Samsung Galaxy J1 Ace All Models Version 6.0.1 ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း....

http://chawandzin.blogspot.com/

Samsung Galaxy J1 Ace ဖုန်း All Models ကို TWRP Recoveryထည့်သွင်းပြီး Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

Samsung Galaxy J1 Ace ဖုန်း All Models ဗားရှင်း 6.0.1 ကို Root လုပ်မယ်ဆိုရင်တော့
Custom Recovery ထည့်သွင်းပြီး Supersu.zip ဖြင့် Root လုပ်ယူနိုင်ပါတယ်။

မှတ်ချက်....
===========
ဖေါ်ပြပါ နည်းလမ်းသည် Samsung Galaxy J1 Ace All Models ဖုန်း အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် Chaw Ko Ko ( နည်းပညာအိမ်လေး )မှ တာဝန်မယူပါ။

ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့....
=========================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။



Supporting Versions
--------------------------

Samsung Galaxy J1 Ace J110M (New Zealand, LATAM)
Samsung Galaxy J1 Ace J110F (Australia, Africa, UAE)
Samsung Galaxy J1 Ace J110G (Malaysia, Indonesia, Singapore)
Samsung Galaxy J1 Ace J110L with no LTE (Brazil)
Samsung Galaxy J1 Ace Duos with dual-SIM card slots
Samsung Galaxy J1 Ace J111F and all other Models
 လိုအပ်ချက်များ....
=================
၁။ Samsung USB Driver for window

၂။ TWRP Recovery for Samsung Galaxy J1 Ace All Models

၃။ Odin Flash Tool for windows

၎။ SuperSu by Chainfire



 TWRP Recovery  ထည့်သွင်းနည်း....
========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။

 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။


ကျွန်တော်တင်သမျှ POST တွေကို FACEBOOK မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ PAGE ကိုနှိပ်ပြီး LIKE လုပ်ထားပေးပါ၊၊ 

FOLLOW ME CHAW KO KO FACEBOOK.

CKK - နည်းပညာ

သတင်းနှင့်​ နည်းပညာစွယ်​စုံ

Pixel နဲ့ Pixel XL ဖုန်းများကို TWRP Recovery ထည့်သွင်းနည်း....

 http://chawandzin.blogspot.com/
Pixel နဲ့ Pixel XL ဖုန်းများကို TWRP Recovery ထည့်သွင်းနည်းကို
အလိုရှိနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဒီဖုန်းကို Custom recovery များကို ထည့်သွင်းမယ်ဆိုရင်
ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမယ်။

Bootloader ကို အောင်မြင်စွာဖြင့် Unlock ပြုလုပ်ပြီးမှသာ
Recovery.img ဖိုင်စသည်များကို Flash လုပ်ယူနိုင်မှာပါ။

Custom Recovery ကိုထည့်သွင်းပြီးရင်တော့ Supersu.zip ဖိုင်ဖြင့်
Flash ပေးပြီး Root access ကို အလွယ်တကူ ရယူနိုင်မှာပဲဖြစ်ပါတယ်။



လိုအပ်ချက်များ =========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။

၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင်
Install ပြုလုပ်ထားရပါမည်။

၃။ Pixel နဲ့ Pixel XL ဖုန်းများ အတွက် TWRP Recovery file


Pixel နဲ့ Pixel XL Verizon ဖုန်းများကို Bootloader Unlock ပြုလုပ်နည်း


Download Here ADB & Fastboot Zip


Google Pixel (sailfish)

Download Pixel TWRP fastboot image (.img)


Download Pixel TWRP installer (.zip)


Google Pixel XL (marlin)

Download Pixel XL TWRP fastboot image (.img)


Download Pixel XL TWRP installer (.img)


ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း
====================================

၁။ မိမိဖုန်းအတွက် သက်ဆိုင်ရာ TWRP recovery file ကိုဒေါင်းလော့လိုက်ပါ။

၂။ ADB and Fastboot ကို zip ဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ။

