဗီဒီယိုကြည့်နေရင်း မက်ဆေ့ခ်ျတွေဘာတွေဝင်လာရင် ဗီဒီယိုအကြည့်မပျက်ဘဲ မက်ဆေ့ခ်ျလည်း ဖတ်လို့ရပါတယ်။ ဖုန်းမျက်နှာပြင်မှာ ဗီဒီယိုက တစ်ခြမ်း၊ မက်ဆေ့ခ်ျက တစ်ခြမ်း ဖြစ်သွားတာပါ။ မိုက်ပါတယ်။

နောက်ထပ်ကောင်းတာတစ်ခုက ဘက်ထရီပိုင်းပါ။ 3,000mAh ဘက်ထရီကို သုံးထားတာကြောင့် အသုံးခံပါတယ်။ ကျွန်တော်တို့ကတော့ အကြိုက်ပါပဲ။ ဂိမ်းကြာကြာကစားလို့ရပါတယ်။ အားသွင်းကြိုးမကြာခဏ မေ့တတ်တဲ့ ကိုကို မမတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။

အကောင်းဆုံးလို့ ပြောရမယ့် တစ်ခုကတော့ 20MP အရှေ့ကင်မရာပါ။ ဖုန်းနဲ့ ဆက်ဖီဆွဲချင်တဲ့ မမတွေအတွက် လုံးဝ အကြိုက်တွေ့ပါလိမ့်မယ်။ အဲဒါက ရှေ့ကင်မရာမှာ သိပ်ပြီးမပြင်းထန်လွန်းတဲ့ အလင်းရောင်ဖျော့ဖျော့ကိုထည့်သွင်းထား လို့ပါပဲ။ ခပ်မှောင်မှောင်အနေအထားမှာ ကျွန်တော်တို့ ကိုရုပ်ဆိုးအဖွဲ့တွေ ဆက်ဖီဆွဲကြည့်ပြီးပါပြီ။ အသားမဲတွေက အမှောင်ထဲမှာ ပျောက်မနေပါဘူး။ မီးထိုးပြီးရိုက်ထားသလိုပါပဲ။ စွန်းမိုက်ပါ။

အားနည်းချက်ကတော့ အစတုန်းက ပြောခဲ့သလိုပါပဲ။ ပလတ်စတစ်နဲ့သတ္တုကို ရောထားတဲ့ ကိုယ်ထည်ဖြစ်နေတာပါ။ နောက်တစ်ခုက ဆင်းမ်ကတ်နှစ်ကတ်သုံးလို့ရတယ်ဆိုပေမယ့် နှစ်ကတ် တစ်ပြိုင်နက်သုံးမယ်ဆိုရင်တော့ Micro SD ကတ်သုံးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ Sim 2 က SD ကတ်ထည့်တဲ့နေရာနဲ့ တစ်ခုတည်းမို့လို့ပါ။ နောက်တစ်ခုက Sim နဲ့ SD က slot တစ်ခုတည်းမှာ ရောထားတာပါပဲ။ တစ်ခုခုကို အထုတ်အသွင်းလုပ်ချင်ရင် နှစ်ခုလုံး ထွက်လာပါလိမ့်မယ်။ ဆင်းမ်ကတ်နှစ်ခုလုံးလည်း တစ်ပြိုင်နက်သုံးချင်တယ်၊ SD လည်းထည့်သုံးချင်တယ်ဆိုတဲ့သူတွေ အတွက်တော့ ကြိုက်မှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ သူ့ရဲ့ Custom OS က နည်းနည်းလေး ရှုပ်ထွေးတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့လို လူငယ်တွေအတွက် သိပ်ကိစ္စမရှိပေမယ့် အသက်ကြီးပိုင်းအတွက်တော့ နည်းနည်း ရှုပ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် Vivo V5 ကတော့ အရင်ဖုန်းတွေထက် ပိုပြီး ကောင်းလာတာကို တွေ့ရပါတယ်။ ဈေးနှုန်းကတော့ အခြား Vivo တွေနဲ့ ယှဉ်မယ်ဆိုရင် နည်းနည်း ပိုပြီးများသွားပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ ပိုမိုက်လာလို့ သုံးရတာ အဆင်ပြေပါတယ်။ စာဖတ်ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ဆောင်းပါးကိုဖတ်ပြီးရင် ၀ယ်သင့်မ၀ယ်သင့် ဆုံးဖြတ်ရတာ ပိုပြီးလွယ်ကူသွားမယ်လို့ ထင်ပါတယ်။

ရေးသားထားသူအား CKK- နည်းပညာမှ Credit ​ပေးပါတယ်​ခဗျ။

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

Follow Me Chaw Ko Ko Facebook.


