အရမ်း အသုံးဝင်တဲ့ App လေး တစ်ခု မျှဝေ ချင် ပါတယ် သိပြီးသား သူတွေကတော့ ကျော်သွားပါ။ ကျွန်တော် ကိုယ်တိုင် လည်း သုံး နေတာပါ အရမ်း ကောင်း လို့ ပြန် လည် မျှဝေ တဲ့ သဘောပါ။ သူက Qubism လို့ ခေါ်တဲ့ 3D Design App တစ်ခုပါ ။
ဟာ….! 3D Design App ဆိုတော့ File Size အရမ်းကြီးမှာပဲ လို့ ထင် ရင် တော့ အန်ကယ် ဦးသိန်းတန် ပရိတ်သတ် ဖြစ် နေ လို့ Sorry ပါ ကွယ် No! လို့ ငြင်း ပရစေ။ 1MB တောင် မရှိပါ ။ ဟာ….! 1MB တောင် မရှိတော့ မကောင်း ပါဘူး ကွာ အလကား အပိုတွေ လို့ ထင် ရင် တော့ အပေါ်က လိုပဲ Sorry ပါ ကွယ် No လို့ ငြင်း ပရစေ ။
File Size ကလည်း သေး တော့ ဖုန်း အများစု မှာ အဆင်ပြေပြေ နဲ့ သုံး လို့ ရပါတယ် ။ သူ့မှာ Drawing Command နည်းနည်း လေး ပဲ ပါတယ်။
ဒါပေမယ့် တော်တော် လေး အသုံးဝင် ပါတယ် Auto Cad ကို တော့ မမှီ ပေမဲ့ မနိမ့် ပါဘူး။ သူက Auto Cad လို မျိုး PC ရဲ့ CPU ကဘယ်လောက် ရှိမှ GPU က ဘယ်လောက် RAM က ဘယ်လောက် OS က ဘာ ရှိမှ ညာ ရှိမှာ မဟုတ်ပါ ကိုယ်သုံးနေတဲ့ ဖုန်း ရှိရင် ကို ရပါပြီ။

သူရဲ့ အားသာချက် တစ်ခုက Free App တစ်ခုပါ။ ကိုယ် ဥာဏ် ရှိရင် ရှိသလို အသုံး ပြု လို့ ရပါတယ် ။ Project တစ်ခု လောက် လုပ် မယ် ဆိုရင် ဒီ ကောင် လေး သုံးပြီး အရင် Design အကြမ်း ဆွဲ ပေါ့ ရိုးရိုး စာရွက် ပေါ်မှာ ဆွဲ တာ ထက် အများကြီး သာ ပါတယ် ။ နောက်တစ်ခု က သူ့ကို ကျွမ်းကျင် ပိုင် နိုင်စွာ အသုံးပြု နိုင်ဖို့ အချိန် အနည်းငယ် ပေး ရပါမယ်။ Auto Cad ကို တောင် သုံး တက် ဖို့ အချိန် အများကြီး ပေးရတာပဲ သုကို့ ၂ ရက် ၃ ရက် လောက် သုံးကြည့်ရင် သေချာ နားလည် လာ မှာပါ ။
အောက်က ပုံ တွေကို ကြည့် လိုက်ဦး ကျွန်တော် ကလိ ထားတာပါ ဘယ် လို နေလဲ ကောင်းလား မကောင်း လား ပြောခဲ့ကြ ဦး။
ကိုယ် က စိတ် ရှည် ရင် စိတ် ရှည် သလို အသေးစိတ် ကျကျ ဆွဲ နိုင် သလို ပုံ က တိကျသေချာ မှာပါ။
ကျွန်တော် အိမ် ပုံ ကို ဆွဲ တုန်းက သေသေချာချာ တိတိကျကျ ဆွဲတာ မှား လိုက် ဖျက် လိုက် မကြိုက် လို့ ပြင် လိုက် နဲ့ ၂ ရက် နီးပါး လောက် ကြာ သွားတယ် ဒါက တိတိကျကျ လုပ် လို့ပါ ပြီး သလွယ် လုပ်ရင် ၂ နာရီ လောက် နဲ့ ပြီးတယ် ။ အရမ်းကောင်း လို့ ပြောပြ တာ ပါ
ကိုယ်က စိတ် မဝင် စား လည်း Download ယူ ထား လိုက်ပါ Size ကလည်း သေးသေး လေး ပါ တစ် ချိန် ချိန် မှာ အသုံးဝင် လာ မှာပါ

မူရင်း Description အတိုင်းကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
[OR]

No comments:
Post a Comment
CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။