ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူတွေအတွက် ကျန်းမာစွာနေထိုင်နည်း


လူတိုင်းဟာ နေ့ စဉ်ဘဝအတွက် ကြိုးစားရုန်းကန်နေရပါတယ်။ ဘဝအတွက် အာမခံချက်ပေးနိုင်ဖို့၊ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့  ၊ စားဝတ်နေရေး အခြေအနေအမျိုး မျိုးကြောင့် အလုပ်လုပ်ကြရတဲ့အတွက် ကျန်းမာစွာနေထိုင်ဖို့က ခက်ခဲပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူတွေ ၊ တစ်နေကုန်စားပွဲ ရှေ့ ထိုင်ပြီး ရုံးလုပ်ငန်းလုပ်နေရတဲ့သူတွေ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်မြင် တွေ့ နိုင်ပါတယ်။ အကယ်၍ သင်ဟာတစ်နေ့ကိုအနည်းဆုံး ၈ နာရီကြာစားပွဲရှေ့ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူဆိုရင်တော့ ကျန်းမာရေးကိုဂရုစိုက်ဖို့လိုမယ်နော်။ ဘဝမှာ သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာလေးတွေ ပုံမှန်စားပေးမယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူမယ်။
ဒါပေမဲ့ လူအများစုကတော့ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုမလုပ်နိုင်ကြပါဘူး။ အချိန်တွေကြာလာတာနဲ့ အမျှ ရောဂါဝေဒနာလေးတွေ စတင်ခံစားလာရတတ်ပါတယ်။ ကြိုတင်ကာကွယ်မှုလေးတွေလုပ်လို့ရအောင် နေ့စဉ်လှုပ်ရှားသွားလာနေတဲ့အပြုအမူ လေးတွေထဲက အလွယ်တကူပြုလုပ်လို့ရတာလေးတွေ ဖော်ပြပေးလိုက်တယ်နော်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူတွေအတွက် ကျန်းမာစွာ ဘယ်လိုနေထိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
၁။ အလုပ်လုပ်ချိန်ပေါ်မူတည်၍ နာရီခြားတစ်ခါ Break ပေးပါ။ ( အာရုံစူးစိုက်မှုအား ကောင်းစေခြင်နှင့် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင် ချက်များကို အားကောင်းစေခြင်း )
၂။ နေရာပြောင်းပြီးအလုပ်လုပ်ပေးခြင်းဖြင့် Stress များကိုလျော့ချပေးနိုင်ခြင်း။
၃။ ဓာတ်လှေကားဖြင့်တက်မည့်အစား လှေကားဖြင့်တက်သည့် အလေ့အကျင့်ကို ပြုလုပ်ပေးခြင်း။
၎။ အပတ်စဉ် ပုံမှန်အားကစားလုပ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကို ထိန်းထားနိုင်ခြင်း ၊ ကိုလက်စထရောဓာတ်ကို လျော့ချပေးနိုင်ခြင်းတို့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း။
၅။ ဖုန်းလာသည့်အခါမျိုးတွင် ထိုင်ပြီးဖုန်းပြောမည့်အစား လမ်းလျှောက်ရင်း ဖုန်းပြော ပေးခြင်း။
၆။ Lunch Box တွင်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကို စားပေးခြင်း။
၇။ ရေများများသောက်ပေးခြင်းဖြင့် ငယ်ရွယ်နုပျိုစေနိုင်ခြင်း။
၈။ အသားစားခြင်းထက် အသီးအနှံများများ စားပေးခြင်း။
၉။ ထိုင်ရာမှမထဘဲ စားပွဲမှာတင်နေ့လည်စာစားတတ်သည့် အလေ့အကျင့်ကို ရှောင်ကြဉ်ခြင်း။
၁၀။ နေ့လည်စာစားသည့်အခါမျိုးတွင် အမြဲလိုလို Restruant က အစားအစာများမစား ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ပိုင် Lunch Box ထည့်ခြင်း။
၁၁။ တကယ်လို့သင်ဟာ ရုံးနှင့်အိမ်နီးသူတစ်ယောက်ဖြစ်ခဲ့ပါက လမ်းလျှောက်ခြင်း (သို့) စက်ဘီးဖြင့်ရုံးတက်သည့် အလေ့အကျင့်ပြုလုပ်ပေးခြင်း။
၁၂။ ရုံးတွင်းအသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ခြင်း။
Credit - ယမုံ(ရွှေအင်းလေး)

