
Galaxy Note 8 နှင့်ပတ်သက်တဲ့ သတင်းတွေ ခပ်စိတ်စိတ်လေး ထွက်လာပါတယ်။ ယနေ့မှာ Note အမာခံပရိသတ်တွေအတွက် အင်မတန်ကြီးကျယ်တဲ့သတင်းတစ်ပုဒ် ရရှိလာပါတယ်။ Samsung Galaxy Note 8 ရဲ့ဒီဇိုင်းပုံကြမ်း ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။
Samsung Galaxy Note 8 ရဲ့မျက်နှာပြင်ပြားကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနှစ်ပုံ ထွက်ပေါ်လာပါတယ်။ ယခု ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ Samsung Galaxy Note 8 က S8 နှင့် S8+ တို့ထက် ပိုပြီးတော့ ကြီးမားလာပါမယ်။ အခု ထွက်ပေါ်လာတဲ့ဓာတ်ပုံကို ကြည့်ရင် ဒီ ဒီဇိုင်းက Note 8 ရဲ့ အပြီးသတ် ဒီဇိုင်း ဖြစ်ဖို့ များပါတယ်။

Samsung Galaxy Note 8 ရဲ့ဒီဇိုင်းက S8 ကို အခြေခံပြီး ဖန်တီးထားတယ်ဆိုရင်တော့ Note ဗားရှင်းပီပီ အများကြီး ကွဲပြားတာ တွေ့ရပါတယ်။ Samsung ဟာ Home Botton ကိုလည်း ဖြုတ်ထားပြီး အပေါ်အောက်၊ ဘေး အားလုံးကို အနားသပ်မဲ့ ဒီဇိုင်းလုပ်ထားပါတယ်။ ဒါ့အပြင် ထောင့်နှစ်ဖက်ကွေးမှန်အသုံးပြုထားပါတယ်။ Samsung ဟာ Infinity Display မျက်နှာပြင် ဒီဇိုင်းသုံးထားတာပါ။.
Samsung Galaxy S8 နှင့် S8+ တို့က မျက်နှာပြင် ၅.၈ လက်မနှင့် ၆.၂ လက်မသီးသီးရှိပါတယ်။ Galaxy Note 8 ကတော့ မျက်နှာပြင် ၆.၃ လက်မအထိ ရှိလာပါမယ်။ ဒါ့အပြင် ပိုပြီးတော့ ရှည်လျားလာပါမယ်။
Samsung ဟာ Galaxy Note 8 မှာ အရည်အသွေးပိုင်းပိုမိုကောင်းမွန်တဲ့ Stylus လည်း ထည့်သွင်းလာမယ့်အပြင် ကျောဘက်ကင်မရာနှစ်ခုစနစ်ကိုလည်း ထည့်သွင်းလာပါမယ်။
Credit.
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊
Follow Me Chaw Ko Ko Facebook.
ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည်။
အားလုံးကိုခင်မင်လျှက်။
CKK - နည်းပညာ
Post a Comment
CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။