လာမည် (၂) နှစ်အတွင်း Facebook ပေါ်တွင် လက်ဖြင့် စာရိုက်စရာမလိုပဲ စိတ်ဖြင့် အာရုံထဲကအတိုင်း စာရိုက်နိုင်တော့မည်။



ခေတ်မီနည်းပညာများတိုးတက်လာမှုမှာ နောင်တချိန် facebook သုံးသည့်အချိန်တွင် လက်ဖြင့်စာရိုက်စရာမလိုပဲ စိတ်ဖြင့်မိမိရိုက်လိုသည့်စာသားကိုရိုက်နိုင်တော့မည်ဖြစ်ပါသည်။

အဆင့်လွန်AI စနစ်များကိုအကောင်အထည်ဖော်ရန်ရည်ရွယ်ထားသည့် facebook မှာမိမိအတွေးစိတ်ကူးများထဲတွင်ရှိသမျှကိုလက်ချောင်းများအသုံးပြုပြီး စာရိုက်စရာမလိုပဲဦးနှောက်နှင့်ကွန်ပျုတာ ချိတ်ဆက်နို်င်သည့် interface တစ်မျိုးကိုဖန်တီးရန်အတွက် Building 8 သုတေသနအဖွဲ့တစ်ခုကိုဖွဲ့စည်းထားကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါသည်။

ယင်းအဖွဲ့မှာ facebookကဲ့သို့ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်ကြီး၏ လျှို့ဝှက်အဖွဲ့အစည်းဖြစ်ပြီး ယခင်က Google ရဲ့ ATAP သုတေသနအဖွဲ့ အကြီးအကဲဟောင်းနဲ့ DARPA မှ ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ရက်ဂျီနာ ဒက်ဂန်ကနေ ဦးဆောင်တီထွင်ကြံဆနေတာ ဖြစ်ပါသည်။

ဒူဂန်ဟာ စိတ်နဲ့ စာရိုက်နိုင်မည့် ယခုပရောဂျက်အကြောင်းကို Facebook ရဲ့ F8 Developer Conference မှာ လူသိရှင်ကြားကြေငြာလိုက်ခြင်း ဖြစ်ပါသည်။

ယင်း၏အဆိုအရ ယခုပရောဂျက်မှာတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာတွင် ဦးနှောက်ကို yes-no click လေးတစ်ခု ကလစ်လိုက်သလို လွယ်လွယ်လေး နဲ့ စာရိုက်နိုင်မယ့် တစ်စုံတစ်ခုကို ဖန်တီးနေသည်ဟုဆိုပါသည်။

သူပြောသည့်နည်းပညာမှာ ကွန်ပျူတာပုံဖော်စနစ်အတွက်ဦးနှောက်ကို mouse ကဲ့သို့အသုံးပြုနိုင်မည့် နည်းပညာတစ်မျိုး ဖြစ်ပြီး လူ့ ဦးနှောက်မှတွေးခေါ်သည့် လှုပ်ရှားမှုမှတိုက်ရိုက်ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

ယခုလိုဆက်သွယ်ရာတွင်လက်ချောင်းအပါအဝင်ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလုံးဝသုံးစရာမလိုဘူးလို့ လည်း သိရပါသည်။

စတန်းဖို့ မှသုတေသနပညာရှင်များသည် ကိုယ်တစ်ခြမ်းသေလူနာများကို အတွေးသက်သက်နဲ့ တစ်မိနစ်ကို စာလုံးရှစ်လုံးအထိ ရိုက်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးခဲ့ပါသည်။

ဒီစနစ်ကိုမှ အခြေခံပြီး ဒူဂန်အပါအဝင် Building 8 မှ ပညာရှင်များဟာ တစ်မိနစ်ကို အလုံးရေ ၁၀၀ အထိ စိတ်နဲ့ အမြန်စာရိုက်နိုင်အောင် ကြိုးစားနေခြင်း ဖြစ်ပါသည်။

လက်ရှိတွင်Facebook မှ ယခုပရောဂျက်အတွက် UC San Francisco ၊ UC Berkelay ၊ Johns Hopkins Medicine၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အသုံးချ ရူပဗေဒဓါတ်ခွဲခန်းနဲ့ စိန့် လူးဝစ်ဇ်မှ ဝါရှင်တန်ဆေးတက္ကသိုလ်များမှ သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာပေါင်း ၆၀ကျော် ပါဝင်တဲ့ ပညာရှင်များနဲ့ စမ်းသပ်တီထွင်နေပါသည်။
နမူနာအဆင့်ကို ဖန်တီးနိုင်ပြီ ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်းတွင် အသုံးပြုနိုင်ဖွယ်ရှိနေပါသည်။


Credit - Myanmar IT Directory

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

သတင်းနှင့်​ နည်းပညာစွယ်​စုံ
လာမည် (၂) နှစ်အတွင်း Facebook ပေါ်တွင် လက်ဖြင့် စာရိုက်စရာမလိုပဲ စိတ်ဖြင့် အာရုံထဲကအတိုင်း စာရိုက်နိုင်တော့မည်။ Title : လာမည် (၂) နှစ်အတွင်း Facebook ပေါ်တွင် လက်ဖြင့် စာရိုက်စရာမလိုပဲ စိတ်ဖြင့် အာရုံထဲကအတိုင်း စာရိုက်နိုင်တော့မည်။
Description : ခေတ်မီနည်းပညာများတိုးတက်လာမှုမှာ နောင်တချိန် facebook သုံးသည့်အချိန်တွင် လက်ဖြင့်စာရိုက်စရာမလိုပဲ စိတ်ဖြင့်မိမိရိုက်လိုသည့်စာသားကိုရိုက်...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top