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။ 
CKK - နည်းပညာ 

မျက်နှာအဆီပြန်ခြင်းကို အထူး သက်သာသွားစေမယ့် နည်းလမ်းကောင်းများ


အဆီပြန်ခြင်းကြောင့် ဆားဝက်ခြံ ၊ ဝက်ခြံနှင့် အခြားသော အရေပြားပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ် ။ မျိုးရိုးဗီဇ ၊ နေထိုင်စားသောက်မှု မှားယွင်းခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် ဟော်မုန်း အပြောင်းအလဲတွေကြောင့် အသားအရေဟာ အဆီပြန်ခြင်းဖြစ်ပါတယ် ။ မျက်နှာအဆီပြန်လို့ စိတ်ညစ်နေသူများအတွက် သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ရှာဖွေပေးထားပါတယ်နော် ။

ကြက်ဥအကာသုံးနည်း
ဗီတာမင်အေ ကြွယ်ဝတဲ့ ကြက်ဥအကာမှာ အဆီပြန်ခြင်းကို ကင်းဝေးစေပြီး အသားအရေကိုလည်း တင်းတင်းရင်းရင်း ဖြစ်စေပါတယ် ။ ကြက်ဥအကာသီးသန့်ကို မျက်နှာတပြင်လုံးမှာ သုတ်လိမ်းပြီး ခြောက်သွားလျှင် ခပ်နွေးနွေးရေဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ။ ၁ပါတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အဆီပြန်ခြင်းကို သိသိသာသာ သက်သာလာစေမှာပါ ။ ဒါ့အပြင် အသားအရေကိုလည်း တင်းရင်းစေတာကြောင့် ငယ်ရွယ်နုပျိုသော အသွင်အပြင်ကိုလည်း ရရှိစေမှာပါနော် ။ ကြက်ဥအကာချည်း သီးသန့်မသုံးချင်သူများအနေဖြင့် သံပုယိုရည် အနည်းငယ်ရောကာ သုံးနိုင်ပါတယ် ။

သခွားသီးသုံးနည်း
သခွားသီးဟာ အဆီပြန်ခြင်းကို သက်သာစေတဲ့အပြင် အသားအရေကို အေးမြစေပြီး နူးညံ့မှုရှိစေပါတယ် ။ ညအိပ်ရာ ဝင်ခါနီးတိုင်း သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာအနှံ့ပွတ်ပေးပြီးမှ အိပ်ပါ ။ မနက်ခင်းမှာ ခပ်နွေးနွေးရေဖြင့် ဆေးကြောလိုက်ပါ ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးရမှာပါ ။

ခရမ်းချဉ်သီးသုံးနည်း
ခရမ်းချဉ်သီးဟာ အသားအရေကို သန့်စင်စေပြီး အဆီပြန်သောအသားအရေအတွက် အထူးသင့်တော်ပါတယ် ။ ခရမ်းချဉ်သီးတစ်လုံးကို တခြမ်းခြမ်းလိုက်ပြီး မျက်နှာပြင်အနှံ့ ပွတ်ပေးပါ ။ ခရမ်းချဉ်သီးရည်များ မျက်နှာအရေပြားထဲ စိမ့်ဝင်သည်အထိ ၁၅မိနစ် ၊မိနစ် ၂၀ခန့် ထားလိုက်ပါ ။ ပြီးသွားရင်တော့ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ ။ အဆီပြန်ခြင်းကို သက်သာစေရုံမက ဆားဝက်ခြံများပါ သက်သာပျောက်ကင်းသွားပါလိမ့်မယ် ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ် ၂ကြိမ် မှ ၃ကြိမ်ခန့်အထိ ပြုလုပ်နိုင်ပါသည် ။

သံပုယိုသီးသုံးနည်း
သံပုယိုရည် တစ်ဆ ၊ ရေ တစ်ဝက်ခန့်ကို ရောပြီး ဂွမ်းဖြင့်တို့ကာ မျက်နှာပေါ်သို့ လိမ်းပေးပါ ။၁၀မိနစ်ကြာလျှင် ရေနွေးလေးဖြင့် ဆေးကြောပေးပါ ။သံပုယိုရည်ဟာ အရေပြားကို ခြောက်သွေ့စေနိုင်တာကြောင့် မျက်နှာသစ်ပြီးလျှင် အစိုဓါတ်ထိန်းခရင်တစ်မျိုးမျိုးကို လိမ်းပေးပါ။ တစ်နေ့တစ်ကြိမ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် အဆီပြန်ခြင်းကင်းကာ မျက်နှာလေး ဖြူဝင်းလာစေနိုင်ပါတယ် ။

