HTC U11 ၏ ရောင်းအား HTC 10 နှင့် M9 တို့ထက် ပိုကောင်း



HTC ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ရဲ့စမတ်ဖုန်း ရောင်းအား အခြေအနေ သိပ်မကောင်းမှုနှင့်အတူ ယခုနှစ်ထွက် HTC U11 ကို အထူးအားစိုက်ပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ HTC U11 ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထုတ်လုပ်မှုကို HTC တို့ ခံစားနေရပြီဖြစ်ပါတယ်။

HTC U11 ကို မေလနှောင်းပိုင်းမှာ မိတ်ဆက်ပြီး နိုင်ငံတော်တော်များများမှာ ရောင်းချရခြင်း မရှိသေးပေမယ့်လည်း ဒီဖုန်းရဲ့ရောင်းအား အခြေအနေက ပြီးခဲ့တဲ့နှစ်တွေမှာ ထွက်ခဲ့တဲ့ HTC 10 နှင့် M9 တို့နှင့် နှိုင်းယှဉ်ရင် တော်တော်လေး အခြေအနေကောင်းနေကြောင်း HTC ရဲ့စမတ်ဖုန်းဌာနအကြီးအကဲ ချန်ချိုင်းလင်က ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် HTC ဟာ HTC U11 စမတ်ဖုန်း ဘယ်လောက်အထိ ရောင်းချထားရပြီးပြီလဲဆိုတာကိုတော့ အတိအကျ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် HTC U11 ရောင်းအား အခြေအနေကောင်းလာမှုဟာ သူတို့ရဲ့ ယခုနှစ်မှာ စမတ်ဖုန်းပိုင်းကို တော်တော်လေး အားစိုက် လုပ်ဆောင်လာမှုရဲ့အကျိုးရလဒ်လို့ပဲ ပြောရပါမယ်။

HTC U11 က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး Super LCD5 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 မှန် အသုံးပြုထားပါတယ်။ Snapdragon 835 SoC နှင့် အထိုင်ချထားပြီး RAM4GB+64GB နှင့် RAM6GB+128GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါသေးတယ်။ ကျောဘက်ကင်မရာ 12MP ဖြစ်ပြီး Phase Detection Autofocus နှင့် OlS ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှုကို 2160 p ဖြင့် ရိုက်ကူးနိုင်တဲ့အပြင် အသံဖမ်းယူရာမှာ အင်မတန်ကောင်းမွန်အောင် အဆင့်မြင့် စနစ် အသုံးပြုထားပါသေးတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး 1080 p ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပြီး Quick Charge 3.0 ဖြင့် အလျှင်အမြန် အားသွင်းနိုင်ပါမယ်။ ရေစိမ်ခံနိုင်ပါတယ်။ ဒီဖုန်းရဲ့ထူးခြားမှုကတော့ ဖုန်းဘောင်ကို ပွတ်ပြီး ထိန်းချုပ်နိုင်မယ့် HTC Edge Sense နည်းပညာ ပါဝင်တာဖြစ်ပါတယ်။

Credit...

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ
HTC U11 ၏ ရောင်းအား HTC 10 နှင့် M9 တို့ထက် ပိုကောင်း Title : HTC U11 ၏ ရောင်းအား HTC 10 နှင့် M9 တို့ထက် ပိုကောင်း
Description : HTC ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ရဲ့စမတ်ဖုန်း ရောင်းအား အခြေအနေ သိပ်မကောင်းမှုနှင့်အတူ ယခုနှစ်ထွက် HTC U11 ကို အထူးအားစိုက်ပြီး လုပ်ဆောင်လာ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top