၃။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။

၎။ ဒေါင်းလော့ရယူထားတဲ့ TWRP Recovery File ကို zip ဖြည်လိုက်ပါ။

၅။ TWRP recovery ဖိုင်များကို Copy ကူးယူပြီး
ADB & Fastboot Folder မှာထည့်ထားပါ။

၆။ Fastboot Folder ထဲတွင် Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။


adb devices

၈။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု Device သိပြီဆိုတာနဲ့
ဖုန်းကို Fastboot Mode သို့ဝင်ရန် အောက်ပါ Commands ရိုက်ထည့်ပါ။

adb reboot bootloader

၉။ ဖုန်းက Reboot ကျပြီး Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၁၀။ ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အဆင်ပြေမပြေ
စမ်းကြည့်ရန်အတွက် အောက်ပါ Commands ကိုရိုက်ထည့်ပါ။


fastboot devices

၁၁။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

For Pixel (sailfish)

fastboot boot twrp-3.0.2-0-alpha1-fastboot-sailfish.img

For Pixel XL (marlin)

fastboot boot twrp-3.0.2-0-alpha1-fastboot-marlin.img


၁၂။ ဖုန်းမှာ TWRP recovery Mode သို့ရောက်သွားပါလိမ့်မယ်။

၁၃။ TWRP Recovery Mode တွင် TWRP installer zip file ကို
ရွေးချယ်ပြီး Flash ပေးလိုက်ပါ၊ Process တစ်ခုပြီးအောင်စောင့်ပါ။

၁၄။ ပြီးသွားခဲ့ရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ

သင့်ဖုန်းမှာ TWRP Recovery ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။

 လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။


ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊


 http://chawandzin.blogspot.com/

http://chawandzin.blogspot.com/

http://chawandzin.blogspot.com/

အဆင်ပြေကြပါစေ....
Chaw Ko Ko ( နည်းပညာ အိမ်လေး )

Samsung ဖုန်းများကို Odin ဖြင့် TWRP Recovery ထည့်သွင်းနည်း....

http://chawandzin.blogspot.com/
Samsung ဖုန်းများကို Odin ဖြင့် TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည် Edit လုပ်ပြီး လေ့လာခါစ ညီအကိုတွေအတွက် ထပ်တင်ပေးလိုက်ပါတယ်။

Samsung ဖုန်းများကို Root လုပ်ကြတဲ့ နည်းလမ်းများစွာထဲတွင် TWRP ထည့်သွင်းပြီး
Supersu.zip ဖိုင်ဖြင့် Root လုပ်နည်းလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။

Custom Recovery တွေထဲမှာတော့ Samsung ဖုန်းတွေအတွက် TWRP က
အသုံးပြု ရတာ ပိုအဆင်ပြေသလို zawgyi Flashable zip အတွက်လည်း
ထည့်သွင်းရတာ အရမ်းအဆင်ပြေပါတယ်။

ပြီးတော့ Nandroid Backp လည်း အလွယ်တကူ ပြုလုပ်ရယူနိုင်တာမို့ မိမိဖုန်းကို
Root လုပ်မယ်ဆိုရင်တော့ One click Root Tool & Apps များဖြင့် မပြုလုပ်ပဲ
TWRP ထည့်သွင်းပြီးမှ Supersu.zip ဖိုင်ဖြင့် Root access ရယူတဲ့ နည်းက
ပိုပြီး အဆင်ပြေနိုင်ပါတယ်။

Custom Recovery Mode Option
===================

1. Install
2. Wipe
3. Backup
4. Restore
5. Mount
6. Settings
7. Advanced
8. Reboot & Restart

Custom Recovery Mode ဖြင့်
==================

၁။ Any Flashable.zip များကိုထည့်သွင်းနိုင်ခြင်း။

၂။ ဖုန်းကို Cache & Factory Reset ပြုလုပ်နိုင်ခြင်း။

၃။ Nandroid Backup (Stock Rom Firmware) ကို ထုတ်ယူနိုင်ခြင်း။

၎။ Nandroid Backup (Stock Rom Firmware) ကို Restore ပြုလုပ်နိုင်ခြင်း။

၅။ System ပိုင်းကို Read/Write ပြောင်းလဲဖို့ Mount command
(Permission Command) အသုံးပြုနိုင်ခြင်း။


၆။ Custom Recovery Settings Option များကို ပြုပြင်နိုင်ခြင်း။

၇။ Advanced Option များကို Modify ပြုလုပ်နိုင်ခြင်း။

၈။ ဖုန်းကို Reboot ချနိုင်တယ်။

လိုအပ်ချက်များ
=========

၁။ Samsung USB Driver for window

၂။ TWRP Recovery for Samsung Galaxy Devices

၃။ Odin Flash Tool for windows

Samsung Android USB Driver for Windows

Download the latest Odin flashing Tool

Official TWRP Recovery for Samsung Galaxy Devices

TWRP Recovery ထည့်သွင်းနည်း
====================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ ဒေါင်းလို့ရလာတဲ့ TWRP Recovery.zip ဖိုင်ကိုမဖြည်ပါနဲ့။

