Wednesday, December 21, 2016

ဘလော့လုပ်ပုံအဆင့်ဆင့် အပိုင်း(၁)....

ကျနော်ဘလော့စတင်လုပ်တုန်းက ကိုညီနေမင်းဆီက ဒါလေးတွေ ကြည့် ပြီးလိုက်လုပ်ကြည့်ဘူးတာပါ ပြောရရင်တော့သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်းပေါ့.... ၀ါသနာပါရင် လိုက်လုပ်ကြည့်ပါ..အဆင်မပြေတာရှိ မေးနိုင်ပါတယ်....နော်

အဆင့် (၁)
Create Google Account 

ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။

အဆင့် (၂)  First Step to Blog
www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။




အဆင့် (၃)
Name Your Blog

သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်)


သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။

အဆင့် (၄)
Choose Template

ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။

အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။ စာရိုက်တဲ့နေရာမှာ Edit Html အကွက်ထဲမှာပဲ စာကိုရိုက်ရမှာပါ.. compose မှာ စာမရိုက်ရပါဘူး။ တော်တော်များများဟာ compose မှာပဲ ရိုက်ကြတာပါ။ ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။ ပေါ်ပါတယ် ဒါပေမယ့် ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု html ကုတ်တစ်ခုခု တင်မယ်ဆိုရင် အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ compose ဆိုတာ တစ်ကယ်တော့ ကာလာထည့်မှာတို့ကို စာလုံးညှိတာတို့ကို လုပ်ပေးပါတယ်။ ဆိုလိုတာက ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊ ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့ ပို့စ်တွေကို Edit Html နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင် ကျွန်တော်တို့ compose နဲ့ရိုက်ပြီးရင် html နဲ့ပြန်ကြည့်ပါ ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ ပေါ်မှာမဟုတ်ပါဘူး။ အဲ စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။

သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com



ကျွန်တော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>


နည်းပညာနှင့်ဆော့ဝဲလ်များ  Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊

အဆင်ပြေကြပါစေ....
Chaw Ko Ko ( နည်းပညာ အိမ်လေး )

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။