သင်္ကြန်တွင်း အပြင်ထွက်လေ့မရှိသူများ အခုထဲက ကြိုပြင်ဆင်ထားသင့်သည့် အရာများ




သင်္ကြန်တွင်းမှာ အပြင်မှာ ရေမကစားပဲ အိမ်တွင်းအောင်းပြီး လုပ်ချင်ရာလုပ်မယ့်သူတွေလည်း ရှိနေမယ်လို့ ယုံကြည်ပါ တယ်။ ဒါပေမယ့် သင်္ကြန်အတွင်းမှာ မြန်မာရိုးရာထုံးစံအရ ကုန်ရောင်းကုန်ဝယ် မပြုကြလို့ အိမ်တွင်းအောင်းမဲ့သူတွေအ တွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။

ဥပမာအားဖြင့် အိမ်တွင်းအောင်းနေချိန်မှ ကြက်ဥစားချင်လို့ ထွက်ဝယ်တဲ့အခါ ဆိုင်မဖွင့်တာမျိုး ကြုံရတတ်ပါတယ်။ ဒီတော့ သင်္ကြန်မှာ အိမ်တွင်းအောင်းပြီး တစ်ကိုယ်ရေဖြတ်သန်းလိုသူတွေ အခက်အခဲ မရှိစေဖို့ Shwemom က အောက်ပါ အတိုင်း အကြံပေးချင်ပါတယ်။

(၁) စားစရာသောက်စရာ ပြည့်စုံစွာ ၀ယ်ထားပါ


စောစောကပြောသလို သင်္ကြန်တွင်းမှာ ဆိုင်တွေအားလုံးနီးပါး ပိတ်လေ့ရှိပါတယ်။ ဒါကြောင့် မိမိ အကြိုက်ဆုံး အစားအစာ တွေ၊ သောက်စရာတွေ၊ ယမကာတွေကို ကြိုဝယ်ထားဖို့ လိုပါတယ်။ အရက်ဘီယာကဲ့သို့သော မပုပ်သိုးနိုင်တဲ့ ပစ္စည်းမျိုးဆိုရင် ဖြစ်နိုင်ရင် နှစ်ပတ်လောက်ကတည်းက ကြိုဝယ်ထားရင် မမှားပါဘူး။ သင်္ကြန်တွင်းမှာ ဘယ်တုန်းကမှ ဒီဟာတွေကို ပုံမှန်ဈေးနှုန်းနဲ့ မရဘူးဆိုတာ
ထုံးစံပါဘဲ။


(၂) ကြည့်စရာအခွေ/ဖတ်စရာ စာအုပ်တွေစုထားပါ 

ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ အကောင်းဆုံးနေ့စွဲတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်တိုက်ကြီး ကြည့်ဖို့ စိတ်မကူးပါနဲ့။ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ အခွေတွေလည်း ပြည့်စုံအောင် စုဆောင်းထားဖို့ လိုပြီး၊ စာဖတ်ဝါသနာ အိုးတွေအတွက်လည်း ကြိုကြိုတင်တင် စာအုပ်တန်း ထိုးထားရမယ့် အချိန်ဖြစ်ကြောင်း သတိပေးချင်ပါတယ်။


(၃) မိမိအားသန်တဲ့ စားစရာသောက်စရာတွေ လုပ်စားဖို့ စီစဉ်ပါ


တစ်ချို့တော့ အပျော်သဘောနဲ့ စားစရာသောက်စရာ ဆန်းဆန်းတွေ လုပ်စားတာမျိုး ရှိပါတယ်။ ကြက်ကင်စားခြင်း၊ ၀က်ပေါင်းစားခြင်း၊ မုန့်အမျိုးမျိုးလုပ်စားခြင်းတွေဟာလည်း ပျော်စရာကောင်းပါတယ်။ ဒီတော့ ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်ဖူးဆိုရင် Gide စာအုပ်တွေ၊ ဗွီဒီယိုတွေ ကြိုတင်ရှာထားပါ။ လိုအပ်မယ့် ကုန်ပစ္စည်းလည်း ကြိုတင်ဝယ်ထားပါ။

(၄) ဂိမ်းဝါသနာအိုးဆိုရင် ဖုန်းဘေလ်ဖြည့်ထားပါ



အင်တာနက်နဲ့ချိတ်ဆက်ပြီး ဂိမ်းကစားလေ့ရှိသူတွေအတွက်တော့ သင်္ကြန်အားလပ်ရက်ဟာ အနှောက်အယှက်ကင်းကင်း ကစားလို့အကောင်းဆုံးအချိန်ပါ။ တစ်ချို့က ဂိမ်းစက်နဲ့ ကစားကြပါတယ်။ ဒီတော့ ကစားလို့ကောင်းမယ့် အခွေတွေ မရှိသေးရင် ကြိုဝယ်ထားဖို့ လိုပါတယ်။ အင်တာနက်ဂိမ်းသမားတွေကတော့ ဖုန်းငွေဖြည့်ကတ်ကို လုံလုံလောက်လောက် ကြိုတင်ဝယ်ထားပါ။ သင်္ကြန်တွင်းမှာ ဆိုင်တွေမဖွင့်ရင် ဂိမ်းဆော့ရတာ တိုးလို့တန်းလန်း ဖြစ်တတ်ပါတယ်။ 

Credit 

ဓာတ်ပုံ – အင်တာနက်/မူရင်းဓာတ်ပုံပညာရှင်များကို လေးစားစွာ Credit ပေးပါသည်။

CKK ( နည်းပညာ )
သတင်းနှင့်​ နည်းပညာစွယ်​စုံ

သင်္ကြန်တွင်း အပြင်ထွက်လေ့မရှိသူများ အခုထဲက ကြိုပြင်ဆင်ထားသင့်သည့် အရာများ Title : သင်္ကြန်တွင်း အပြင်ထွက်လေ့မရှိသူများ အခုထဲက ကြိုပြင်ဆင်ထားသင့်သည့် အရာများ
Description : သင်္ကြန်တွင်းမှာ အပြင်မှာ ရေမကစားပဲ အိမ်တွင်းအောင်းပြီး လုပ်ချင်ရာလုပ်မယ့်သူတွေလည်း ရှိနေမယ်လို့ ယုံကြည်ပါ တယ်။ ဒါပေမယ့် သင်္ကြန်...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top