ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ?


ကျွန်တော်တို့ ဖုန်းတစ်လုံးကို အင်တာနက်သုံးတဲ့နေရာမှာ တစ်နေ့တစ်ခြား Data တွေ တက်လာတာ တွေ့ရပါတယ်။ Facebook တို့ Viber တို့ကအစ ကွန်ပျူတာနဲ့သုံးရင် Log Out လုပ်လေ့ရှိကြပေမယ့် ဖုန်းနဲ့သုံးရင် ပုံမှန်အားဖြင့် Log Out လုပ်လေ့မရှိကြပါဘူး။ သုံးတာကြာလာတာနှင့်အမျှ Data တွေ တဖြည်းဖြည်းတက်လာပြီး Storage တက်လာပါတယ်။ အဲဒီလို Storage တက်လာတာနှင့်အမျှ စမတ်ဖုန်းဟာ လေးလံလာတော့တာပါပဲ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စမတ်ဖုန်းတစ်လုံးကို ပေါ့ပါးအောင် ဘယ်လိုလုပ်မလဲဆိုတာကို အသေးစိတ်ဖော်ပြပါမယ်။

၁။ မကြာခဏ Restart ချပါ။

တော်တော်များများက ဖုန်းကို သုံးကြပေမယ့် Restart ချတဲ့အလေ့အကျင့်မရှိကြပါဘူး။ ဖုန်းတွေဟာ သုံးတာကြာလာတာနှင့်အမျှ အပူတွေတက်လာပြီး လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့ကို Restart ၂ကြိမ် ၊ ၃ကြိမ်ခန့် ချပေးပါ။ လူတွေတောင် အိပ်စက်အနားယူရသလို ဖုန်းတွေအတွက်လည်း ရေရှည်ခိုင်မြဲဖို့အတွက် အနားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ လူအိပ်ပြီဆိုလျင် ဖုန်းကိုလည်း စက်ပိတ်ထားသင့်ပါတယ်။

၂။ Software အားလုံးကို နောက်ဆုံး Version တင်ထားပါ။

စမတ်ဖုန်းတွင် Software များအားလုံး Version အသစ်ထွက်တိုင်း Update လုပ်ထားသင့်ပါတယ်။ Latest Version Software များသည် စွမ်းဆောင်ရည်မြင့်မားရုံသာမက ဘတ္ထရီသက်တမ်းကိုလည်း ကြာရှည်စေပါတယ်။

၃။ မလိုအပ်တဲ့ Data ၊ Application တွေကို ဖျက်ပစ်ပါ။

စမတ်ဖုန်းတွေမှာ Application တွေ Run ရတာ များလာရင် (သို့မဟုတ်) ဗီဒီယိုဖိုင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေ စသဖြင့် Data တွေထည့်ထားတာ များလာရင်တော့ ဖုန်းဟာ လေးလံလာပါတယ်။ ကိုယ် အသုံးမပြုတဲ့ Application များကို Uninstall လုပ်ထားခြင်း ၊ ကိုယ်အသုံးမလိုတော့တဲ့ Data တွေကို Delete လုပ်ခြင်း စသည်တို့ လုပ်ထားတာက အကောင်းဆုံးပါ။

၎။ Cache ကို Clear လုပ်ပါ။

စမတ်ဖုန်းတွေဟာ အင်တာနက်သုံးတာများလာတာနှင့်အမျှ Cache File တွေ ဝင်ရောက်လာပြီး စက်လေးလာတွေ ဖြစ်လာပါတယ်။ စမတ်ဖုန်းရဲ့ Setting မှတဆင့် Clear Cache လုပ်ကာ Cache File များကို ရှင်းလင်းနိုင်ပါတယ်။ ထို့အပြင် အခြား Cache Cleaner Application များမှလည်း ရှင်းလင်းနိုင်ပါတယ်။

၅။ Live Wallpaper များကို ပိတ်ထားပါ။

စမတ်ဖုန်းများမှာ Live Wallpaper Application များအသုံးပြုထားလျင် အချိန်တိုင်း အလုပ်လုပ်နေရသောကြောင့် စက်လေးခြင်း ၊ အားကုန်မြန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Live Wallpaper တွေကို အသုံးမပြုဘဲ ရိုးရိုး Wallpaper ကိုသာ အသုံးပြုသင့်ပါတယ်။

Credit...

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ
ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ? Title : ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ?
Description : ကျွန်တော်တို့ ဖုန်းတစ်လုံးကို အင်တာနက်သုံးတဲ့နေရာမှာ တစ်နေ့တစ်ခြား Data တွေ တက်လာတာ တွေ့ရပါတယ်။ Facebook တို့ Viber တို့ကအစ ကွန်ပျူတာနဲ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top