ဒိန်ချဉ်အသုံးပြုနည်း
ဒိန်ချဉ်မှာပါဝင်တဲ့ lactic acid က အသားအရေကို ဖြူဝင်းစေပြီး အဆီတွေကိုလည်း စုပ်ယူနိုင်စွမ်း ရှိပါတယ် ။ အရောအနှောမပါသော ဒိန်ချဉ်သီးသန့်ကို မျက်နှာပေါ်အနှံ့လိမ်းပြီး မိနစ် ၂၀ခန့် ထားလိုက်ပါ ။ ထို့နောက် ရေအေးဖြင့် ဆေးကြောပေးပါ ။ အဆီပြန်ခြင်း သက်သာတဲ့အထိ တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။

မူရင်း = Credit

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက>>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

OPPO A57 ကို ဝယ်ယူသင့်တဲ့အချက် ၄ချက် (ကင်မရာ၊ စွမ်းဆောင်ရည်၊ လက်ဗွေဖတ်စနစ်နဲ့ ဘက်ထရီ)


Mid-range အမျိုးအစားဖုန်းတွေထဲကမှ ကိုယ်မျှော်မှန်းထားတဲ့ Feature နဲ့အရည်အသွေးမျိုးပါတဲ့ဖုန်းတစ်လုံးကိုရှာဖွေနေ တယ်ဆိုရင် OPPO A57 ကို ဝယ်ယူသင့်တဲ့အချက် ၄ချက်အကြောင်းကို ဖော်ပြပေးလိုက်ချင်ပါတယ်။

ကင်မရာ

ဖုန်းဝယ်ပြီဆိုတာနဲ့ ရှေ့ကအရင်မေးတတ်ကြတာက ကင်မရာအရည်အသွေးဘယ်လောက်လဲဆိုတဲ့မေးခွန်းပါ။ ကင်မရာက Megapixel တစ်ခုတည်းကြည့်ပြီးခွဲလို့မရတဲ့အချက်ကိုလည်း နည်းနည်းလောက်ဖြည့်ပြောပါရစေ။ Megapixel ကြီးရင် ပုံကြီး ကြီးရနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ Sensor အရွယ်အစားသေးပြီး အလင်းဝင်ပေါက် aperture သေးရင်လည်း အလုပ်မဖြစ်ပါဘူး။ ကြီးတာနဲ့ပုံကဖွာသွားပါမယ်။ OPPO A57 ရဲ့ရှေ့ကင်မရာက 16MP ဖြစ်သလို sensor size ကလည်း 1/3-inch အရွယ်အစားရှိလို့တော်တော်လေးကြီးပါတယ်။ အလင်းဝင်ပေါက် aperture က f/2.0 ဆိုတော့ အလင်းပိုရနိုင်လို့ ပိုမိုကြီးမားတဲ့ပုံအရွယ်အစားနဲ့အတူ ပိုမိုကြည်လင်ပြတ်သားတဲ့ရုပ်ထွက်မျိုးကိုရရှိစေမှာဖြစ်ပါတယ်။ နောက်ကင်မရာက 13MP အမျိုးအစားဖြစ်ပြီး Sony IMX258 sensor ကိုသုံးထားလို့ ပုံမှန် 13MP ရှိတဲ့ကင်မရာတွေနဲ့ယှဉ်ရင်တောင် ရုပ်ထွက်ပို ကောင်းစေပါလိမ့်မယ်။ သူ့sensor က 1/3-inch ရှိပြီး အလင်းဝင်ပေါက်က f/2.2 ရှိပါတယ်။ ဒါဆိုရင် ကင်မရာ အရည်အသွေးကို အတော်လေးနှိုင်းယှဉ်ချိန်ဆနိုင်မယ်ထင်ပါတယ်။

စွမ်းဆောင်ရည်

ဖုန်းတစ်လုံးရဲ့စွမ်းဆောင်ရည်ဆိုတာနဲ့ CPU နဲ့ RAM ကိုပြေးမြင်မိကြမယ်ထင်ပါတယ်။ OPPO A57 မှာ clock speed အလုပ် လုပ်နှုန်းလုံးဝတည်ငြိမ်တဲ့ Snapdragon 435 chipset ကိုသုံးထားတာတွေ့ရပါတယ်။ ဒီ chipset က Octa-core 1.4 GHz နှုန်းနဲ့ အလုပ်လုပ်ပေးမှာပါ။ ဒါက နေ့စဉ်သုံးစွဲမှုတွေမှာ စက်ရဲ့အ လုပ်လုပ်မှုကို အတည်ငြိမ်ဆုံးအနေအထား မျိုးနဲ့ ထောက်ပံ့ပေးထားမှာဖြစ်သလို RAM ကလည်း 3GB အထိပါဝင်တဲ့အတွက် app တွေဖွင့်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ recent app တွေပြန်လည်ရယူသုံးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် စက်လေးတာမျိုးမရှိစေဘဲနဲ့ မြန်မြန်ဆန်ဆန်အလုပ်လုပ်စေ မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်လုံးဆိုတာ နေ့စဉ်ကိုယ်သုံးစွဲနေတဲ့အခြေ အနေတွေမှာ သွက်လက် မြန်ဆန်တဲ့နှုန်းနဲ့အလုပ်လုပ်ပေးနိုင်တာမျိုးကိုခေါ်တာပါ။