၃။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ 


http://chawandzin.blogspot.com/

၎။ ဖုန်းမှ Vol down + Home + power များကို တစ်ပြိုင်တည်း တွဲနှိပ်ထားပါ၊
http://chawandzin.blogspot.com/ 

၅။ Warring Screen ပေါ်လာခဲ့လျှင် Volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

http://chawandzin.blogspot.com/ 

 ၆။ ဖုန်းမှာ Downloading...ဆိုပြီးမြင်နေရရင်တော့
Download Mode သို့ရောက်သွားပါပြီ။

http://chawandzin.blogspot.com/

၇။ ဖုန်းကို USB Cable ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ။

၈။ Odin တွင် ID:COM နေရာတွင် အပြာရောင်လေးမြင်နေရရင်
USB Driver ပိုင်းဆိုင်ရာအတွက် အဆင်ပြေနေပါပြီ။

http://chawandzin.blogspot.com/

 ၉။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားလိုက်ပါ။

http://chawandzin.blogspot.com/

၁၀။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ TWRP Recovery.tar ဖိုင်ကိုထည့်လိုက်ပါ။

http://chawandzin.blogspot.com/ 

 ၁၁။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၁၂။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

http://chawandzin.blogspot.com/

၁၃။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။


၁၄။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။


လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။

http://chawandzin.blogspot.com/

http://chawandzin.blogspot.com/


 အဆင်ပြေကြပါစေ....
Chaw Ko Ko ( နည်းပညာ အိမ်လေး )

ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း....

 http://chawandzin.blogspot.com/

Photo Credit: androiding.how

ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်းကို
လေ့လာခါစညီအကိုများအတွက် ထပ်တင်ပေးလိုက်ပါတယ်။

Android Device တွင် Bootloader / Fastboot mode မှ System ပိုင်းတွင်
ပါဝင်နေသည့် Partition တိုင်းကို Flash ပြုလုပ်ခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။
အဆိုပါ Partition များကတော့ System, boot, recovery, cache စတာပဲဖြစ်ပါတယ်၊
ဒီနည်းလမ်းဖြင့် OEMs မှ partition images တစ်ခုတည်းကိုသာ Flash လုပ်ယူနိုင်တာမဟုတ်ပဲ
Custom built.img files များကိုလည်း ဒီ via Fastboot ဖြင့် ထည့်သွင်းယူနိုင်ပါတယ်။
 
ဥပမာ- Custom Recovery များတွင် TWRP မျိုးဖြစ်ပါတယ်....

အောက်ဖေါ်ပြပါ နည်းလမ်းသည် Via Fastboot ဖြင့် 
TWRP Recovery ကို ထည့်သွင်းနည်း Guide ပဲဖြစ်ပါတယ်။

 လိုအပ်ချက်များ....
=========

 ၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။

၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် 
Install ပြုလုပ်ထားရပါမည်။

၃။ သက်ဆိုင်ရာ ဖုန်းအတွက် TWRP Recovery file


ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း....
====================================

၁။ မိမိဖုန်းအတွက် သက်ဆိုင်ရာ TWRP recovery.img file ကိုဒေါင်းလော့လိုက်ပါ။

၂။ ADB and Fastboot အတွက် Minimal ADB and Fastboot Tool ကအဆင်ပြေပါတယ်၊

မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
SKD မှ Platform Tool ဖြင့်လည်း အသုံးပြုနိုင်ပါတယ်၊ မိမိအတွက်အဆင်ပြေနိုင်တာကို အသုံးပြုပါ။

၃။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။

၎။ ဒေါင်းလော့ရယူထားတဲ့ TWRP Recovery File ကို
ADB & Fastboot Folder မှာထည့်ထားပါ။

၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

 http://chawandzin.blogspot.com/

၆။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို 
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”

သို့တည်းမဟုတ် ဖုန်းကို ပါဝါပိတ်ပြီး “Volume Down+Home Buttons" ကီးများကို
တစ်ပြိုက်နက်တည်း တွဲနှိပ်ပြီးလည်း ၀င်ယူနိုင်ပါတယ်။

၇။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု 
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices

 http://chawandzin.blogspot.com/

၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash recovery twrp.img

  



၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို 
Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက် အောက်ပါ 
command ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။

fastboot boot recovery.img

 http://chawandzin.blogspot.com/

၁၀။ ဖုန်းကို Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ

“fastboot reboot”

သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“volume up + power button” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၁၁။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့အောင်မြင်ပါပြီ။

http://chawandzin.blogspot.com/

http://chawandzin.blogspot.com/

လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။


အဆင်ပြေကြပါစေ....

( ကျောင်းလည်သားလေး )

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top