ဖုန်းတွေသုံး လို့ ပူလာရင်ဘယ်လိုလုပ်မလဲ ?

ဖုန်းပြောနေရင်း ဒါမှမဟုတ် Game ဆော့နေရင်း ရုပ်ရှ
င်ကြည့်နေရင်း ဖုန်းဘတ္ထရီပူလာတတ်တာ ကြုံဖူးကြပါမယ်။

ဖုန်းကို အသုံးများလို့ ပူလာတာထက် ဖုန်းရဲ့ဘတ္ထရီကို သာမန်အပူချိန်ထက် မပိုအောင် ထားပေးနိုင်ရင်လည်း ဖုန်းပူခြင်းကနေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကာဗာကို ချွတ်လိုက်ပါ။
ဖုန်းက ထွက်လာတဲ့အပူဟာ ဖုန်းကာဗာကြောင့် အပြင်မထွက်နိုင်ဘဲ လှောင်ပိတ်မိနေပါတယ်။

ကာဗာတပ်ထားတဲ့ ဖုန်းနဲ့ ကာဗာ မတပ်တဲ့ ဖုန်းဆိုရင် မတပ်ထားတဲ့ဖုန်းက ပိုအေးနေတာ တွေ့ရမှာပါ။
အားသွင်းတဲ့အခါ စားပွဲပေါ်မှာ သွင်းပါ။
မွေ့ရာ/ဆိုဖာပေါ်မှာ ဖုန်းကို အားသွင်းရင် အပူတွေကို မစုပ်နိုင်ပါဘူး။
မာတဲ့မျက်နှာပြင်ရှိတဲ့ စာအုပ်/ စားပွဲ စတာတွေပေါ်မှာ အားသွင်းရင် ဖုန်းကို အပူသက်သာစေမှာပါ။
ညအိပ်ရင်း အားမသွင်းပါနဲ့။

ညအိပ်တုန်း အားသွင်းထားပြီး မနက်ကျမှ ဖြုတ်သုံးတာဟာ ဖုန်းရဲ့ဘတ္ထရီကို ယိုယွင်းပျက်စီးစေပါတယ်။ ညအိပ်ရင်း အားသွင်းခြင်းကို ရှောင်ကျဉ်ပါ။
နေရောင်ခြည်နဲ့ တိုက်ရိုက်မထိမိပါစေနဲ့။
ဖုန်းကို နေရောင်နဲ့ ထိမိရင်လည်း ဖုန်းအပူချိန် ပိုတက်လာနိုင်ပါတယ်။
ဒါကြောင့် အခန်းအပူချိန်ထက်မပိုတဲ့နေရာမှာပဲ ဖုန်းကို ထားပေးပါ။
တခြားဘတ္ထရီနဲ့ အားသွင်းကြိုးတွေ မသုံးပါနဲ့။
မိမိဖုန်းက Samsung ဖြစ်နေရင် Samsung ကြိုးနဲ့ပဲ အားသွင်းပါ။ တခြားဖုန်းက အားသွင်းကြိုးနဲ့ သွင်းတာကလည်း ဘတ္ထရီသက်တမ်းကို လျော့ကျစေပါတယ်။
ယခုခေတ် စမတ်ဖုန်းများကတော့ Li-Ion Battery သုံးထားလို့ တခြားဖုန်းက ဘတ္ထရီဖြုတ်ပြီး ထည့်သုံးလို့မရတော့ပါဘူး။
ဖြစ်နိုင်လျှင် အမျိုးအစားတူတာ တစ်မျိုးတည်းပဲ ရွေးသုံးသင့်ပါတယ်။
 Credit - Mytechmyanmar
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ 
တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
ဖုန်းတွေသုံး လို့ ပူလာရင်ဘယ်လိုလုပ်မလဲ  ? Title : ဖုန်းတွေသုံး လို့ ပူလာရင်ဘယ်လိုလုပ်မလဲ ?
Description : ဖုန်းပြောနေရင်း ဒါမှမဟုတ် Game ဆော့နေရင်း ရုပ်ရှ င်ကြည့်နေရင်း ဖုန်းဘတ္ထရီပူလာတတ်တာ ကြုံဖူးကြပါမယ်။ ဖုန်းကို အသုံးများလို့ ပူလာတာထက်...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top