လက်ဗွေဖတ်စနစ်

OPPO A57 ကတော့လက်ရှိ mid-range ဖုန်းတွေထဲမှာ အရည်အသွေးပိုကောင်းတဲ့ solid-state fingerprint ဆိုတဲ့လက်ဗွေဖတ်စနစ်ကိုထည့်သွင်းပေးထားလို့ ၀.၂ စက္ကန့်အတွင်းမှာဖုန်းကို unlock လုပ်ဖွင့်ပေးနိုင်သလို solid-state အမျိုးအစားဖြစ်နေတဲ့အချက်ကြောင်း ရေစိုစွပ်တဲ့လက်နဲ့ဖွင့်ရင်တောင်ပွင့်သလို လက်ဗွေယာကို အတည့်၊ ဘေးတိုက်၊ ပြောင်းပြန်ဘယ်လိုအနေအထားမျိုးထားပြီးဖွင့်ဖွင့် အလွယ်တကူပွင့်စေဦးမှာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အားသာချက် တစ်ခုပါပဲ။

ဘက်ထရီ

ဟုတ်ကဲ့ပါ။ စမတ်ဖုန်းတစ်လုံးလို့ပြောလိုက်တာနဲ့ ဒီဘက်ခေတ်မှာ တွဲဖက်ပြီး စိုးရိမ်တကြီးမေးလာတဲ့အချက်က ဘက်ထရီ ဘယ်လောက် mAh ပါသလဲဆိုတဲ့အချက်ပါ။ OPPO A57 မှာသုံးထားတဲ့ဘက်ထရီက Li-Ion 2900 mAh အမျိုးအစားပါ။ ဘက်ထရီအကြောင်းပြောရင် သူ့ချည်းပြောလို့မပြီးသေးပါဘူး။ ဖုန်းရဲ့နောက်ခံ software UI အပိုင်းကဘယ်လောက်အထိ ထောက်ပံ့ထားသလဲဆိုတာကိုပါ ထည့်သွင်းပြောဖို့လိုပါတယ်။ OPPO A57 မှာက ColorOS 3.0 ဆိုတဲ့ UI ကိုသုံးထားပြီး အဲ့ဒီ

UI ရဲ့ထောက်ပံ့ပေးထားမှုကြောင်း ဘက်ထရီစားမှုတွေကို အများကြီးလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဗွီဒီယိုတွေကြည့်မယ်ဆိုရင် ၁၁နာရီအထိ ဆက်တိုက်ကြည့်နိုင်ပြီး၊ ဖုန်းပြောမယ်ဆိုရင်တော့ ၂၃နာရီအထိဆက်တိုက်ပြော နိုင်ပါတယ်။ ပုံမှန်ပျဉ်းမျှသဘောမျိုးအဖြစ်နဲ့ သုံးမယ်ဆိုရင်တော့ ၁၃နာရီ နဲ့မိနစ်၃ဝအထိ အသုံးခံစေမှာဖြစ်ပါတယ်။ ဒီအချက်က ဖုန်းတစ်လုံးကိုကိုယ့်အနေနဲ့တစ်နေ့တာအတွင်းမှာဘယ်လိုသုံးတဲ့အလေ့အထတွေရှိသလဲဆိုတဲ့အချက်နဲ့ ချိန် ဆကြည့်နိုင်ပါတယ်။ ဓာတ်ပုံများများရိုက်ပြီး ဂိမ်းများများကစားတတ်တယ်ဆိုရင်တော့ နေ့တစ်ဝက်လောက်နဲ့တင်ဖုန်းအား ပြန်သွင်းရနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

ဒါကတော့ OPPO A57 ဖုန်းကို ဝယ်ယူချင်သူတွေ ဘာကောင်းသလဲဆိုတာကို အလွယ်တကူသိရှိစေဖို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

