Blog ဝါသနာရှင်များ အတွက် သိထားသင့်သော အရာများ


တကယ်တော့ Blog တစ်ခု ရေးတယ် ဆိုတာ မခက်ဘူးလို့ ပြောလို့ရသလို လွယ်တဲ့ အလုပ် တစ်ခု တော့လည်း မဟုတ် ပါဘူး။ တကယ်စိတ်ပါ ၀င်စားပြီး လုပ်တဲ့ သူတွေ တောင် တစ်နေ့ကို Post တစ်ခု ပုံမှန်တင်နိုင်ဖို့ ဆိုတာ တော်တော် ကြိုးစားရတဲ့ အလုပ်တစ်ခုပါ ....။ဒီ Post မှာတော့ Blog နဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ သဘော သဘာဝလေးတွေ ကို ဆွေးနွေးချင်ပါတယ်။

ပြီးခဲ့တဲ့ Post မှာ ကျွန်တော်တို့ Post တစ်ခုကို ရေးပြီး Label တပ်တယ်၊ ပြီးတော့ Publish လုပ်လိုက်တယ်။ တကယ်တော့ ဒါဟာ Blog ရေးသားခြင်း လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။ နောက် Post တစ်ခုကိုလည်း ဒီအတိုင်းဘဲ New Post ခေါ်မယ်။ ခေါင်းစဉ်ပေးမယ် စာကိုယ်မှာ ကိုယ်ရေးချင်တာတွေ ရေးမယ်။ သင့်တော်တဲ့ Label တပ်မယ်။ Publish လုပ်မယ်။ ဒီအတိုင်း ဆက်ရေးနေရုံပါ။


ဒါဆို ဘာတွေလုပ်ဖို့ လိုအပ်သေးလဲ? လို့ မေးစရာရှိမယ် ထင်ပါတယ်။ လုပ်ဖို့ လိုအပ်တာတွေကတော့ ကိုယ့်ရဲ့ Blog ကို အလှဆင်တဲ့အပိုင်းပါ။ အလှဆင်​တယ်ဆိုတာကတော့ ကိုယ်ကြိုက်တဲ့ Gadget တွေထည့်

ခြင်း Text Box Chat Box တွေထည့်ခြင်း ဓါတ်ပုံ Slideshow တွေထည့်ခြင်း HTML Code တွေ စာကြောင်းတွေထည့်ခြင်း စသည့်စသည့်များစွာသော ပြုပြင်ပြောင်းလဲ မှုတွေကို စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ် ။ဒီနေရာမှာ အလျဉ်းသင့်လို့ ဖြည့်စွက်ဆွေးနွေးချင်ပါတယ်။

ကျွန်တော်တို့တွေ Blog ကို အလှဆင်တာ မများစေဖို့ ပြောချင်ပါတယ် ။ ကျွန်တော်တို့ အခုနေ ရေးလိုက်တဲ့ Blog အသစ်စက်စက်လေးဟာ Post တစ်ခုတည်းနဲ့ တကယ့်ကို အပြစ်အနာအဆာ ကင်းတဲ့ ကလေးလေးတစ် ယောက်လိုပါဘဲ ။အဲဒီ အပြစ်အနာအဆာကင်းတဲ့ Blog လေးကို ဖွင့်လိုက်ရင်လည်း ဘာမှ စောင့်စရာမလိုဘဲ ချက်ချင်းပွင့်လာ တာကို တွေ့ကြရမှာပါ ။

နောက်ပိုင်းမှာ Post တွေ အများကြီး ရေးကြရအုံးမှာပါ ။ ဒီတော့ Blog က နည်းနည်းလေးလာပြီ ။




(ဒီနေရာမှာ လေးတယ် ဆိုတဲ့ အသုံးအနှုန်းဟာ Blog Loading Time ကြာတာကို ဆိုလိုတာပါ။ လွယ်လွယ် ပြောရရင်ဖွင့်လိုက်တာနဲ့ ချက်ချင်း မပွင့်ဘူးပေါ့ ....) ဒီ Blog Loading Time ကြာခြင်းဟာ ကိုယ့် Blog ကိုဝင်ရောက်ဖတ်ရှုတဲ့ သူအတွက် အရမ်းအနှောင့်အယှက် ဖြစ်စေပါတယ် ။ အားပေးချင်လို့ ဖွင့်ဖတ်ပါတယ် ။စောင့်လိုက်ရတာ တမေ့တမြော ဆိုတော့ ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး ။ ဒါ့ကြောင့် Blog ရေးသားသူအနေနဲ့ ကိုယ့်Blog ရဲ့Loading Time မကြာစေအောင် အတတ်နိုင်ဆုံးကြိုးစားကြရပါမယ် ။

ဘာ့ကြောင့် Loading Time ကြာရတာလဲ ....?

