ချစ်သူနမ်းလို့ ကျန်ခဲ့တဲ့ အညိုအမည်းကွက်တွေ အမြန်ကွယ်ပျောက်ဖို့ နည်းလမ်းများ...



ချစ်သူနဲ့ကြတဲ့အခါ အနည်းဆုံးတော့ အနည်းပွင့်လေးတွေ ခြွေကြမှာပါ။ ချစ်သူရဲ့ လည်တိုင်၊ ချစ်သူရဲ့ ပါးပြင်၊ ချစ်သူရဲ့ နှုတ်ခမ်းတွေဟာ အနမ်းပန်းတွေ ခြွေစိုက်ရာ မဟာပထ၀ီမြေကြီးတွေပါဘဲ။ ဒီတော့ အညိုကွက်ကြီးတွေ ထင်တတ်ပါတယ်။ အဲဒီမှာ တစ်ချို့ကကျတော့ ချစ်သူကို ခိုးကြောင်ခိုးဝှက် တွေ့ရတာမို့ ဒီအညိုကွက်ကြီးတွေဟာ ဟင်းခိုး
စားတဲ့သူရဲ့ မျက်နှာ အိုးမည်းပေနေသလို ရိုက်မေးစရာမလိုပဲ ပေါ်တတ်ပါတယ်။ ဒီအညိုအမည်းကွက်ကြီးတွေ အမြန်ကွယ်
ပျောက်ဖို့ CKK ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေခဲအုပ်ပေးပါ


အညိုအမည်းစွဲနေတဲ့ နေရာကို ရေခဲ၊ သို့မဟုတ် အအေးခံထားတဲ့ ငွေအကြွေစေ့၊ ဇွန်း၊ ပုဝါ စသည်တို့နဲ့ အကြိမ်နှစ်ဆယ်
လောက် ကပ်ပေးပါ။ တစ်ခါကပ်တိုင်း စက္ကန့် 30 လောက် ကြာပါစေ၊ အမှန်က နှုတ်ခမ်းနဲ့ စုပ်လိုက်တဲ့ သွေးကြောတွေ
ဖောင်းပွပြီး ဒဏ်ပေါ်တာ ဖြစ်ပါတယ်။


(၂) ရေနွေးနဲ့ ကြက်ထုပ်ထိုးပါ

ဒီနည်းက ရေခဲ မလွယ်ရင် သုံးနိုင်တဲ့ နည်းပါ။ ရေနွေးက အရမ်းကြီး ပူနေစရာ မလိုပါဘူး။ သန့်စင်တဲ့ ပုဝါ၊ တဘက် စတာကို ခဏစိမ်ပြီး၊ အညိုအမည်းစွဲနေတဲ့ နေရာမှာ ကပ်ပေးရတာ ဖြစ်ပါတယ်။ ဒီနည်းကတော့ နံပတ် 1 နည်းထက် ပိုထိ
ရောက်ပြီး၊ ဘေးကင်းပါတယ်။ အကြောင်းကတော့ သွေးတည်နေတဲ့နေရာကို ရေခဲနဲ့ကပ်လိုက်ရင် သွေးခဲပြီး၊ သွေးလည်
ပတ်မှုကို ကမောက်ကမ ဖြစ်နိုင်ပါတယ်။


(၃) လျှားစောင်းလက်ပတ်လိမ်းပေးပါ

နံပတ်(3)နည်းကလည်း လူတော်တော်များများ သုံးကြပါတယ်။ လျှားစောင်းလက်ပတ် လိမ်းပေးရင် နာရီအနည်းငယ်အ
တွင်းမှာတောင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။



(၄) ငှက်ပျောခွံကလည်း၊ အစွမ်းထက်ပါတယ်

ရတဲ့နည်းနဲ့ ပျောက်အောက်လုပ်ချင်ရင်တော့ ငှက်ပျောသီးရှိလည်း ဖြစ်ပါတယ်။ ငှက်ပျောခွံကို ယူပြီး အညိုအမည်းစွဲတဲ့နေ
ရာကို ကပ်ထားလိုက်ပါက အချိန်တိုအတွင်းမှာ ပျောက်ကင်းကြောင်း လက်တွေ့လုပ်ဖူးသူတွေက မျှဝေကြပါတယ်။


(၅) လည်ရှည်အင်္ကျီကိုဝတ်ပေးပါ

အပြင်ကို ရုတ်တရက် ထွက်ဖို့ ဖြစ်လာခဲ့ရင် ခပ်တည်တည် လည်ပင်းအထိ ဖုန်းနိုင်တဲ့ လည်ရှည်အင်္ကျီကို ၀တ်ဆင်သင့်ပါ
တယ်။ များသောအားဖြင့် အညိုအမည်းစွဲတာက လည်ပင်းနေရာမှာ ဖြစ်လေ့ရှိလို့ပါ။ လည်ပင်းမှာမဟုတ်ဘဲ၊ တစ်ခြားနေရာ
မှာဆိုရင်တော့ လည်ရှည်အင်္ကျီဝတ်ဖို့ မလိုအပ်ပါဘူး။

Credit. 

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊




CKK ( နည်းပညာ )
သတင်းနှင့်​ နည်းပညာစွယ်​စုံ
ချစ်သူနမ်းလို့ ကျန်ခဲ့တဲ့ အညိုအမည်းကွက်တွေ အမြန်ကွယ်ပျောက်ဖို့ နည်းလမ်းများ... Title : ချစ်သူနမ်းလို့ ကျန်ခဲ့တဲ့ အညိုအမည်းကွက်တွေ အမြန်ကွယ်ပျောက်ဖို့ နည်းလမ်းများ...
Description : ချစ်သူနဲ့ကြတဲ့အခါ အနည်းဆုံးတော့ အနည်းပွင့်လေးတွေ ခြွေကြမှာပါ။ ချစ်သူရဲ့ လည်တိုင်၊ ချစ်သူရဲ့ ပါးပြင်၊ ချစ်သူရဲ့ နှုတ်ခမ်းတွေဟာ အနမ်းပ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top