မူရင်း = Credi​ပေးပါတယ်​။

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

OnePlus 5 ၏ အသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်း


OnePlus 5 အဆင့်မြင့် စမတ်ဖုန်းကို မိတ်ဆက်ဖို့ ငါးရက်ပဲ လိုပါတော့တယ်။ ကျွန်တော်တို့ဟာ OnePlus 5 နှင့်ပတ်သက်တဲ့ အချက်အလက်တော်တော်များများကို သိထားကြပြီး ဖြစ်ပါတယ်။ OnePlus 5 ရဲ့ ဒီဇိုင်းဓာတ်ပုံကို OnePlus ကိုယ်တိုင်က တရားဝင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သလို ပေါက်ကြားလာတဲ့ဓာတ်ပုံအချို့ကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ယနေ့မှာ OnePlus 5 ရဲ့ ဓာတ်ပုံသစ် ထွက်ပေါ်လာသလို ဒီဖုန်းမှာ ပါဝင်လာမယ့် အသေးစိတ်အချက်အလက်များလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ယခုထွက်ပေါ်လာတဲ့အချက်အလက်များအရ OnePlus 5 ရဲ့ကျောဘက်ကင်မရာနှစ်ခုစနစ်က 16MP+20MP ဖြစ်လာမှာဖြစ်ပြီး အလင်းဝင်ပေါက် f/1.7 နှင့် f/2.6 ဖြစ်လာပါမယ်။ မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး 1080 p ရုပ်ထွက်နှင့် ထောက်ပံ့လာပါမယ်။ DCl-P3 အရောင်ပေးစွမ်းနိုင်ပါမယ်။ လက်ဗွေရာစနစ်မှာ စီရာမစ် အသုံးပြုထားပြီး ၀.၂ စက္ကန့်အတွင်းမှာ ဖုန်းဖွင့်နိုင်ပါမယ်။

OnePlus 5 ကို Snapdragon 835 နှင့် ပါဝါထောက်ပံ့လာပါမယ်။ RAM6GB နှင့် RAM8GB တို့နှင့် ထွက်လာ မှာဖြစ်ပြီး ROM64GB နှင့် 128GB ပါဝင်ပါမယ်။ ဘက်ထရီ 3300 mAh ပါဝင်ပြီး Dash Charge ပါဝင်ပါမယ်။ တစ်နာရီအားသွင်းရင် ၀ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါမယ်။ OnePlus 5 မှာ Bluetooth 5.0 ပါဝင်ပါမယ်။

ဒါပေမယ့် OnePlus 5 ဈေးနှုန်းက ဒေါ်လာ ၄၇၉ ဖြစ်ပါတယ်။ ဈေးနှုန်းက အများကြီးမဟုတ်ပါဘူး။ OnePlus 3T ထက် ဒေါ်လာ ၄၀ ပဲ များပါတယ်။ ဒါကြောင့်လည်း OnePlus 5 အကြီးအကျယ် အောင်မြင်မှု ရရှိမယ်လို့ အားလုံးက ဟောကိန်းထုတ်လျက်ရှိကြပါတယ်။

Credit...

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကို ခင်​မင်​လျှက်​။
CKK - နည်းပညာ

Samsung Galaxy J7 Pro နှင့် J7 Max တို့ကို Samsung မိတ်ဆက်


Samsung ရဲ့ Galaxy J စီးရီးဟာ မြန်မာ၊ အိန္ဒိယအပါအ၀င် ဈေးကွက်တော်တော်များများမှာ အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။ Galaxy J ဗားရှင်းဟာ အိန္ဒိယမှာ Samsung ရဲ့ရောင်းအားအကောင်းဆုံးဖုန်းအဖြစ်တောင် ရပ်တည်လျက်ရှိပါတယ်။ ယနေ့မှာ Samsung ဟာ Galaxy J မိသားစုဝင်သစ်နှစ်ခုကို မိတ်ဆက်လာပါတယ်။ Galaxy J7 Pro နှင့် J7 Max ဖြစ်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးမှာ ကျောဘက်နှင့် ရှေ့ကင်မရာ 13MP စီ အသုံးပြုလာပါတယ်။ နှစ်မျိုးစလုံးမှာ LED Flash နှင့် အလင်းရောင်နည်းပါးချိန်မှာလည်း ကောင်းမွန်တဲ့ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်အောင် ကျောဘက် အလင်းဝင်ပေါက် f/1.7 နှင့် ရှေ့ဘက် f/1.9 အသုံးပြုလာပါတယ်။ Samsung ဟာ ဒီစနစ်ကို တန်ဖိုးမြင့်စမတ်ဖုန်းတွေမှာပဲ အသုံးပြုခဲ့တာပါ။