CKK ~ နည်းပညာ
သတင်းနှင့်​ နည်းပညာစွယ်​စုံ


Website​တွေထဲဝင်​ရင်​ မြန်​မာစာမမှန်​တဲ့ မိတ်​​ဆွေများအတွက်​ Uc Browser app.


မင်္ဂလာပါ တစ်​ချို့ဖုန်း​တွေမှာ Google,Website,အခြား​သောအရာများကို မိမိတို့ဖုန်းထဲမှာရှိ​နေ browserက​နေ ဝင်​လိုက်​ရင်​ မြန်​မာစာမမှန်​တဲ့အတွက်​ မိမိတို့သိလိုတဲ့အ​ကြောင်းအရာ​တွေကို ဖတ်​လို့မရတာ​တွေ ရှိ​နေပါတယ်​ ။ စိတ်​မပူပါနဲ့ အခုတင်​​ပေးတဲ့ Uc Browser​လေးကိုသာ ​ဒေါင်းယူအသုံးပြုလိုက်​ပါ ။ 100%မှန်​ပါတယ်​ဗျ ။ ကဲ​အောက်​မှာယူ​နော်​ ။ Uc Browserဆိုရင်​ လူတိုင်းသိကြပါတယ်​ ။ သုံးရတာလဲ ​ကောင်းပါတယ်​ဗျ ။





