အားသွင်းကြိုးပေါ်က ဆလင်ဒါ ပုံသဏ္ဍာန်တုံးလေးက ဘာအတွက်လဲ...




အားသွင်းကြိုး ထိပ်နားလေးက ဆလင်ဒါပုံ အရာဝတ္တုလေး တစ်ခု ရှိတာ သတိထား မိပါသလား။ မတွေ့သေးပါက အားသွင်းကြိုး သို့မဟုတ် လျှပ်စစ် ပလပ်ခါင်းရဲ့ အစွန်းနားလေး တစ်ချက် ကြည့်လိုက်ပါ။ ပလတ်စတစ် ဆလင်ဒါလို ဟာမျိုး ရှိနေပါ လိမ့်မယ်

ချာဂျာကြိုးပေါ်က ဆလင်ဒါငယ်လေးဟာ ဘာပါလိမ့်
အကျိုးမဲ့ သက်သက်လို့ ထင်ကောင်း ထင်ရနိုင် ပေမယ့် ဒီပစ္စည်းလေး မရှိဘဲ သင့်လျှပ်စစ် ပစ္စည်း ကိရိယာ မည်မည် ရရ အလုပ် လုပ်နိုင်မှာ မဟုတ်ပါဘူး။ 


ဘာကြောင့်လဲ။ ဒီဆလင်ဒါလေးကို Ferrite bead လို့လည်း သိရပါတယ်။ အီလက်ထရောနစ် လျှပ်စစ် ပတ်လမ်းတွေမှာ လှိုင်းနှုန်းမြင့်ဆူညံသံ ထိန်းချုပ် ဖုံးဖိပေးတဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။
 


ဒီ ferrite bead က ဝိုင်ယာကြိုးက တဆင့် အသံလှိုင်းတွေ ဖြစ်ဖြစ် သို့မဟုတ် AC-DC ကွန်ဗာတာ (သို့) AC လိုင်းက ဆူညံသံ ဖြစ်ဖြစ် လျှပ်စစ် သံလိုက် ဆူညံသံ ကနေ လက်တော့ပ်ကို သီးခြား ခွဲထုတ် ပေးပါတယ်။

လက်တော့ပ်ကြိုး သို့မဟုတ် ပရင်တာစတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အတွက် တွေ့နေကျ ဆိုပေမယ့် မိုဘိုင်းလ်ဖုန်းလို ဟာမျိုးရဲ့ အားသွင်း ကြိုးတွေမှာ တွေ့မှာ မဟုတ်ပါဘူး။ 

ဘာကြောင့်လဲ ဆိုရင် အားသွင်းဖို့ လိုတဲ့ ဆဲလ်ဖုန်း သို့မဟုတ် တခြား လျှပ်စစ် ပစ္စည်းတွေနဲ့ မတူပဲ လက်တော့ပ်တွေမှာ တစ်ချိန်တည်း လုပ်ငန်းများစွာ ဆောင်ရွက် လေ့ရှိခြင်းကြောင့် ဖြစ်ပါတယ်။ 


ဒီအချက်က အစိတ်အပိုင်းများစွာ အတူတကွ လည်ပတ်လုပ်ဆောင်ပါက ပရမ်းပတာဖြစ်ခြင်း၊ စနစ်တကျမရှိခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
 


လက်တော့ပ်အားသွင်းကြိုးပေါ်က ဒီကိရိယာလေးဟာ တုန်ခါမှု လျှော့နည်းသက်သာစေပြီး အနှောင့်အယှက်ဖြစ်စေမှုကနေ ဟန့်တားပေးပါတယ်။
 


Ferrite bead ကို သံလိုက် သတ္တိပါတဲ့ iron oxide နဲ့ ပြုလုပ် ထားပါတယ်။ လျှပ်စီးမှု အလွန်အကျွံ မဖြစ်အောင် ကာကွယ်ပေး ပါတယ်။

အကျိုးရလဒ်အဖြစ် ဒီသတ္တုဝိုင်ယာကြိုးအားလုံးတို့က လျှပ်စစ်ဖြတ်သန်းစီးဆင်းနေစဉ် ရေဒီယို သတ္တိကြွမှု စုပ်ယူခြင်း သို့မဟုတ် ထုတ်လွတ်ခြင်းဖြင့် အင်တင်နာ အဖြစ် လုပ်ဆောင် ပေးနိုင်ပါတယ်။ 


ဒီ ferrite bead မရှိဘဲ ဝိုင်ယာကြိုးမှ ထုတ်လွတ်တဲ့ ရေဒီယို သတ္တိကြွမှုဟာ တခြား အီလက်ထရောနစ် ပစ္စည်းများကြောင့် အနှောင့် အယှက်ဖြစ်စေ နိုင်ပါတယ်။


Credit - မူရင်း


( ::::: - ::::: )

 Post  Facebook   >> 
 Page  Like  

​​​ ​​​​​

​​​
CKK - ​

အားသွင်းကြိုးပေါ်က ဆလင်ဒါ ပုံသဏ္ဍာန်တုံးလေးက ဘာအတွက်လဲ... Title : အားသွင်းကြိုးပေါ်က ဆလင်ဒါ ပုံသဏ္ဍာန်တုံးလေးက ဘာအတွက်လဲ...
Description : အားသွင်းကြိုး ထိပ်နားလေးက ဆလင်ဒါပုံ အရာဝတ္တုလေး တစ်ခု ရှိတာ သတိထား မိပါသလား။ မတွေ့သေးပါက အားသွင်းကြိုး သို့မဟုတ် လျှပ်စစ် ပလပ်ခါင်းရဲ့ အ...
Rating : 5

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။

မန်ဘာဝင်ရောက်အားပေးပါနော်

Recent Slider

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
back to top