ဒါ့အပြင် ကင်မရာမှာ Edit စနစ်များစွာပါဝင်တဲ့အပြင် ဆိုရှယ်မီဒီယာများမှာလည်း အလွယ်တကူ ရှယ်ယာလုပ်နိုင် အောင်ပြုလုပ်လာပါတယ်။ သင့်အနေနဲ့ Facebook ၊ Messenger ၊ WhatsApp အပါအ၀င် ဆိုရှယ်မီဒီယာ ငါးခုမှာ အလွယ်တကူ ဓာတ်ပုံတွေ ရွေးချယ်တင်နိုင်ပါမယ်။ ဒါ့အပြင် ကာလ Effect နှင့် Sticker များစွာလည်း ထည့်သွင်းထားပါသေးတယ်။

Samsung ဟာ J7 Pro မှာ Samsung Pay ကို ထည့်သွင်းထားပြီး J7 Max မှာ Pay Mini ကို ထည့်သွင်းထားပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးကို အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချသွားပါမယ်။

Galaxy J7 Pro က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး 1080 p Super AMOLED ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Exynos 7870 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM3GB နှင့် ROM32GB ပါဝင်ပါတယ်။ ဘက်ထရီ 3600 mAh ပါဝင်ပါတယ်။ ဒီဖုန်းကို ဇူလိုင်လ အလယ်ပိုင်းခန့်မှာ ရောင်းချသွားပါမယ်။ ဈေးနှုန်းက ဒေါ်လာ ၃၃၀ ၀န်းကျင် ဖြစ်ပါတယ်။


Samsung Galaxy J7 Max က မျက်နှာပြင် ၅.၇ လက်မဖြစ်ပါတယ်။ lPS 1080 p LCD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ MediaTek Helio P20 နှင့် အထိုင်ချထားပါတယ်။ RAM4GB နှင့် ROM64GB ပါဝင်ပါတယ်။ အရွယ်အစားပိုပြီးတော့ ကြီးမားပေမယ့် ဘက်ထရီ 3300 mAh ပဲ ပါဝင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၂၈၀ ၀န်းကျင်ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာ စတင်ရောင်းချပါမယ်။

ဖုန်းနှစ်မျိုးစလုံးကို သတ္တုကိုယ်ထည်နှင့် ဖန်တီးထားပြီး အနက်ရောင်၊ ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Android Nougat ပါဝင်ပြီး microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။

Credit = မူရင်း

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကို ခင်​မင်​လျှက်​။
CKK - နည်းပညာ

လာမည် (၂) နှစ်အတွင်း Facebook ပေါ်တွင် လက်ဖြင့် စာရိုက်စရာမလိုပဲ စိတ်ဖြင့် အာရုံထဲကအတိုင်း စာရိုက်နိုင်တော့မည်။



ခေတ်မီနည်းပညာများတိုးတက်လာမှုမှာ နောင်တချိန် facebook သုံးသည့်အချိန်တွင် လက်ဖြင့်စာရိုက်စရာမလိုပဲ စိတ်ဖြင့်မိမိရိုက်လိုသည့်စာသားကိုရိုက်နိုင်တော့မည်ဖြစ်ပါသည်။

အဆင့်လွန်AI စနစ်များကိုအကောင်အထည်ဖော်ရန်ရည်ရွယ်ထားသည့် facebook မှာမိမိအတွေးစိတ်ကူးများထဲတွင်ရှိသမျှကိုလက်ချောင်းများအသုံးပြုပြီး စာရိုက်စရာမလိုပဲဦးနှောက်နှင့်ကွန်ပျုတာ ချိတ်ဆက်နို်င်သည့် interface တစ်မျိုးကိုဖန်တီးရန်အတွက် Building 8 သုတေသနအဖွဲ့တစ်ခုကိုဖွဲ့စည်းထားကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါသည်။

ယင်းအဖွဲ့မှာ facebookကဲ့သို့ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်ကြီး၏ လျှို့ဝှက်အဖွဲ့အစည်းဖြစ်ပြီး ယခင်က Google ရဲ့ ATAP သုတေသနအဖွဲ့ အကြီးအကဲဟောင်းနဲ့ DARPA မှ ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ရက်ဂျီနာ ဒက်ဂန်ကနေ ဦးဆောင်တီထွင်ကြံဆနေတာ ဖြစ်ပါသည်။

ဒူဂန်ဟာ စိတ်နဲ့ စာရိုက်နိုင်မည့် ယခုပရောဂျက်အကြောင်းကို Facebook ရဲ့ F8 Developer Conference မှာ လူသိရှင်ကြားကြေငြာလိုက်ခြင်း ဖြစ်ပါသည်။