Uc Browser apk.⇩⇩⇩



လင့်ဒေါင်းနည်း
~~~~~~~~
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက>>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

Samsung Galaxy Note 8 ၏ဒီဇိုင်းပုံကြမ်းထွက်ပေါ်လာ



Galaxy Note 8 နှင့်ပတ်သက်တဲ့ သတင်းတွေ ခပ်စိတ်စိတ်လေး ထွက်လာပါတယ်။ ယနေ့မှာ Note အမာခံပရိသတ်တွေအတွက် အင်မတန်ကြီးကျယ်တဲ့သတင်းတစ်ပုဒ် ရရှိလာပါတယ်။ Samsung Galaxy Note 8 ရဲ့ဒီဇိုင်းပုံကြမ်း ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။

Samsung Galaxy Note 8 ရဲ့မျက်နှာပြင်ပြားကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနှစ်ပုံ ထွက်ပေါ်လာပါတယ်။ ယခု ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ Samsung Galaxy Note 8 က S8 နှင့် S8+ တို့ထက် ပိုပြီးတော့ ကြီးမားလာပါမယ်။ အခု ထွက်ပေါ်လာတဲ့ဓာတ်ပုံကို ကြည့်ရင် ဒီ ဒီဇိုင်းက Note 8 ရဲ့ အပြီးသတ် ဒီဇိုင်း ဖြစ်ဖို့ များပါတယ်။



Samsung Galaxy Note 8 ရဲ့ဒီဇိုင်းက S8 ကို အခြေခံပြီး ဖန်တီးထားတယ်ဆိုရင်တော့ Note ဗားရှင်းပီပီ အများကြီး ကွဲပြားတာ တွေ့ရပါတယ်။ Samsung ဟာ Home Botton ကိုလည်း ဖြုတ်ထားပြီး အပေါ်အောက်၊ ဘေး အားလုံးကို အနားသပ်မဲ့ ဒီဇိုင်းလုပ်ထားပါတယ်။ ဒါ့အပြင် ထောင့်နှစ်ဖက်ကွေးမှန်အသုံးပြုထားပါတယ်။ Samsung ဟာ Infinity Display မျက်နှာပြင် ဒီဇိုင်းသုံးထားတာပါ။.

Samsung Galaxy S8 နှင့် S8+ တို့က မျက်နှာပြင် ၅.၈ လက်မနှင့် ၆.၂ လက်မသီးသီးရှိပါတယ်။ Galaxy Note 8 ကတော့ မျက်နှာပြင် ၆.၃ လက်မအထိ ရှိလာပါမယ်။ ဒါ့အပြင် ပိုပြီးတော့ ရှည်လျားလာပါမယ်။

Samsung ဟာ Galaxy Note 8 မှာ အရည်အသွေးပိုင်းပိုမိုကောင်းမွန်တဲ့ Stylus လည်း ထည့်သွင်းလာမယ့်အပြင် ကျောဘက်ကင်မရာနှစ်ခုစနစ်ကိုလည်း ထည့်သွင်းလာပါမယ်။

Credit.

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

 http://chawkoko-ngp.blogspot.com/

MPT က မြန်နှုန်းမြှင့် LTE(4G) + ကွန်ရက်ကို တစ်နိုင်ငံလုံးရရှိစေရန်ဆောင်ရွက်လျှက်ရှိ

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်း MPT ကပုံမှန် LTE(4G) ထက် ၂ ဆပိုမြန်သည့် မြန်နှုန်းမြှင့်အင်တာနက် ၀န်ဆောင်မှုကို LTE + အမည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အနှံ့ရရှိ စေရန်ဆောင်ရွက်လျှက်ရှိကြောင်း MPT ကသိရပါတယ်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့်နေပြည်တော် မြို့များတွင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့၊ Park Royal Hotel တွင်ပြုလုပ်သော MPT ၏ LTE+ မိတ်ဆက်ပွဲကသိရပါတယ်။
ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ကခွင့်ပြုထားသော 1.8 GHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့်နှင့်အတူ MPT က သာမန် 4G/LTE ထက်ပိုမိုမြန်ဆန်သော မိုးဘိုင်းလ်အင်တာနက်ကိုပေးအပ်သွားမှာဖြစ်ကြောင်း MPT အနေဖြင့် နောက်ဆုံးပေါ် 4×4 Multiple Input Multiple Output (MIMO) နည်းပညာအသုံးပြုပြီးဆောင်ရွက်ထားသဖြင့် 4G/LTE  2×2 MIMO ထက်သာလွန်သော ဒေတာမြန်နှုန်းကို ရရှိမှာဖြစ်ကြောင်း MPT ကသိရပါတယ်။ထို့ပြင်  LTE+ အင်တာနက် အမြန်နှုန်းကို 75 Mbps မှ 150 Mbps အထိတိုးမြှင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
