အက်ပလီကေးရှင်းပေါင်းတစ်သိန်းကျော်ပါဝင်သည့် “App Zone” ကို အူရီဒူးကမိတ်ဆက်


ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သော အူရီဒူးက အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်ပြီး မိမိကြိုက်နှစ်သက်ရာကို အလွယ်တကူ ဒေါင်းလုတ်ပြုလုပ်နိုင်မည့် App Zone ကိုမိတ်ဆက်လိုက်ကြောင်း အူရီဒူးကသိရပါတယ်။

App Zone ကို အသုံးပြုသူများအနေဖြင့် အီးမေးလ်ဖြင့်မှတ်ပုံတင်စရာမလိုခြင်း (သို့) အသုံးပြုရန်အတွက် အချက်အလက်ဖြည့်သွင်းပြီး ဖွင့်ရခြင်းများ ပြုလုပ်စရာမလိုဘဲ App Zone ကို ဒေါင်းလုပ်ရယူရန်သာလိုအပ် ကြောင်း App Zone ကို မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်းပြီးသည် နှင့်တစ်ပြိုင်နက် အက်ပလီကေးရှင်းများကို ဒေါင်းလုတ် လုပ်ပြီးစတင်ရယူနိုင်ဖြစ်ကြောင်း အူရီဒူးကသိရပါတယ်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ယခု အူရီဒူးကနေ မိတ်ဆက် ပေးလိုက်တဲ့ App Zone ဟာမြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အက်ပလီကေးရှင်းပေါင်းများစွာကို ဒေါင်းလုတ် ရယူနိုင်တဲ့ ၀န်ဆောင်မှုဖြစ်တာကြောင့် ကျွန်မတို့ အူရီဒူးမြန်မာရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်လာစေခဲ့ ပါတယ်။ ယခင်က ဒေါင်းလုပ်ပြုလုပ်ခွင့်မရခဲ့တဲ့ အက်ပလီကေးရှင်းတွေကို ယခုအခါမှာတော့ App Zone ကတဆင့်ရယူနိုင်ပြီဖြစ်ပါတယ်။ အူရီဒူးမြန်မာရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံသားတွေ အင်တာနက် ချိတ်ဆက် အသုံးပြုခြင်းဖြင့် တောက်ပကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေလိုပါတယ်။ အခု မိတ်ဆက် ပေးလိုက်တဲ့ အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် အူရီဒူးမြန်မာရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေ ဟာယခင်က အသုံးပြုခွင့် မရတာတွေကို သုံးခွင့်ရတော့မှာဖြစ်တဲ့အတွက် နှစ်သက်ကျေနပ်ကြလိမ့်မယ်ဟု မျှော်လင့်မိပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့်မှတဆင့် App Zone ကို << ဒီ​နေရာမှာ >> ရယူနိုင်သလို *7799# သို့ဖုန်းခေါ်ဆို၍လည်း ရယူနိုင်ပါတယ်။ ၀န်ဆောင်မှုများကို တိုးချဲ့ပြီး ပုံစံမျိုးစုံဖြင့် ၎င်း၏၀န်ဆောင်မှုကို အသုံးပြုသူများတွက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အူရီဒူးကထုတ်ပြန်ထားပါတယ်။

Credit = မူရင်း

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကို ခင်​မင်​လျှက်​။
CKK - နည်းပညာ
အက်ပလီကေးရှင်းပေါင်းတစ်သိန်းကျော်ပါဝင်သည့် “App Zone” ကို အူရီဒူးကမိတ်ဆက် Title : အက်ပလီကေးရှင်းပေါင်းတစ်သိန်းကျော်ပါဝင်သည့် “App Zone” ကို အူရီဒူးကမိတ်ဆက်
Description : ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သော အူရီဒူးက အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်ပြီး မိမိကြိုက်နှစ်သက်ရာကို အလွယ်တကူ ဒေါင်းလုတ်ပြုလုပ်နိုင်...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top