မျက်နှာအဆီပြန်ခြင်းကို အထူး သက်သာသွားစေမယ့် နည်းလမ်းကောင်းများ


အဆီပြန်ခြင်းကြောင့် ဆားဝက်ခြံ ၊ ဝက်ခြံနှင့် အခြားသော အရေပြားပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ် ။ မျိုးရိုးဗီဇ ၊ နေထိုင်စားသောက်မှု မှားယွင်းခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် ဟော်မုန်း အပြောင်းအလဲတွေကြောင့် အသားအရေဟာ အဆီပြန်ခြင်းဖြစ်ပါတယ် ။ မျက်နှာအဆီပြန်လို့ စိတ်ညစ်နေသူများအတွက် သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ရှာဖွေပေးထားပါတယ်နော် ။

ကြက်ဥအကာသုံးနည်း
ဗီတာမင်အေ ကြွယ်ဝတဲ့ ကြက်ဥအကာမှာ အဆီပြန်ခြင်းကို ကင်းဝေးစေပြီး အသားအရေကိုလည်း တင်းတင်းရင်းရင်း ဖြစ်စေပါတယ် ။ ကြက်ဥအကာသီးသန့်ကို မျက်နှာတပြင်လုံးမှာ သုတ်လိမ်းပြီး ခြောက်သွားလျှင် ခပ်နွေးနွေးရေဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ။ ၁ပါတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အဆီပြန်ခြင်းကို သိသိသာသာ သက်သာလာစေမှာပါ ။ ဒါ့အပြင် အသားအရေကိုလည်း တင်းရင်းစေတာကြောင့် ငယ်ရွယ်နုပျိုသော အသွင်အပြင်ကိုလည်း ရရှိစေမှာပါနော် ။ ကြက်ဥအကာချည်း သီးသန့်မသုံးချင်သူများအနေဖြင့် သံပုယိုရည် အနည်းငယ်ရောကာ သုံးနိုင်ပါတယ် ။

သခွားသီးသုံးနည်း
သခွားသီးဟာ အဆီပြန်ခြင်းကို သက်သာစေတဲ့အပြင် အသားအရေကို အေးမြစေပြီး နူးညံ့မှုရှိစေပါတယ် ။ ညအိပ်ရာ ဝင်ခါနီးတိုင်း သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာအနှံ့ပွတ်ပေးပြီးမှ အိပ်ပါ ။ မနက်ခင်းမှာ ခပ်နွေးနွေးရေဖြင့် ဆေးကြောလိုက်ပါ ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးရမှာပါ ။

ခရမ်းချဉ်သီးသုံးနည်း
ခရမ်းချဉ်သီးဟာ အသားအရေကို သန့်စင်စေပြီး အဆီပြန်သောအသားအရေအတွက် အထူးသင့်တော်ပါတယ် ။ ခရမ်းချဉ်သီးတစ်လုံးကို တခြမ်းခြမ်းလိုက်ပြီး မျက်နှာပြင်အနှံ့ ပွတ်ပေးပါ ။ ခရမ်းချဉ်သီးရည်များ မျက်နှာအရေပြားထဲ စိမ့်ဝင်သည်အထိ ၁၅မိနစ် ၊မိနစ် ၂၀ခန့် ထားလိုက်ပါ ။ ပြီးသွားရင်တော့ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ ။ အဆီပြန်ခြင်းကို သက်သာစေရုံမက ဆားဝက်ခြံများပါ သက်သာပျောက်ကင်းသွားပါလိမ့်မယ် ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ် ၂ကြိမ် မှ ၃ကြိမ်ခန့်အထိ ပြုလုပ်နိုင်ပါသည် ။

သံပုယိုသီးသုံးနည်း
သံပုယိုရည် တစ်ဆ ၊ ရေ တစ်ဝက်ခန့်ကို ရောပြီး ဂွမ်းဖြင့်တို့ကာ မျက်နှာပေါ်သို့ လိမ်းပေးပါ ။၁၀မိနစ်ကြာလျှင် ရေနွေးလေးဖြင့် ဆေးကြောပေးပါ ။သံပုယိုရည်ဟာ အရေပြားကို ခြောက်သွေ့စေနိုင်တာကြောင့် မျက်နှာသစ်ပြီးလျှင် အစိုဓါတ်ထိန်းခရင်တစ်မျိုးမျိုးကို လိမ်းပေးပါ။ တစ်နေ့တစ်ကြိမ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် အဆီပြန်ခြင်းကင်းကာ မျက်နှာလေး ဖြူဝင်းလာစေနိုင်ပါတယ် ။

ဒိန်ချဉ်အသုံးပြုနည်း
ဒိန်ချဉ်မှာပါဝင်တဲ့ lactic acid က အသားအရေကို ဖြူဝင်းစေပြီး အဆီတွေကိုလည်း စုပ်ယူနိုင်စွမ်း ရှိပါတယ် ။ အရောအနှောမပါသော ဒိန်ချဉ်သီးသန့်ကို မျက်နှာပေါ်အနှံ့လိမ်းပြီး မိနစ် ၂၀ခန့် ထားလိုက်ပါ ။ ထို့နောက် ရေအေးဖြင့် ဆေးကြောပေးပါ ။ အဆီပြန်ခြင်း သက်သာတဲ့အထိ တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။

မူရင်း = Credit

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက>>  
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

မျက်နှာအဆီပြန်ခြင်းကို အထူး သက်သာသွားစေမယ့် နည်းလမ်းကောင်းများ Title : မျက်နှာအဆီပြန်ခြင်းကို အထူး သက်သာသွားစေမယ့် နည်းလမ်းကောင်းများ
Description : အဆီပြန်ခြင်းကြောင့် ဆားဝက်ခြံ ၊ ဝက်ခြံနှင့် အခြားသော အရေပြားပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ် ။ မျိုးရိုးဗီဇ ၊ နေထိုင်စားသောက်မှု မှာ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top