TWRP ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့် Root လုပ်နည်း....

http://chawandzin.blogspot.com/

TWRP Recovery ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့်
Root လုပ်နည်းကို အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်းက bootloader ကို Unlock ပြုလုပ်ထားပြီးသားနဲ့ Custom Recovery ကို
ထည့်သွင်းထားပြီးသားဆိုရင်တော့ congratulations လို့ ပြောချင်ပါတယ်၊ ဘာကြောင့်လည်း
ဆိုတော့ သင့်ဖုန်း Device က eligible ဖြစ်နေပြီဖြစ်လို့ Root access ရရှိဖို့ လွယ်ကူသွားပါပြီ။



SuperSu ဆိုတာ superuser manager app တစ်ခုဖြစ်ပါတယ်၊ Developer Chainfire မှ ရေးဆွဲ ထားတာဖြစ်ပြီး၊ သူရဲ့ လုပ်ဆောင်ချက်က Root ဖောက်ထားပြီးသား ဖုန်းတစ်လုံးအတွက်
Root permission ကို manage ပြုလုပ်နိုင်ဖို့ အဓိက ဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။

ဒီ Supersu အတွက် Chainfire က Recovery flashable zip ကိုလည်းဖန်တီးပေးထားပါသေးတယ်
အဲဒီ flashable zip က Root access ရရှိနိုင်ရန်အတွက် SuperSu.app နဲ့ binaries require များကို
ထောက်ပံ့ပေးထားတာလည်းဖြစ်ပါတယ်၊ တကယ်လို့သာ သင့်ဖုန်းက Custom Recovery သာထည့်
သွင်းထားပြီးသားဆိုရင်တော့ SuperSu.zip ဖိုင့်ဖြင့် အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။

 မှတ်ချက်
=======
*ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

*Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
*မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် Chaw Ko Ko ( နည်းပညာ အိမ်လေး )မှ တာဝန်မယူပါ။

*ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

*ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
=================== 
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။


၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။


၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။



လိုအပ်ချက်များ
=========
၁။ TWRP Recovery ထည့်သွင်းထားရပါမည်။


၂။ Download SuperSU v2.78 SR3 (latest)

ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း

  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။


၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။


(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)


၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


http://chawandzin.blogspot.com/

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။


ကျွန်တော်တင်သမျှ POST တွေကို FACEBOOK မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ PAGE ကိုနှိပ်ပြီး LIKE လုပ်ထားပေးပါ၊၊ 

FOLLOW ME CHAW KO KO FACEBOOK.

CKK - နည်းပညာ

သတင်းနှင့်​ နည်းပညာစွယ်​စုံ
http://chawandzin.blogspot.com/ http://chawandzin.blogspot.com/ အဆင်ပြေကြပါစေ.... ( ကျောင်းလည်သားလေး )

Today Deal $50 Off : https://goo.gl/efW8Ef
http://chawandzin.blogspot.com/ http://chawandzin.blogspot.com/ အဆင်ပြေကြပါစေ.... ( ကျောင်းလည်သားလေး )

Today Deal $50 Off : https://goo.gl/efW8Ef
TWRP ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့် Root လုပ်နည်း.... Title : TWRP ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့် Root လုပ်နည်း....
Description : TWRP Recovery ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့် Root လုပ်နည်းကို အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top