သာမန် Post တွေရေးတင်ရုံနဲ့ Blog Loading Time ကို မထိခိုက်နိုင်ပါဘူး ....။ Blog Loading Time ကိုကြာစေတဲ့ အချက်လေးတွေ ကျွန်တော်သိသလောက်လေး ဆွေးနွေးပေးပါမယ် ....

➤Blog ရဲ့ Home Page လို့ခေါ်တဲ့ မူလစာမျက်နှာမှာ Post အရေအတွက် အများကြီးထားခြင်း။ 

➤ရေးလိုက်တဲ့ Post တွေမှာ ဓါတ်ပုံ၊ PDF file၊ Video ၊ Audio စတာတွေကို ပိုမိုထည့်သွင်းထားခြင်း။ 

➤Blog ရဲ့ Side Bar တွေမှာ Gadget, Widget တွေအများကြီး ထည့်သွင်းထားခြင်း။ 

➤Blog စာမျက်နှာတွင် Flash ကဲ့သို့ (ပုံအရှင်) တွေ၊ Effect တွေ အမြောက်အများ ထည့်သွင်းထားခြင်း။ 

•စတာတွေကိုတော့ သတိထားဖို့ လိုအပ်မယ် ထင်ပါတယ်.....။

ဒီတော့ Blog ကိုပေါ့ပါးအောင် ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ အသံဖိုင်တွေ၊ Widget, Gadget တွေ ဘာမှ မထည့်ရတော့ ဘူးလား ....? ဆိုပြီးမေးစရာ ဖြစ်လာပြန်ပါတယ် ....။ တကယ်လိုအပ်တဲ့ နေရာတွေမှာတော့ ထည့်သွင်း အသုံးပြုကြရ မှာဖြစ်ပါတယ် ....။ Effect တွေထည့်တဲ့ နေရာမှာလည်း Code အနေနဲ့ ပေါ့ပါးတဲ့ Code တွေကို ရွေးပြီး သုံးနိုင်ဖို့ အရေးကြီးပါတယ် ....။


Blog Loading Time ကြာတာနဲ့ ပတ်သက်ပြီး Blog ကိုချည်းဘဲ အပြစ်ပြောလို့လည်း မရသေးပြန်ပါဘူး ...။ 

➣ ကိုယ်သုံးနေတဲ့ Network Connection ကောင်း/မကောင်း 

➣ ကိုယ်သုံးတဲ့ Browser မှာ Flash player လို plug-in တွေကို Install လုပ်ထားခြင်း ရှိ/မရှိ 

➣ကိုယ်သုံးနေတဲ့ Computer ရဲ့ စွမ်းဆောင်ရည် 

➣ကိုယ်သုံးနေတဲ့ Computer မှာ Virus ရှိ/မရှိ

စတဲ့ များစွာသော တစ်ခြားအကြောင်းအချက်များအပေါ်မှာလည်း မူတည်ပါသေးတယ် ......။

Blog တွေရဲ့ ပင်မနေရာဖြစ်တဲ့ Google Server ကိုယ်တိုင်က Error ရှိနေရင်လည်း Blog ကိုဖွင့်ချိန် ကြာမှာ

ဖြစ်သလို Blog တစ်ခုကို နည်းတစ်မျိုးမျိုးနဲ့ အတိုက်အခိုက် ခံရတဲ့ အချိန်မှာလည်း Blog က ဖွင့်မရလောက်အောင် နှေးကွေးနေမှာ ဖြစ်ပါတယ် ....။

Credit.

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

Blog ဝါသနာရှင်များ အတွက် သိထားသင့်သော အရာများ Title : Blog ဝါသနာရှင်များ အတွက် သိထားသင့်သော အရာများ
Description : တကယ်တော့ Blog တစ်ခု ရေးတယ် ဆိုတာ မခက်ဘူးလို့ ပြောလို့ရသလို လွယ်တဲ့ အလုပ် တစ်ခု တော့လည်း မဟုတ် ပါဘူး။ တကယ်စိတ်ပါ ၀င်စားပြီး လုပ်တဲ့ သူတွေ ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top