Windows 10 မှာပါဝင်လာတဲ့ Microsoft Print to PDF ကို Remove လုပ်နည်း ....


Windows 10 မှာပါဝင်လာတဲ့ Microsoft Print to PDF ဆော့ဝဲအတွက် 
Remove လုပ်နည်းကို Windows 10 ချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Microsoft က Windows 10 မှာ အရင် System မျိုးနဲ့မတူအောင် ပြောင်းလဲမှု
ကြီးကြီးမားမားဖြင့် တာထွက်လာခဲ့တာပဲဖြစ်ပါတယ်၊ အနီးစပ်ဆုံး တစ်ခုပြောရရင်
Start Menu (သို့) Microsoft Edge လိုမျိုးတွေပေါ့၊ ပြီးတော့ အသစ်အသစ်သော
Features တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
အဲဒီအထဲကမှ Microsoft Print to PDF ဆိုပြီး ထည့်သွင်းပေးလာပါတယ်
ဒါက တကယ်ကောင်းတဲ့ Features တစ်ခုဖြစ်ပါတယ်၊ အခြေခံသဘောတရား
ကျလွန်းပေမယ့်လည်း ပရင့်ထုတ်မယ့် Cocument များကို အလွယ်တကူ PDF ဖန်တီးနိုင်သလို
Printer Brands တွေအတွက် မိမိကွန်ပျူတာမှာ third-party program ဆော့ဝဲများကို
ထပ်မံထည့်သွင်းပေးစရာမလိုတော့ပါ၊ တကယ်လို့မိမိက Windows 10 ရဲ့ Featuers ကို
မကြိုက်ဘူးဆိုရင်တော့ Printer များရဲ့ သက်ဆိုင်ရာ Driver များကို ထည့်သွင်းအသုံးပြု
နိုင်ပါတယ်၊ ဒီအတွက် Microsoft Print to PDF ဆော့ဝဲကို Remove ပြုလုပ်ပေးရပါမယ်။
လွယ်ပါတယ်၊ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။


How to remove Microsoft Print to PDF
===========================
Taskbar မှ search box ထဲမှာ “Printers” ဆိုပြီးရိုက်ထည့်လိုက်ပါ
“Printers & scanners” ဆိုပြီးကျလာခဲ့ရင် ဖွင့်လိုက်ပါ
အောက်ပါပုံအတိုင်း Setting Option ရဲ့အောက်မှာ “Printers & scanners”
က အပေါ်ဆုံးမှ ပွင့်လာပါလာလိမ့်မယ်၊ Microsoft Print to PDF ဆိုတာကိုရွေးချယ်ပြီး အနီရောင်ဖြင့်ဝိုင်းပြထားတဲ့ Remove device ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


Windows Features မှအပြီးအပိုင်ပယ်ထုတ်နည်း
==============================
ဒီ Microsoft Print to PDF ဆော့ဝဲကို Windows Features မှ
အပြီးအပိုင်ပယ်ထုတ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်းပြုလုပ်ပေးလိုက်ပါ
Taskbar မှ search box ထဲမှာ “Turn Windows features” ဆိုပြီး
ရိုက်ထည့်ပေးလိုက်ပြီး “Turn Windows features on or off” ဆိုပြီး ကျလာရင်
ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း ကျလာခဲ့ရင်တော့ “Microsoft Print to PDF” နေရာမှ
အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ၊ ပြီးရင် OK ကိုဆက်နှိပ်လိုက်ပါ၊ ပြီးပါပြီ။


သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ....

            မိဘရင်ခွင် နည်းပညာ ( ကျောင်းလည်သားလေး )

Windows 10 မှာပါဝင်လာတဲ့ Microsoft Print to PDF ကို Remove လုပ်နည်း .... Title : Windows 10 မှာပါဝင်လာတဲ့ Microsoft Print to PDF ကို Remove လုပ်နည်း ....
Description : Windows 10 မှာပါဝင်လာတဲ့ Microsoft Print to PDF ဆော့ဝဲအတွက်  Remove လုပ်နည်းကို Windows 10 ချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top