ယင်း၏အဆိုအရ ယခုပရောဂျက်မှာတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာတွင် ဦးနှောက်ကို yes-no click လေးတစ်ခု ကလစ်လိုက်သလို လွယ်လွယ်လေး နဲ့ စာရိုက်နိုင်မယ့် တစ်စုံတစ်ခုကို ဖန်တီးနေသည်ဟုဆိုပါသည်။

သူပြောသည့်နည်းပညာမှာ ကွန်ပျူတာပုံဖော်စနစ်အတွက်ဦးနှောက်ကို mouse ကဲ့သို့အသုံးပြုနိုင်မည့် နည်းပညာတစ်မျိုး ဖြစ်ပြီး လူ့ ဦးနှောက်မှတွေးခေါ်သည့် လှုပ်ရှားမှုမှတိုက်ရိုက်ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

ယခုလိုဆက်သွယ်ရာတွင်လက်ချောင်းအပါအဝင်ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလုံးဝသုံးစရာမလိုဘူးလို့ လည်း သိရပါသည်။

စတန်းဖို့ မှသုတေသနပညာရှင်များသည် ကိုယ်တစ်ခြမ်းသေလူနာများကို အတွေးသက်သက်နဲ့ တစ်မိနစ်ကို စာလုံးရှစ်လုံးအထိ ရိုက်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးခဲ့ပါသည်။

ဒီစနစ်ကိုမှ အခြေခံပြီး ဒူဂန်အပါအဝင် Building 8 မှ ပညာရှင်များဟာ တစ်မိနစ်ကို အလုံးရေ ၁၀၀ အထိ စိတ်နဲ့ အမြန်စာရိုက်နိုင်အောင် ကြိုးစားနေခြင်း ဖြစ်ပါသည်။

လက်ရှိတွင်Facebook မှ ယခုပရောဂျက်အတွက် UC San Francisco ၊ UC Berkelay ၊ Johns Hopkins Medicine၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အသုံးချ ရူပဗေဒဓါတ်ခွဲခန်းနဲ့ စိန့် လူးဝစ်ဇ်မှ ဝါရှင်တန်ဆေးတက္ကသိုလ်များမှ သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာပေါင်း ၆၀ကျော် ပါဝင်တဲ့ ပညာရှင်များနဲ့ စမ်းသပ်တီထွင်နေပါသည်။
နမူနာအဆင့်ကို ဖန်တီးနိုင်ပြီ ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်းတွင် အသုံးပြုနိုင်ဖွယ်ရှိနေပါသည်။


Credit - Myanmar IT Directory

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

သတင်းနှင့်​ နည်းပညာစွယ်​စုံ

ချစ်သူကောင်လေးကို မပြောသင့်တဲ့စကား(၅)ခွန်း


မိန်းကလေးတွေ အများစုဟာ စိတ်ထဲက မပါဘဲ တစ်စုံတစ်ယောက်ကို မခံချင်အောင် ပြောတတ်ပါတယ်။

တစ်ခါတလေ အပျော်သဘောမျိုးလို့ သတ်မှတ်လို့ရပေမယ့် တစ်ခါတလေကျတော့လည်း ယောက်ျာလေးတွေရဲ့ စိတ်ထဲမှာ နာကျည်းမှုတွေဖြစ်တတ်သလို တစ်ချို့မေးခွန်းများကျတော့လည်း သိက္ခာတရားကို ရိုက်ချရာရောက်ပါတယ်။ တစ်ခါတစ်လေ အဖုအထစ်သေးသေးလေးတွေကနေ တဖြည်းဖြည်းကြီးမားလာပြီး လမ်းခွဲကြတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ ဒီတော့ ဒီလို ဘာမဟုတ်တဲ့ အဖုအထစ်လေးတွေကြောင့် စိတ်မညစ်ရအောင် အောက်မှာတော့ ယောင်္ကျားလေးတွေကို မပြောသင့်တဲ့ စကား(၅)ခွန်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

1. ငါ့ကိုချစ်ရင် နင်သိသင့်တယ်။

တစ်ခါတလေ ကောင်မလေးက ကောင်လေးအပေါ်မှာ တစ်ခုခုကို စိတ်တိုင်းမကျတာ ဖြစ်တဲ့အခါ အဲဒီလို
လုပ်ရပ်မျိုးကို မကြိုက်ဘူးလို့ ပြောမယ့်အစား ငါ့ကို ချစ်ရင် နင် ဒါမျိုးလုပ်မှာမဟုတ်ဘူး၊ အဲဒီလို လုပ်တာ
ငါ့ကို မချစ်ဘူးဆိုတဲ့သဘောလား၊ အဲဒီကောင်မတွေနဲ့ စကားပြောတော့ ငါ့ကို မချစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့-ဆိုတာမျိုးလေးတွေဟာ ယောက်ျားလေးတစ်ယောက်အဖို့ အတော်လေး စိတ်ကျဉ်းကြပ်စေတဲ့ မေးခွန်းဖြစ်
ပါတယ်။

