Friday, July 28, 2017

မိမိ Blog အတွက် Shotrcut လုပ်နည်း


Blogger မှာ အသုံးတည့်မယ့် နည်းပညာလေး တစ်ခုကို မျှဝေပေး လိုက်ပါတယ်။

သိပ်ပြီး ကြီးကျယ် ခမ်းနားတဲ့ နည်းပညာလေးတော့ မဟုတ်ပေမယ့် မသိသေးသူတွေအတွက်
တော့ အသုံးတည့်မှာပါ။

ကျွန်တော်တို့ဟာ တစ်ခါ တစ်ခါမှာ အွန်လိုင်းကနေ ဖိုင်လေးတွေကို ဒေါင်းယူလိုက်တဲ့ အခါမှာ 
အဲဒီ ဖိုင်တွေနဲ့အတူ Browser Shortcut လေးတွေ ပါလာတာကို သတိထားမိဖူးမှာပါ။

များသောအားဖြင့် အဲဒီ Shortcut တွေ ရေးထားလေ့ ရှိတာက For More Free Softwares 
စသည်ဖြင့်ပေါ့ဗျာ


ကိုယ်က အဲဒါ ဘာဖိုင်လေး ပါလိမ့်လို့ သိချင်တာနဲ့ ဖွင့်လည်း ဖွင့်လိုက်ရော အဲဒီဖိုင်ကို တင်
ပေးထားတဲ့ မူရင် Website ပွင့်သွား ပါလေရော ..

ကိုယ့် Website ကို လိပ်စာ ရေးပေးထား စရာ မလိုတဲ့ အပြင် ကိုယ်တင် ထားတဲ့ ဖိုင်ရဲ့ 
Down load Link ကိုပဲ ယူသုံးထား တာမျိုးတွေ ရှိခဲ့ရင် တကယ်တမ်း ဖိုင်ကို ဖြည်လိုက်
တဲ့ အခါမှာ Visitor တွေ အနေနဲ့ အဲဒီဖိုင်ကို မူလတင်ခဲ့တဲ့ Website/Blogger ကို သိ
သွားစေနိုင်မယ့်နည်းလမ်းလေးတစ်ခုပဲ ဆိုပါတော့

ကဲ ... ကိုယ်တင်လိုက်တဲ့ ဖိုင်တွေနဲ့ အတူ ချုံ့ဖိုင်ထဲမှာ တစ်ခါတည်း ရောထည့်ပေးလိုက်ဖို့ 
အဲဒီလို ကိုယ့်ရဲ့ Website ကို တိုက်ရိုက် ရောက်သွားစေမယ့် Browser Shortcut လေး 
လုပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးမှာပါ ..

ကဲ .. စလိုက်ကြစို့ ..

Desktop ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက New >> Shortcut လို့ ဆွဲ
ယူပြီး နှိပ်လိုက်ပါ


အဲဒီအခါ အောက်က ပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲမှာ ကိုယ့်ဘလော့ရဲ့ URL ကို ထည့်ပေးပါ ..

ဥပမာ - ကျွန်တော့်ဘလော့ အတွက် လုပ်မယ် ဆိုရင် ပုံမှာမြင်တဲ့ အတိုင်း http://simon-
vlog.com လို့ ရိုက်ထည့်ပေး လိုက်ပါတယ် ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲမှာ Shortcut အတွက် ကိုယ်ပေးချင်တဲ့ နံမည်ကို ပေးလိုက်ပါ
ဥပမာ - For More Full Softwares ပေါ့ဗျာ

ပြီးရင် Finish ကို နှိပ်ပေးလိုက်တာနဲ့ ကိုယ့် ၀င်းဒိုးမှာ Default ထားထားတဲ့ Browser 
ရဲ့ Shortcut လေး ရောက်လာပါမယ် အဲဒီ Shortcut ရဲ့ နံမည်ကတော့ ကိုယ်ပေးထား
တဲ့ အတိုင်း For More Full Softwares ပေါ့။

အဲဒါလေးကို Double Click နဲ့ Run လိုက်ရင် ကိုယ့်ရဲ့ Default ထားထားတဲ့ Browser 
နဲ့ အတူ ကိုယ့်ရဲ့ ဘလော့စာမျက်နှာလေးဆီကို ရောက်သွားပါလိမ့်မယ်။

အဲဒီမှာမှ အိုင်ကွန်ပုံကို ပြောင်းချင်သေးတယ် ဆိုရင် အဲဒီ Shortcut ပေါ်မှာ Right Click 
နှိပ်ပြီး ပွင့်လာတဲ့ ထဲက Property ကိုနှိပ် .. အောက်ကပုံအတိုင်းပွင့်လာမယ်


အဲဒီထဲက Change icon ကိုနှိပ် .. အောက်က ပုံအတိုင်း ပွင့်လာမယ်


အဲဒီထဲကမှာ ကိုယ်လိုချင်တဲ့ icon ကို ကလစ်ပေး ဒါမှ မဟုတ် ထပ်ရှာချင် သေးတယ်ဆို
ရင် Browse ကိုနှိပ် ပွင့်လာတဲ့ ထဲက ကိုယ်နှစ်သက်တဲ့ icon ကို ကလစ်ပေးပြီး Ok နှိပ်
နောက်ကျန်နေတဲ့ Box ထဲက Apply နှိပ် Ok နှိပ်


ဒါဆိုရင် သူငယ်ချင်း တို့ရဲ့ Website ကို တိုက်ရိုက် အလည်လာနိုင်မယ့် Shortcut လေး 
တစ်ခုကို စိတ်တိုင်းကျ ရလာပါမယ်။

အဲဒါကိုမှ ကိုယ်တင်မယ့် ဖိုင်တွေနဲ့ အတူရောပြီး ချုံ့ဖိုင်တွေထဲမှာ ထည့်ပေး လိုက်ရုံပဲပေါ့။

ဆိုင်မွန်စာကြည့်ဆိုဒ်:မှ ကူးယူဖေါ်ပြသည်။


ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ



( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။