Samsung Galaxy J7 Pro နှင့် J7 Max တို့ကို Samsung မိတ်ဆက်


Samsung ရဲ့ Galaxy J စီးရီးဟာ မြန်မာ၊ အိန္ဒိယအပါအ၀င် ဈေးကွက်တော်တော်များများမှာ အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။ Galaxy J ဗားရှင်းဟာ အိန္ဒိယမှာ Samsung ရဲ့ရောင်းအားအကောင်းဆုံးဖုန်းအဖြစ်တောင် ရပ်တည်လျက်ရှိပါတယ်။ ယနေ့မှာ Samsung ဟာ Galaxy J မိသားစုဝင်သစ်နှစ်ခုကို မိတ်ဆက်လာပါတယ်။ Galaxy J7 Pro နှင့် J7 Max ဖြစ်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးမှာ ကျောဘက်နှင့် ရှေ့ကင်မရာ 13MP စီ အသုံးပြုလာပါတယ်။ နှစ်မျိုးစလုံးမှာ LED Flash နှင့် အလင်းရောင်နည်းပါးချိန်မှာလည်း ကောင်းမွန်တဲ့ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်အောင် ကျောဘက် အလင်းဝင်ပေါက် f/1.7 နှင့် ရှေ့ဘက် f/1.9 အသုံးပြုလာပါတယ်။ Samsung ဟာ ဒီစနစ်ကို တန်ဖိုးမြင့်စမတ်ဖုန်းတွေမှာပဲ အသုံးပြုခဲ့တာပါ။


ဒါ့အပြင် ကင်မရာမှာ Edit စနစ်များစွာပါဝင်တဲ့အပြင် ဆိုရှယ်မီဒီယာများမှာလည်း အလွယ်တကူ ရှယ်ယာလုပ်နိုင် အောင်ပြုလုပ်လာပါတယ်။ သင့်အနေနဲ့ Facebook ၊ Messenger ၊ WhatsApp အပါအ၀င် ဆိုရှယ်မီဒီယာ ငါးခုမှာ အလွယ်တကူ ဓာတ်ပုံတွေ ရွေးချယ်တင်နိုင်ပါမယ်။ ဒါ့အပြင် ကာလ Effect နှင့် Sticker များစွာလည်း ထည့်သွင်းထားပါသေးတယ်။

Samsung ဟာ J7 Pro မှာ Samsung Pay ကို ထည့်သွင်းထားပြီး J7 Max မှာ Pay Mini ကို ထည့်သွင်းထားပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးကို အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချသွားပါမယ်။

Galaxy J7 Pro က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး 1080 p Super AMOLED ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Exynos 7870 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM3GB နှင့် ROM32GB ပါဝင်ပါတယ်။ ဘက်ထရီ 3600 mAh ပါဝင်ပါတယ်။ ဒီဖုန်းကို ဇူလိုင်လ အလယ်ပိုင်းခန့်မှာ ရောင်းချသွားပါမယ်။ ဈေးနှုန်းက ဒေါ်လာ ၃၃၀ ၀န်းကျင် ဖြစ်ပါတယ်။


Samsung Galaxy J7 Max က မျက်နှာပြင် ၅.၇ လက်မဖြစ်ပါတယ်။ lPS 1080 p LCD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ MediaTek Helio P20 နှင့် အထိုင်ချထားပါတယ်။ RAM4GB နှင့် ROM64GB ပါဝင်ပါတယ်။ အရွယ်အစားပိုပြီးတော့ ကြီးမားပေမယ့် ဘက်ထရီ 3300 mAh ပဲ ပါဝင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၂၈၀ ၀န်းကျင်ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာ စတင်ရောင်းချပါမယ်။

ဖုန်းနှစ်မျိုးစလုံးကို သတ္တုကိုယ်ထည်နှင့် ဖန်တီးထားပြီး အနက်ရောင်၊ ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Android Nougat ပါဝင်ပြီး microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။

Credit = မူရင်း

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကို ခင်​မင်​လျှက်​။
CKK - နည်းပညာ
Samsung Galaxy J7 Pro နှင့် J7 Max တို့ကို Samsung မိတ်ဆက် Title : Samsung Galaxy J7 Pro နှင့် J7 Max တို့ကို Samsung မိတ်ဆက်
Description : Samsung ရဲ့ Galaxy J စီးရီးဟာ မြန်မာ၊ အိန္ဒိယအပါအ၀င် ဈေးကွက်တော်တော်များများမှာ အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။ Galaxy J ဗားရှင်း...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top