“ MPT ရဲ့ LTE+ ကွန်ရက်ကို အားဖြည့်ပေးနေတဲ့ နောက်ဆုံးပေါ်နည်းပညာက အရင်ကရှိတဲ့ ကွန်ရက်နဲ့မတူဘဲ အလွန်လျှင်မြန်တဲ့ မိုဘိုင်းလ်ဒေတာ အမြန်နှုန်းကိုရယူအသုံးပြုနိုင်မှာဖြစ်ပြီး ရှိပြီးသာ Data Packs တွေ၊ Pay-as-You-Go အစီအစဉ်တွေကိုလည်း အရင်နှုန်းထားအတိုင်းပဲ ကျသင့်မှာဖြစ်ပါတယ်။LTE+ ရဲ့ပုံမှန်ထက်နှစ်ဆ မြန်တဲ့အမြန်ဆုံးအင်တာနက်နဲ့ဆို ဒေတာအသုံးပြုသူတွေအနေနဲ့ ဖိုင်းဆိုဒ်ကြီးတာတွေကို Download ရယူတဲ့အခါနဲ့ ပို့တဲ့အခါတွေ၊ ဒေတာများများသုံးစွဲရတဲ့ ဂိမ်းတွေကစားတဲ့အခါနဲ့ HD ဗီဒီယိုတွေကြည့်တဲ့အခါ တွေမှာ အရမ်းကွာခြားနေတာကို ခံစားရမှာပါ” ဟု MPT-KSGM Joint Operations မှ CEO Mr. Toshitake Amamiya ကပြောကြားခဲ့ပါတယ်။
MPT အနေဖြင့် လက်ရှိတွင် LTE + ကွန်ရက်ကို နေပြည်တော် ၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ မြို့နယ်ပေါင်း ၄၇ မြို့တွင် အသုံးပြုလို့ရနေပြီဖြစ်ပြီး ဇူလိုင်လတွင် ပဲခူး၊တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ နှင့် ပုသိမ်မြို့ကြီးများ တွင်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သြဂုတ်လတွင် မြို့ကြီး ၂၀ ကျော် နှင့် စက်တင်ဘာလတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မြို့ကြီး ၃၀ ကျော်တို့တွင်စတင်အသုံးပြုနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။ ယခင် GSM ဆင်းကတ်အဟောင်းအသုံးပြုသူများအနေဖြင့် ဆင်းကတ်အဟောင်းများကို မူရင်းဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်သုံးနိုင်သောဆင်းကတ်အသစ်များဖြင့် MPT အမှတ်တံဆိပ်ဆိုင်များတွင် ၀န်ဆောင်ခပေးစရာမလိုပဲ လဲလှယ်နိုင်ကြောင်း သိရပါတယ်။


Credit

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

iPhone တွေမှာ မရနိုင်တဲ့ Samsung Galaxy S8 ရဲ့ အားသာချက် ၁၀ချက်



iOS စနစ်သုံး iPhone တွေဟာ ဖုန်း တလုံးချင်း အနေ အထားမှာ Android စနစ်သုံး ဖုန်းတွေထက် သာလွန် ကောင်းမွန်တယ် ဆိုပေမယ့် တချို့နေရာ မှာတော့လည်း အားနည်း ချက်တွေ ရှိနေပြန် ပါတယ်။ အခု iPhone တွေရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ Smasung ရဲ့ Galaxy S8 မော်ဒယ်မှာ ပါရှိတဲ့ iPhone ထက် ပိုကောင်းတဲ့ အားသာချက် ၁၀ ချက်ကို ပြောပြ ချင်ပါတယ်။

(၁) Galaxy S8 မှာ Iris Scanner လို့ ခေါ်တဲ့ မျက်လုံးဖတ် စနစ် ပါရှိ ပါတယ်။ ဒီစနစ်က အများစု သုံးနေတဲ့ လက်ဗွေရာနဲ့ ဖုန်းဖွင့်တဲ့ စနစ်နေရာမှာ မိမိရဲ့ မျက်လုံးနဲ့ တင် လုံခြုံရေး စနစ်ကို Lock လုပ်နိုင် လာပါတယ်။

(၂) Facial Recognition စနစ်သစ်မှာ Selfie ရိုက်နေရင်း ကနေ မျက်နှာ သိမှတ် စနစ်ရဲ့ အားသာချက်က မျက်နှာကို မှတ်ထားပြီး ဖုန်းကို Unlock လုပ်နိုင် လာပါတယ်။ ဒီစနစ်က မျက်လုံး ဖတ်စနစ် ထက်ရော လက်ဗွေရာဖတ် စနစ်ထက်ပါ ပိုမြန်ပါတယ်။


(၃) Galaxy S8 တွေမှာ ပြသမျက်နှာပြင် ပိုမို ကျယ်ဝန်းလာပါတယ်။ S8 မှာ ၅ ဒသမ ၈ လက်မ ဖြစ်ပြီး S8 Plus က ၆ ဒသမ ၂ လက်မ ရှိပါတယ်။ iPhone 7 ကတော့ ၄ ဒသမ ၇ လက်မနဲ့ 7 Plus က ၅ ဒသမ ၅ လက်မပဲ ရှိတာပါ။

(၄) Galaxy S8 ကို ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်ပါတယ်။ ပုံမှန် ကြိုးနဲ့ အားသွင်း တာထက် ပိုမြန်ပါတယ်။ iPhone မှာတော့ ကြိုးမဲ့ အားသွင်း စနစ် မရှိပါဘူး။ Fast Charging စနစ်လည်း မရပါဘူး။

(၅) Galaxy S8 မှာ နားကြပ်ပေါက် ပါရှိပါတယ်။ အလွယ်တကူ နားကြပ် တပ်ဆင် နားထောင်နိုင်တာပါ။ iPhone 7 မှာတော့ နားကြပ်ပေါက် ဖယ်ထုတ် ထားတာ တွေ့ရ ပါတယ်။

(၆) Samsung Pay စနစ်က ပုံမှန် Credit Card Reader နဲ့ အလုပ်လုပ်ပါတယ်၊ Apple Pay အတွက်ကတော့ သီးခြား NFC Pad တခု ထားရှိ အသုံးပြုရမှာပါ။

