Windows System အတွင်း ထည့်သွင်းထားသည့် ဆော့ဖ်ဝဲစာရင်းကို ကြည့်ရှုခြင်း....


 http://chawandzin.blogspot.com


Windows Operating System ကို အသုံးပြုသူများ အနေနဲ့ ကိုယ့်ရဲ့ Windows System ထဲမှာ ဆော့ဖ်ဝဲတွေ ဘယ်လောက်ထည့်သွင်း ထားတယ်ဆိုတာကို သိရှိလိုတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းနှစ်မျိုးနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေကို ဖော်ပြတဲ့အခါမှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲအမည်နဲ့ ဗားရှင်းတွေကို notepad နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်ရှုခြင်းအားဖြင့် နေ့စဉ် ကိုယ်သုံးစွဲနေရတဲ့ ဆော့ဖ်ဝဲတွေကို မှတ်တမ်းတင်ပေးထား နိုင်မှာဖြစ်ပြီး မတော်တဆ ဆော့ဖ်ဝဲတွေကို Uninstall ပြုလုပ်မိတဲ့ အခါမျိုးမှာ အဆိုပါ list ကနေ ပြန်လည်ကြည့်ရှုပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

 Software list တွေကို ကြည့်ရှုဖို့အတွက် Win + R နဲ့ Run box ကို ခေါ်လိုက်ပါ။ ပြီးရင် Command Prompt ကို ဖွင့်မှာဖြစ်တဲ့အတွက် cmd ဆိုတဲ့ command ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြထားတဲ့ command ကို Command prompt ထဲမှာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ wmic /output:D:\InstalledSoftwareList.txt product get name,version ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

ပြီးသွားရင် ခေတ္တစောင့်ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် Partition D: ကိုဖွင့်လိုက်ပါ။ အဆိုပါ partition ထဲမှာ Installed Software List.txt ဆိုတဲ့ text file ကိုတွေ့ရပါမယ်။ အဆိုပါဖိုင်ကိုဖွင့်ပြီး ထည့်သွင်းထားတဲ့ software list ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ Power Shell ကနေ ကြည့်ရှုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Power Shell ကို အသုံးပြုဖို့အတွက် Win + R နဲ့ run box ကိုခေါ်လိုက်ပါ။ Run box ကျလာရင် powershell ဆိုတဲ့ command ကို ရိုက်ထည့်ပေးရပါမယ်။ အဆိုပါ command ကို ရိုက်ထည့်ပြီးရင် ok ကို နှိပ်လိုက်ပါ။ Power shell ပွင့်လာပါလိမ့်မယ်။

Power Shell မှာအသုံးပြုရမယ့် command ကတော့ GetWmiObject -Class Win32_Product | Select-Object -Property Name > D:\InstalledSoftwareList.txt ဆိုတဲ့ command ပဲ ဖြစ်ပါတယ်။ အဆိုပါ command ကို ထည့်သွင်းပြီးသွားရင် Drive D: ထဲမှာ Installed Software list.txt ဆိုတဲ့ ဖိုင်ကို တွေ့ပါလိမ့်မယ်။ အထက်ပါ နည်းလမ်းနှစ်မျိုးထဲက နှစ်သက်ရာကို ရွေးချယ်ပြုလုပ် နိုင်ပါတယ်။


Credit ကိုသီဟ
Internet Journal
http://chawandzin.blogspot.com
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

 

အဆင်ပြေကြပါစေ....
Chaw Ko Ko ( နည်းပညာ အိမ်လေး )

Windows System အတွင်း ထည့်သွင်းထားသည့် ဆော့ဖ်ဝဲစာရင်းကို ကြည့်ရှုခြင်း.... Title : Windows System အတွင်း ထည့်သွင်းထားသည့် ဆော့ဖ်ဝဲစာရင်းကို ကြည့်ရှုခြင်း....
Description : Windows Operating System ကို အသုံးပြုသူများ အနေနဲ့ ကိုယ့်ရဲ့ Windows System ထဲမှာ ဆော့ဖ်ဝဲတွေ ဘယ်လောက်ထည့်သွင်း ထားတယ်ဆိုတာကို သိရ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top