2. ယောက်ျားမပီသဘူး။

ယောက်ျားပီသခြင်း မပီသခြင်းကိစ္စမှာ ခန္ဓာဗေဒနဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေတောင် အငြင်းပွား
နေတဲ့ အချက်တွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို စကားမျိုးအပြောခံရတဲ့ ယောက်ျားဟာ သူ့ကို မိန်းမ
လိုမိန်းမရသမားလို့ ပြောတာကို သွယ်ဝိုက်ပြောရာရောက်တဲ့အတွက် မိန်းကလေးတွေဘက်က ရှောင်
ကြဉ်ရမှာပါ။

3. အဲဒီကောင်မလေးက လှသလား။

တစ်ခါတလေ မိမိချစ်သူနဲ့ နီးစပ်တဲ့ သူငယ်ချင်း မိန်းကလေးတွေ ရှိတတ်ပါတယ်။ အကြောင်းတိုက်ဆိုင်
လို့ အဲဒီကောင်မလေးအကြောင်း ရောက်သွားတဲ့အခါမျိုးမှာ ကိုယ့်ရည်းစားကို အကဲစမ်းတဲ့သဘောမျိုး
နဲ့ အဲဒီကောင်မလေးက လှသလား-လို့ မေးလိုက်တာမျိုးဟာ သူစိတ်အခန့်မသင့်တဲ့အချိန်မျိုးဆို စိတ်ဆိုး
သွားနိုင်ပါတယ်။  ဒီမေးခွန်းဟာလည်း သူ့ဟာသူနေတဲ့ ကောင်မလေးရဲ့ သိက္ခာတရားကို သွယ်ဝိုက်
ချိုးနှိမ်ရာရောက်ပြီး မိန်းမချင်း ကိုယ်ချင်းစာမှုမရှိတာကို ပြသရာရောက်စေပါတယ်။ ဒါ့အပြင် ကိုယ့်ရည်း
စားရဲ့ သိက္ခာကိုလည်း ထိပါးစေလို့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

4. ငါ့ကို ဘယ်တော့လက်ထပ်မှာလဲ။

ဒီမေးခွန်းက ဘယ်လောက်ပဲ ချစ်သက်ရှည်ရှည် မမေးသင့်တဲ့ မေးခွန်းထဲမှာ ပါပါတယ်။ အကြောင်းတိုက်
ဆိုင်လို့ ပြောကြတဲ့အခါမှာ သူဟာ သင့်ကို လက်ရှိအချိန်ထိ လက်မထပ်နိုင်သေးတဲ့အကြောင်းတွေ သင်
ကိုယ်တိုင် သိပြီးဖြစ်မှာပါ။ ဒါကြောင့် သိသိကြီးနဲ့ ဒီလိုမေးခွန်းမျိုး မေးရင် ကောင်လေးတွေကို ဖိအားပေး
သလို၊ ဥပမာ ငွေကြေးကြောင့် မယူနိုင်သေးတဲ့ ချစ်သူကို ရာဇ၀တ်မှုတစ်ခုခုမှာ ပတ်သက်ဖို့ မဟုတ်မဟတ်
ကိစ္စမျိုးတွေကို လုပ်စေသည်အထိ အားပေးရာ ရောက်ပါတယ်။

5. ငါ့အရင်ရည်းစားဆို ဒီလိုမလုပ်ဘူး။

ဒါကတော့ အရင်ရည်းစားဟောင်းရှိတဲ့ကောင်မလေးတွေကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် သင့်
လက်ရှိရည်းစားရဲ့ မခံချင်စိတ်ကို စွတဲ့အနေနဲ့ ငါ့အရင် ရည်းစားကတော့ နင်လို့မဟုတ်ပေါင်- ငါ့ အရင်
ရည်းစားက နင့်လောက် မတုံးဘူး-စတဲ့ မလိုလားအပ်တဲ့ နှိုင်းယှဉ်မှုတွေ မလုပ်သင့်ပါဘူး။ ဒါက အချစ်
တစ်ခု ပြိုကွဲဖို့အထိ သက်ရောက်စေနိုင်တဲ့ ဆိုးကျိုးရှိပါတယ်။

Credit ~ မူရင်း​ရေးသားသူ


ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

CKK ( နည်းပညာ )
သတင်း နှင့်​ နည်းပညာစွယ်​စုံ 

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top