Friday, June 16, 2017

iPhone 8 ၏ ရှေ့မျက်နှာပြင်နှင့် နောက်ခြမ်းဘက်များ ပေါက်ကြား


တနင်္ဂနွေနေ့တုန်းက နောက်ဆုံးကြေညာထားတဲ့ iOS 11 အသုံးပြုထားတဲ့ iPhone 8 ရဲ့ဒီဇိုင်းဓာတ်ပုံနှစ်ပုံ ပေါက်ကြားခဲ့ပါတယ်။ ယင်းဓာတ်ပုံနှစ်ပုံပါသတင်းကို ကျွန်တော်တို့ inmya.com မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ယနေ့မှာလည်း သတ္တုဖရိန်နှင့် တည်ဆောက်ထားတဲ့ iPhone 8 ရဲ့ပုံတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ယခု ထွက်ပေါ်လာတဲ့ဓာတ်ပုံနှစ်က iPhone 8 ရဲ့ရှေ့မျက်နှာပြင်နှင့် နောက်ဘက်ဓာတ်ပုံတွေ ဖြစ်ကြပါတယ်။

iPhone 8 ဘော်ဒီထုတ်လုပ်ပေးနေတဲ့ စက်ရုံက ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ယခင်ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေထက် ပိုပြီးတော့ ယုံကြည်ရပါတယ်။ ပထမဓာတ်ပုံက iPhone 8 ရဲ့ရှေ့ဘက်နှင့် နောက်ဘက်ပြားများကို ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပြီး Samsung က ထုတ်လုပ်ပေးထားတဲ့ အနားသပ်မဲ့ AMOLED သုံးထားတာ တွေ့ရပါတယ်။ ကျောဘက်မှာ မှန်သုံးထားပြီး သတ္တုဘောင်နှင့်ကွပ်ထားပါတယ်။

ဖုန်းရဲ့ဒီဇိုင်းက မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Essential ဖုန်းဒီဇိုင်းနှင့် တော်တော်လေး ဆင်တူပါတယ်။ ဒါပေမယ့် iPhone 8 ပိုပြီးတော့ အနားသပ်မဲ့ ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ကျောဘက်မှာ လက်ဗွေရာစနစ် မပါဝင်ပါဘူး။ ဒါကြောင့် Apple ဟာ လက်ဗွေရာစနစ်ကို ရုပ်ထွက်အောက်မှာ ထည့်သွင်းလာဖို့ သေချာနေပါတယ်။ ကျောဘက်ကင်မရာနှစ်ခု စနစ်ပါဝင်လာပြီး ဒေါင်လိုက်လုပ်ဆောင်ထားတာ တွေ့ရပါတယ်။


ဒုတိယဓာတ်ပုံမှာတော့ iPhone 8 အပြင် iPhone 7s နှင့် iPhone 7s Plus တို့ရဲ့မျက်နှာပြင်ပြားကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ iPhone 7s နှင့် iPhone 7s Plus တို့ရဲ့ဒီဇိုင်းကတော့ iPhone 7 ဗားရှင်းဒီဇိုင်းကိုပဲ အခြေခံထားပြီး မှန်ကိုပဲ အသုံးပြုလာတာ တွေ့ရပါတယ်။ ယခင်ဗားရှင်းလို အလူမီနီယမ် မသုံးထားပါဘူး။ ဒီဖုန်းသုံးမျိုးလုံးမှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမှာဖြစ်လို့ အခုလို ကျောဘက်ကို မှန်နှင့် တည်ဆောက်ထားတာလို့ ယူဆရပါတယ်။

Credit...

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

Follow Me Chaw Ko Ko Facebook.

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
CKK - နည်းပညာ

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။