Thursday, March 23, 2017

ဘလော့မှာ အလွယ်ကူဆုံး Music Player လေးထည့်နည်း

ဒီနေ့ ကျွန်တော် နည်းပညာလေး တခုတင်ပေးချင်ပါတယ် ။
ဒါကတော့ တခြားမဟုတ်ပါဘူး သူငယ်ချင်းတို့ရဲ့ ဘလော့ကို လာရောက်ဖတ်ရှု့တဲ့မိတ်ဆွေသူငယ်ချင်းများ နားဆင်နိုင်ရန်အတွက် သီချင်းပလေယားလေး လုပ်နည်းထည့်နည်းဘဲ ဖြစ်ပါတယ်။

Player လုပ်တင်တာကတော့ ဘလော့များအတွက်ဆို အလွယ်ဆုံးလို့ ပြောလို့ ရပါတယ်ဗျ ။ တကယ်လည်း လွယ်ကူတာမို့ လုပ်ကြည့်ကြပါဗျ ။ ပထမဆုံး အနေနဲ့ သည်နေရာကို သွားလိုက်ပါ။ ပြီးသွားရင်တော့ အောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါဗျ.... 




စောစောကလင့်နေဝင်သွားရင် အပေါ်ကပုံနေရာကို ရောက်လာမယ် ။ ရောက်ရင် Create New Playlistကို ကလစ်ပေးပါ ။

ဒီနရာမှာ နံပါတ်လေးတွေနဲ့ 1.2.3.4 လို့ပြထားသလို ရှင်းပြပေးပါ့မယ် ။

နံပါတ် (1) ကတော့ Full Player ဆိုတာပါ ။ သူကတော့ မိမိဘလော့ စာမျက်နှာပြင် အတိုင်း အပြည့်အလျားလိုက် ပေါ်စေတဲ့ Playerပါ ။

နံပါတ် (2) ကတော့ Mini Player ဆိုတာကတော့ အလျှားထက်ဝက်လောက်ရှိတဲ့ အတို လေးဘဲပေါ်တာပဲ ဖြစ်ပါတယ်ဗျ ။

နံပါတ် (3) ကတော့ ခပ်သေးသေးလေးပဲ ပေါ်တာပါ။ သူငယ်ချင်းများ ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြု ကြပါနော် ။

နံပါတ် (4) ကတော့ ၂ မျိုးရွေချယ် နိုင်ပါတယ်ဗျ ။ဒါကတော့ သီချင်း Player လေးကို မိတ်ဆွေတို့ရဲ့ဘလော့အပေါ်ထိပ်မှာ ပေါ်စေချင်လား ( ဒါမှမဟုတ် ) အောက်မှာပေါ်စေချင်လား ကြိုက်တာရွေးပါ မိတ်ဆွေတို့စိတ်ကြိုက် ရွေးချယ်ပြီးတာနဲ့ အောက်ညာဘက်ထောင့်က Next ကို ကလစ်လိုက်ပါ ။


ဒီအဆင့်မှာ သီချင်းတွေ ထည့်တဲ့အဆင့်ရောက်လာပါပြီ ။
မိတ်ဆွေတို့ ထည့်ချင်တဲ့ သီချင်းတွေကို Youtube မှာ သွားပြီး ရှာလိုက်ပါဗျ ။
ဘယ်ဘက်ခြမ်းက သီချင်းအမည်တွေ ရေးပေးရမယ်နော် ။
ညာဘက်ကတော့ Youtube ကယူလာတဲ့ လင့်ကိုထည့်ပေးရမယ်ဗျ ။

ထည့်ဖို့ လိုအပ်ပါက အောက် ဘက်ဘယ်ထောင့်က
ထည့်ဖို့ လိုအပ်ပါက အောက် ဘက်ဘယ်ထောင့်က Add More Songs ဆိုတာကလစ်ပါ။ ပြီးသွားရင်တော့ ပြီးသွားရင်တော့ Nextကိုနှိပ်ပါ ။ လင့်ယူနည်းကို အောက်မှာ ဆက်ပြီးကြည့်လိုက်ဗျ ။



Youtubeမှာ မိတ်ဆွေထည့်လိုသော သီချင်းကိုဖွင့်လိုက်ပါ။ဖွင့်ပြီး အပေါ်ဘားမှာကျနေသော လင့်ကိုကော်ပီ

ယူ ထည့်ရမှာဖြစ်ပါတယ်ဗျ ။အောက်ကပုံမှာ ပြပေးထားပါတယ် ဘယ်ဘက်က သီချင်းအမည်ရေးပြီး 
ညာဘက်ကတော့ အဲ့သီချင်းရဲ့ လင့်ကို ထည့်ပေးရမှာပဲဖြစ်ပါတယ်နော် ။ 
အားလုံးပြီးရင် Nextကိုနှိပ်ပေးပါ။ 




....နောက်တစ်ဆင့် .....



ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါဗျ။ ဒါပြီးတာနဲ့ ကုဒ်တွေရဖို့ဘဲ ကျန်ပါတော့တယ်ဗျ ။

ဒီမှာ ကတော့ AutoPlay....Volume...Repeat စတာတွေကို မိတ်ဆွေတို့လိုအပ်သလို ချိန်ပေးပါ။

မိမိစိတ်ကြိုက်ထားပါ အားလုံးပြီးတာနဲ့ DONE ကို နှိပ်ပေလိုက်ပါဗျ ။

စောစောကပြောလိုက်တဲ့ Doneကိုနှိပ်လိုက်တာနှင့်
HTML Codeတွေ ကျလာတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ် ။
အဲ့ဒီ HTML Codeတွေကို ထည့်နည်းကိုတော့ အောက်မှာပြပေးထားပါတယ်ဗျ ။




ဒီပုံမှာတွေရတာကတော့ HTML Codeထည့်နည်းပါ ။

➦အရင်ဆုံးမိမိဘလော့ရဲ့Layoutကိုဝင်ပါ ။

➦ပြီးရင်Add Layout


➦ပြီးရင်html/javascript ဝင်ပြီး ကျလာတာအကွက်ထဲမှာ

စောစောက Copy HTML Codeတွေကို Pasteချပေးပြီး Saveလိုက်ရင် ရပါပြီဗျ။

ကဲ အရမ်းကိုလွယ်ကူတယ်ဟုတ် သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေနော်....



ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊







အဆင်ပြေကြပါစေ....

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။