Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း.....

Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း ==============================

အများသုံးကွန်ပြူတာများ၊ အင်တာနက်ဆိုင်များမှာ Facebook အသုံးပြုပြီး Log Out မလုပ်မိတဲ့ အခြေအနေမျိုးကြုံတွေ့ဖူးကြမှာပါ။ဖုန်းပျောက်သွားလို့ သို့မဟုတ် မိမိရောင်းလိုက်တဲ့ ဖုန်းမှာ အကောင့် Log Out မိခဲ့ရင်လဲ အဆင်ပြေပါတယ်။
ဒီလိုအခြေအနေမျိုးမှာအခြားလူများကသင့်ရဲ့ ဒေတာများကိုသင့်ရဲ့ ခွင့်ပြုချက်မရဘဲ ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Credit Card , PayPal စတဲ့ ငွေကြေးဆိုင်ရာအကောင့်များနဲ့ သင့်ရဲ့ Facebook အကောင့်ကိုချိတ်ဆက်ထားရင်တော့ သင့်ရဲ့ ငွေကြေးများဆုံးရှုံးမှာ ဖြစ်ပါတယ်။
ဒီလို ပြဿနာများကိုကာကွယ်ဖို့အတွက် Facebook က နည်းလမ်း တစ်ခုကိုပံ့ပိုးပေးထားပါတယ်။
အဲဒါကတော့ Facebook အကောင့်ကို အဝေးကနေ Log Out ပြုလုပ်နည်း ဖြစ်ပါတယ်။
 Mobile =====
Mobile Phone များမှာ Facebook ရဲ့ ညာဘက်အပေါ် ထောင့်မှ
Menu ကို နှိပ်ပြီး Account Settings ထဲသွားပါ။
Security ကို နှိပ်ပါ။
Active Sessions ထဲသွားပါ။
အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့ Device များကိုတွေ့မြင်ရမှာပါ။
အသုံးပြုတဲ့ အချိန် ၊ တည်နေရာ၊ အမျိုးအစားနဲ့ အမည်တို့ကိုအသေး စိတ် ဖော်ပြပေးထားပါတယ် Log Out လုပ်ဖို့အတွက် ဘေးမှ ကြက်ခြေခတ်ကို နှိပ်ပါ။
Desktop ======
Desktop Computer များမှာ Facebook News Feed ရဲ့ ညာဘက်အပေါ်ထိပ်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Settings ကို နှိပ်ပါ။
ဘယ်ဘက်ခြမ်းမှ Security ကဏ္ဍထဲသွားပါ
“ Where you’re Logged In “ ရဲ့
ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။
အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့ Device များကို ပြသပေးထားပါတယ်။
အပေါ်ထောင်နေတဲ့ မျှားကို နှိပ်ပြီးအသေးစိတ် ကြည့်ပါ Device တစ်ခုချင်းစီအတွက် အသုံးပြုတဲ့ အချိန်၊ အမည်၊ တည်နေရာနဲ့ အမျိုးအ စားတို့ကို ပြသပေးထားပါတယ်။
End Activity ကို နှိပ်ပြီး Log Outလုပ်နိုင်ပါတယ်၊ Device အားလုံးကို Log Out လုပ်ချင်ရင် အပေါ်မှ End All Activity ကို နှိပ်ပါ။
သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ.....
အမှားပါရင် ခွင့်ပါ.....






သူငယ်​ချင်းများအားလုံး အဆင်​​ပြေကြပါ​စေ......

               မိဘရင်​ခွင်​ နည်းပညာ ( ​ကျောင်းလည်​သား​လေး )

Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း..... Title : Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း.....
Description : Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း ============================== အများသုံးကွန်ပြူတာများ၊ အင်တာနက်ဆိုင်များမှာ Facebook အသံ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top