(၇) VR မြင်ကွင်းကျယ် မျက်မှန်နဲ့ ချိတ်ဆက်နိုင်မှု အားကောင်း ပါတယ်။ ဧပြီ ၂၁ ရက် မတိုင်ခင် Galaxy S8 ကြိုတင်မှာယူသူတွေ အနေနဲ့ Gear VR မျက်မှန်တွေ လက်ဆောင် ရမှာပါ။ iPhone မှာတော့ Google ကနေ ထုတ်လုပ်တဲ့ Cardboard လို မျက်မှန်တွေနဲ့ ချိတ်ဆက်နိုင်ပေမယ့် အများစုသော VR မော်ဒယ်တွေနဲ့ အဆင်မပြေပါဘူး။

(၈) Galaxy S8 ရဲ့ နောက်ဖက် ကင်မရာဘေးမှာ နှလုံးခုန်နှုန်း အာရုံခံ စနစ် ပါရှိပါတယ်။ iPhone မှာတော့ မပါရှိပါဘူး။ သွားလာနေရင်း နှလုံးခုန်နှုန်း သိချင်တဲ့ iPhone သုံးသူတွေကတော့ Apple Watch ကိုပါ ဝယ်သုံးရဖို့ ရှိနေတာပါ။

(၉) Galaxy S8 ကို မော်နီတာ၊ ကီးဘုတ်၊ မောက်စ်တွေနဲ့ ချိတ်ဆက်ပြီး ပုံမှန် ကွန်ပျူတာ တလုံးလို သုံးနိုင်ပါတယ်။ iPhone မှာ မရသေးတဲ့ နည်းပညာတခုပါ။

(၁၀) Bixby ဆိုတဲ့ ကင်မရာ နည်းပညာသစ်က သင်ရိုက်ကူး လိုက်တဲ့ ပုံရိပ်ကို မှတ်ထားပြီး အဆိုပါ ပုံရိပ်နဲ့ ဆက်စပ် အကြောင်း အရာတွေ၊ နီးစပ်ရာ တည်နေရာတွေ၊ လည်စရာ၊ သွားစရာတွေကို အချက် အလက်ပြပေး ပါတယ်။ iPhone ရဲ့ Siri မှာတော့ အခုလို စနစ် မတွေ့ ရသေးပါဘူး။

Credit.

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ


HTC U11 ၏ ရောင်းအား HTC 10 နှင့် M9 တို့ထက် ပိုကောင်း



HTC ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ရဲ့စမတ်ဖုန်း ရောင်းအား အခြေအနေ သိပ်မကောင်းမှုနှင့်အတူ ယခုနှစ်ထွက် HTC U11 ကို အထူးအားစိုက်ပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ HTC U11 ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထုတ်လုပ်မှုကို HTC တို့ ခံစားနေရပြီဖြစ်ပါတယ်။

HTC U11 ကို မေလနှောင်းပိုင်းမှာ မိတ်ဆက်ပြီး နိုင်ငံတော်တော်များများမှာ ရောင်းချရခြင်း မရှိသေးပေမယ့်လည်း ဒီဖုန်းရဲ့ရောင်းအား အခြေအနေက ပြီးခဲ့တဲ့နှစ်တွေမှာ ထွက်ခဲ့တဲ့ HTC 10 နှင့် M9 တို့နှင့် နှိုင်းယှဉ်ရင် တော်တော်လေး အခြေအနေကောင်းနေကြောင်း HTC ရဲ့စမတ်ဖုန်းဌာနအကြီးအကဲ ချန်ချိုင်းလင်က ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် HTC ဟာ HTC U11 စမတ်ဖုန်း ဘယ်လောက်အထိ ရောင်းချထားရပြီးပြီလဲဆိုတာကိုတော့ အတိအကျ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် HTC U11 ရောင်းအား အခြေအနေကောင်းလာမှုဟာ သူတို့ရဲ့ ယခုနှစ်မှာ စမတ်ဖုန်းပိုင်းကို တော်တော်လေး အားစိုက် လုပ်ဆောင်လာမှုရဲ့အကျိုးရလဒ်လို့ပဲ ပြောရပါမယ်။

HTC U11 က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး Super LCD5 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 မှန် အသုံးပြုထားပါတယ်။ Snapdragon 835 SoC နှင့် အထိုင်ချထားပြီး RAM4GB+64GB နှင့် RAM6GB+128GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါသေးတယ်။ ကျောဘက်ကင်မရာ 12MP ဖြစ်ပြီး Phase Detection Autofocus နှင့် OlS ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှုကို 2160 p ဖြင့် ရိုက်ကူးနိုင်တဲ့အပြင် အသံဖမ်းယူရာမှာ အင်မတန်ကောင်းမွန်အောင် အဆင့်မြင့် စနစ် အသုံးပြုထားပါသေးတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး 1080 p ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပြီး Quick Charge 3.0 ဖြင့် အလျှင်အမြန် အားသွင်းနိုင်ပါမယ်။ ရေစိမ်ခံနိုင်ပါတယ်။ ဒီဖုန်းရဲ့ထူးခြားမှုကတော့ ဖုန်းဘောင်ကို ပွတ်ပြီး ထိန်းချုပ်နိုင်မယ့် HTC Edge Sense နည်းပညာ ပါဝင်တာဖြစ်ပါတယ်။

Credit...

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top