Samsung Android တွေကို Odin နှင့် Firmware ရေးရင်​ ဒါ​တွေသိထားသင့်​တယ်




Pit ဆိုတာက Partitioin Information Table ဖိုင်ဖြစ်ပါတယ်။ဖုန်းတစ်လုံးရဲ့Firmware ကို partition အပိုင်းတွေနဲ့ ခွဲခြားထားပြီး ၄င်း Parititon တစ်ခုခြင်းစီကို EMMC အတွင်း နေရာတကျအစီအရီ ထည့်ထားတာဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့ဟာ Odin ကနေ Pit ဖိုင်တစ်ခုကို ရေးမယ်ဆိုရင် ဖုန်းရဲ့ Partition တွေဟာ ပြောင်းလဲသွားနိုင်သလို ရှိရင်းစွဲ Partition Table အတိုင်းတူညီတဲ့ Pit ဖိုင်ဆိုရင်တော့ ထူးခြားမှုရှိမှာ မဟုတ်ပါ။ Model မတူ EMMC Storage မတူတာကို မှားပြီး Pit နဲ့ repartition လုပ်မိတာဟာ ဖုန်းကို Brick ဖြစ်သွားစေနိုင်ပါတယ်။
Bootloader or BL ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ sboot,aboot,tz,param အစရှိတဲ့ Bootloader နဲ့သက်ဆိုင် Parition တွေကို စုဝေးထားတာဖြစ်ပါတယ်။ အထိက အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး Phone ကို deadboot ဖြစ်သွားစေနိုင်လောက်တဲ့ အပိုင်းပဲဖြစ်ပါတယ်။
PDA or AP ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ boot,recovery,system တို့ပါဝင်ပြီး boot တက်ဖို့ ၊ android system လည်ပတ်ဖို့နဲ့ android system ကို update သို့မဟုတ် emergency အနေနဲ့ wipe data လုပ်နိုင်မယ့် recovery ဖိုင်တွေ ပါဝင်ပါတယ်။
Phone or CP ဆိုတဲ့နေရာမှာထည့်ရေးတဲ့ဖိုင်တွေထဲမှာ NON-HLOS.bin or modem.img အစရှိတဲ့ Network အသုံးပြုနိုင်ဖို့လိုအပ်တဲ့ Baseband Firmware ပါဝင်ပါတယ်။
CSC မှာတော့ ဖုန်းရဲ့ Region အလိုက်ကွဲပြားတဲ့ App တွေပါဝင်တဲ့ hidden, system ကိုအထောက်အပံ့ပေးမယ့် Cache partition ဖိုင်တွေပါဝင်ပါတယ်။
Q- Odin မှာ ဘာလို့ Setup Connection နဲ့ရပ်နေတတ်သလဲ?
A- Download mode ကို နောက်တစ်ခါပြန်ဝင်ပေးသင့်တယ်။
Q- Odin မှာ ဘာလို့ Fail ပြတတ်သလဲ?
A- ကိုယ်ရေးတဲ့ ဖန်ဝဲက Bootloader version နိမ့်နေလို့၊ Model မတူလို့။
Q- Odin နဲ့ရေးပြီး ဘာလို့ deadboot ဖြစ်သွားတာလဲ?
A- ကိုယ်ရေးလိုက်တဲ့ဖိုင်ထဲက Bootloader ကြောင့်ဖြစ်နိုင်ပါတယ်။
Q- Deadboot တွေ ဘယ်လိုပြန်နှိုးလဲ?
A- အရင်တုန်းကတော့ Riff box အသုံးပြုခဲ့တယ်၊နောက်တော့ boot sdcard လေးတွေနဲ့ နှိုးပါတယ်။
Q- IMEI တွေ ဘာလို့ပျောက်တတ်လဲ?
A- Software ကြောင့်ဖြစ်နိုင်သလို hardware ကြောင့်လည်းဖြစ်နိုင်တယ်။
Q- Network Lock ကျသွားတတ်တာကရော?
A- Region မကိုက်တာတင်မိလို့ဖြစ်ပါတယ်။
Q- Firmware တင်ပြီးမှ MIC မရတာဖြစ်တတ်လား။
A- S3 တွေမှာ 4.1.2 တင်မိတဲ့ အခါဖြစ်တတ်ပါတယ်။ Software နဲ့ပဲ ပြန်ပြီးဖြေရှင်းနိုင်ပါတယ်။

CREDIT.

( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )


ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။


အားလုံးကိုခင်​မင်​လျှက်​။
Admin CKK - နည်းပညာ

Service သမား မှန်ရင် ဆွဲထားတော့ဗျာ Thu_Rein Service Tool


Service သမား မှန်ရင် ဆွဲထားတော့ဗျာ
5 ရက်လောက် အကြိမ်ကြိမ် အခါခါ စမ်းရင်းရေးထားပါတယ်
Thu_Rein Service Tool 
ဘာတွေလုပ်နိုင်မှာလဲ
1. Checking Phone Information & Root Access
- ဖုန်း Cpu ဘာအမျိုးအစားသုံးထားလဲ
- ဖုန်း Model နာမည်
- ဖုန်းရဲ့ Version 
- Firmware အနိမ့်တွေ မတင်မိစေဖို့ Build Noumber
- ကလိချင်တာတွေ ကလိဖို့ Root ရှိမရှိ
အစရှိတာတွေ စစ်လို့ရပါမယ်

2. Myanmar Font For Rooted Devices
- Adb ကနေ Xml Method နှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်
- Method 2 မှာ မြန်မာစာမမှန်တာတွေ 
- Original တရုတ်ဖောင့် ပျောက်ရင် Auto Restore 
လုပ်ပေးနိုင်မှာဖြစ်ပါတယ် Method 1 အရင်သုံးပါ
အဆင်မပြေရင် Method 2 နဲ့ အသုံးပြုနိုင်ပါတယ်

3. Myanmar Font For Unroot Device
- Samsung
အတွက်က Zawgyi Install လုပ်ပေးမှာဖြစ်တဲ့အတွက်
Setting ထဲက Display ကနေ သွားချိန်းယုံပါပဲ

အဆင်မပြေခဲ့ရင် Hifont လဲပါမှာဖြစ်တဲ့တွက် 
သူ့ထဲက Font Recovery ကနေ သွားချိန်းပါ

တချို့ Samsung တွေက Language မှာ Zawgyi ပါပါတယ်
အဲ့နည်းလမ်းတွေနဲ့မပြေရင်တော့ CF နဲ့ ကစ်ပီး ထည့်ပါ
- Oppo 
အတွက်က Oppo Zawgyi Font App Install 
ပေးမှာဖြစ်ပါတယ်

- Vivo 
အတွက်ကတော့ Theme File ဖြစ်တဲ့ smartzawgyi.txj ဖိုင်လေးကို File Manager ကနေ တချက်နှိပ်ပေးယုံပါပဲ

- Huawei 
အတွက် ကတော့ Eui Installer 2.0 လေး သွင်းပေးမှာပါ

- Mi 
အတွက်ကတော့ Mi Acc လဲမလို Reboot ကျလည်း 
ဖောင့်မပျောက်တဲ့ TTA Mi Font Update သွင်းပေးမှာပါ

4. Shan Font Install For Rooted Devices
ပြောပြတော့ဘူး ကလစ်ကျိ Dead ရော 😂

5. Keyboard All Style Install 
အပိုင်းကတော့ 
Bangan Keyboad Color မျိုးစုံ
Frozen Keyboad Color မျိုးစုံ
Sulfur Keyboad 
စိတ်ကြိုက်ရွေးသွင်းနိုင်ပါမယ်

6. Application Install 
အပိုင်းမှာတော့ Firmware တင်ပီးတိုင်း သွင်းပေးနေရတဲ့
ပုံမှန် သုံး App တွေကို 
Model မြင့်ဖုန်းဒေတွက် Install On Internal
Model နိမ့်ဖုန်းဒေအတွက် Install On External
သွင်းပီး မကြိုက်ရင်လဲ
Uninstall All Function အစရှိတာတွေပါဝင်မှာပါ

နဲနဲစမ်းပြထားတယ် 
Rotate လေးနှိပ် HD လေး နှိပ် ကြည့်ပေးပါ

Bat File အနေနဲ့ပဲ ရေးထားပေးတဲ့အတွက်
အထဲက Coding တွေကို စိတ်ဝင်စားပါက 
လေ့လာနိုင်မှာပါ
အထဲက Code တွေ နားမလည်ရင် မေးလို့ရပါတယ်

#Developer မဟုတ်ပါ 
ကြိုးစားလေ့လာရင်း ရေးထားတာဖြစ်ပါတယ်
အမှားတွေ ထောက်ပြပေးသွားရင် 
ကျေးဇူးတင်မိမှာ 😊

သင်ဆရာ မြင်ဆရာ များအားလုံး ကျေးဇူးအနန္တပါ
Update လေးမှာ 
Mi Acc Remove, Frp Remove တွေ
Qloader Mode Adb Fastboot ဝင် တာတွေ
Up To Date လေးတွေပေါ့
ဒီတခါ ဆွဲထားရင် 
Update အတွက်က ဆိုဒ်သေးလေး ထပ်ဆွဲယုံပါ

အသုံးပြုလို့ အဆင်ပြေရင် Cmt ကနေ
ပုံလေး တွေပို့ပေးရင် ကျေးဇူးတင်မိမှာ


Credit - Thu Rein
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top