MPT က မြန်နှုန်းမြှင့် LTE(4G) + ကွန်ရက်ကို တစ်နိုင်ငံလုံးရရှိစေရန်ဆောင်ရွက်လျှက်ရှိ

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်း MPT ကပုံမှန် LTE(4G) ထက် ၂ ဆပိုမြန်သည့် မြန်နှုန်းမြှင့်အင်တာနက် ၀န်ဆောင်မှုကို LTE + အမည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အနှံ့ရရှိ စေရန်ဆောင်ရွက်လျှက်ရှိကြောင်း MPT ကသိရပါတယ်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့်နေပြည်တော် မြို့များတွင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့၊ Park Royal Hotel တွင်ပြုလုပ်သော MPT ၏ LTE+ မိတ်ဆက်ပွဲကသိရပါတယ်။
ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ကခွင့်ပြုထားသော 1.8 GHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့်နှင့်အတူ MPT က သာမန် 4G/LTE ထက်ပိုမိုမြန်ဆန်သော မိုးဘိုင်းလ်အင်တာနက်ကိုပေးအပ်သွားမှာဖြစ်ကြောင်း MPT အနေဖြင့် နောက်ဆုံးပေါ် 4×4 Multiple Input Multiple Output (MIMO) နည်းပညာအသုံးပြုပြီးဆောင်ရွက်ထားသဖြင့် 4G/LTE  2×2 MIMO ထက်သာလွန်သော ဒေတာမြန်နှုန်းကို ရရှိမှာဖြစ်ကြောင်း MPT ကသိရပါတယ်။ထို့ပြင်  LTE+ အင်တာနက် အမြန်နှုန်းကို 75 Mbps မှ 150 Mbps အထိတိုးမြှင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
“ MPT ရဲ့ LTE+ ကွန်ရက်ကို အားဖြည့်ပေးနေတဲ့ နောက်ဆုံးပေါ်နည်းပညာက အရင်ကရှိတဲ့ ကွန်ရက်နဲ့မတူဘဲ အလွန်လျှင်မြန်တဲ့ မိုဘိုင်းလ်ဒေတာ အမြန်နှုန်းကိုရယူအသုံးပြုနိုင်မှာဖြစ်ပြီး ရှိပြီးသာ Data Packs တွေ၊ Pay-as-You-Go အစီအစဉ်တွေကိုလည်း အရင်နှုန်းထားအတိုင်းပဲ ကျသင့်မှာဖြစ်ပါတယ်။LTE+ ရဲ့ပုံမှန်ထက်နှစ်ဆ မြန်တဲ့အမြန်ဆုံးအင်တာနက်နဲ့ဆို ဒေတာအသုံးပြုသူတွေအနေနဲ့ ဖိုင်းဆိုဒ်ကြီးတာတွေကို Download ရယူတဲ့အခါနဲ့ ပို့တဲ့အခါတွေ၊ ဒေတာများများသုံးစွဲရတဲ့ ဂိမ်းတွေကစားတဲ့အခါနဲ့ HD ဗီဒီယိုတွေကြည့်တဲ့အခါ တွေမှာ အရမ်းကွာခြားနေတာကို ခံစားရမှာပါ” ဟု MPT-KSGM Joint Operations မှ CEO Mr. Toshitake Amamiya ကပြောကြားခဲ့ပါတယ်။
MPT အနေဖြင့် လက်ရှိတွင် LTE + ကွန်ရက်ကို နေပြည်တော် ၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ မြို့နယ်ပေါင်း ၄၇ မြို့တွင် အသုံးပြုလို့ရနေပြီဖြစ်ပြီး ဇူလိုင်လတွင် ပဲခူး၊တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ နှင့် ပုသိမ်မြို့ကြီးများ တွင်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သြဂုတ်လတွင် မြို့ကြီး ၂၀ ကျော် နှင့် စက်တင်ဘာလတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မြို့ကြီး ၃၀ ကျော်တို့တွင်စတင်အသုံးပြုနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။ ယခင် GSM ဆင်းကတ်အဟောင်းအသုံးပြုသူများအနေဖြင့် ဆင်းကတ်အဟောင်းများကို မူရင်းဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်သုံးနိုင်သောဆင်းကတ်အသစ်များဖြင့် MPT အမှတ်တံဆိပ်ဆိုင်များတွင် ၀န်ဆောင်ခပေးစရာမလိုပဲ လဲလှယ်နိုင်ကြောင်း သိရပါတယ်။


Credit

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ
MPT က မြန်နှုန်းမြှင့် LTE(4G) + ကွန်ရက်ကို တစ်နိုင်ငံလုံးရရှိစေရန်ဆောင်ရွက်လျှက်ရှိ Title : MPT က မြန်နှုန်းမြှင့် LTE(4G) + ကွန်ရက်ကို တစ်နိုင်ငံလုံးရရှိစေရန်ဆောင်ရွက်လျှက်ရှိ
Description : မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်း MPT ကပုံမှန် LTE(4G) ထက် ၂ ဆပိုမြန်သည့် မြန်နှုန်းမြှင့်အင်တာနက် ၀န်ဆောင်မှုကို LTE + အ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top