Free ဒေါင်းလို့မရတော့တဲ့ pCloud လင့်တွေကို pFree Link Generator နဲ့ Free ရအောင်ဒေါင်းကြမယ်


Save/Download မရ Limit ကျနေတဲ့ pCloud လင့်တွေကို ဒီ App နဲ့ Free ဒေါင်းကြမယ်။
Limited ဖြစ်နေတဲ့ pCloud လင့်တွေကို Free ဒေါင်းလို့ရအောင်
လုပ်ဆောင်ပေးနိုင်တဲ့ pFree Link Generator လေးပါ။
အခုတလောတော်တော်များများ ကြုံတွေ့နေရတဲ့ pCloud လင့်တွေဒီတိုင်းရိုးရိုး Save လို့မရတော့ပဲ
Premium အကောင့်ဝယ်ခိုင်းတဲ့ပြဿနာကို
ဒီကောင်လေးနဲ့ အလကား(Free) Save လို့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
ဖိုင်ဆိုဒ်ကလည်း 1MB ကျော်ပဲရှိပါတယ် 😉
App ကိုတော့အောက်ပါလင့်တွေကနေဒေါင်းယူနိုင်ပါတယ်။
Play Store အဆင်ပြေသူများကတော့ Play Store ကနေဒေါင်းပေးကြပါလို့…:D



အသုံးပြုနည်း
==========
ဖုန်းကို WiFi သို့မဟုတ် အင်တာနက်လိုင်းဖွင့်ထားပေးပါ။
ပထမဦးဆုံး Limited ဖြစ်နေတဲ့ pCloud လင့်ကို Copy ကူးလိုက်ပါ။
ပြီးရင် pFree Link Generator ကိုဖွင့်ပြီး Copy ကူးလာတဲ့လင့်ကို
“Paste Your Link Here” ဆိုတဲ့ကွက်လပ်ထဲကို Paste ချလိုက်ပါ။
( လင့်ကို Copy ကူးလာတာမှန်ရင် ကွက်လပ်ထဲကို သုံးစက္ကန့်လောက်ဖိထားတာနဲ့
Paste ဆိုတဲ့ခလုတ်လေးပေါ်လာမှာပါ။ )


ပြီးရင်တော့ Generate Link! ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ခနလောက်စောင့်ပေးလိုက်ပါ။


ပြီးသွားရင်တော့နောက်စာမျက်နှာတစ်ခုတက်လာမှာဖြစ်ပြီး လင့်ကိုဖွင့်မှာလား၊
Copy ယူပြီးသူများကိုပြန်ချပေးမှာလား၊
ဒါမှမဟုတ်လင့်ကိုဒီကနေ Share မှာလားဆိုတာကြိုက်တဲ့ခလုတ်ရွေးပြီးနှိပ်နိုင်ပါတယ်။


Open Link in Browser ကိုနှိပ်မယ်ဆိုရင်တော့ ကိုယ်ရွေးမယ့် Browser မှာ
ကိုယ့်ရဲ့ pCloud အကောင့်ကို Login အရင်ဝင်ထားပေးပါ။
လင့်ကိုဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ pCloud အကောင့်ထဲ အော်တို Save လုပ်ပေးသွားပါလိမ့်မယ်။


သူများကိုလင့်ပြန်ချပေးမယ်ဆိုရင်လည်း အဲ့ဒီလင့်ကိုဝင်မယ့်သူအနေနဲ့လည်း ကိုယ်ဝင်မယ့် Browser မှာကိုယ့်ရဲ့ pCloud အကောင့်ကို Login ဝင်ထားပေးရမှာပါ။
အကောင့်က Premium ဝယ်ထားစရာမလိုပါဘူး။
Free အကောင့်နဲ့တင် အော်တို Save လုပ်ပေးပါလိမ့်မယ် 😉

ဒီနည်းလမ်းကလက်ရှိအချိန်မှာ Android ဖုန်းအသုံးပြုသူများအတွက်
အဆင်ပြေစွာ “အခမဲ့” ဒေါင်းယူနိုင်တဲ့နည်းလေးပါ။
နောက်ကျရင်တော့ ရ မရ မသေချာတော့ပါ 😉
နည်းလမ်းကိုတော့ ကိုမင်းသူအောင်(www.fb.com/Crab.111000 ) ဆီကရတာဖြစ်ပြီး
ကျနော်က App အနေနဲ့ပြန်ရေးထုတ်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေပျော်ရွှင်စွာနဲ့ ဂုန်းဆင်းနိုင်ကြပါစေ 😀



ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

Follow Me Chaw Ko Ko Facebook.


CKK ~ နည်းပညာ
သတင်းနှင့်​ နည်းပညာစွယ်​စုံ


Free ဒေါင်းလို့မရတော့တဲ့ pCloud လင့်တွေကို pFree Link Generator နဲ့ Free ရအောင်ဒေါင်းကြမယ် Title : Free ဒေါင်းလို့မရတော့တဲ့ pCloud လင့်တွေကို pFree Link Generator နဲ့ Free ရအောင်ဒေါင်းကြမယ်
Description : Save/Download မရ Limit ကျနေတဲ့ pCloud လင့်တွေကို ဒီ App နဲ့ Free ဒေါင်းကြမယ်။ Limited ဖြစ်နေတဲ့ pCloud လင့်တွေကို Free ဒေါင်းလို့ရေ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top