Tuesday, December 13, 2016

Android 6.0 Marshmallow custom ROMs တွင် Google Gapps ကို ထည့်သွင်းနည်း....

http://chawandzin.blogspot.com/
 
Android 6.0 Marshmallow custom ROMs တွင်
Google Gapps ကို ထည့်သွင်းနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီနေရာမှာ Google Gapps ဆိုတာက Google stock apps တစ်ခုဖြစ်ပါတယ်
Custom ROM များကိုသွင်းပြီးအသုံးပြုလိုတဲ့အခါမျိုးမျာ အထူးသဖြင့်
Android 6.0 Marshmallow တွင် Custom Rom တင်လိုတဲ့အခါ
ဒီ Google Gapps သွင်းထားပြီးသားဖြစ်နေပါမှ အဆင်ပြေမှာဖြစ်ပါတယ်။

လိုအပ်ချက်များ
===========

Google Apps ကို သင့်ဖုန်းတွင် ထည့်သွင်းခြင်းမပြုမှီသင့်ဖုန်းအတွက်
လိုအပ်ချက်များကိုအရင်လေ့လာထားသင့်ပါတယ်။

သင့်ဖုန်းမှာ ပထမဆုံး ရှိထားသင့်တာက Custom Recovery ကိုသွင်းထားပြီးသားဖြစ်နေရပါမည်။
Custom Recovery ဆိုရာ၍ Philz touch recovery, CWM recovery or TWRP recovery များကိုပြောလိုတာဖြစ်ပါတယ်။

Custom ROM က Android 5.1.1 Lollipop/Android 7.0 ပေါ်မှာသာ
သွင်းထားခဲ့မယ်ဆိုရင်တော့ ဒီ Google Gapps ကိုထည့်သွင်းလို့မရနိုင်ပါ။
ယခုဖေါ်ပြပါ Google Gapps သည် Android 6.0 Marshmallow မှာ
သာအဆင်ပြေမှာဖြစ်သည်။

Click Here to Download Google Gapps File


How to install
===========

၁။ Android 6.0 Marshmallow Google Gapps file ကိုအရင်ရယူပါ
၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
၃။ Google Gapps file ကို Copy ကူးပြီး nternal storage SD card သို့ Past လုပ်ပါ။
၎။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery mode သို့ဝင်လိုက်ပါ။
၅။ Recovery Mode တွင် "Install" ကိုနှိပ်။
၆။ Install From SD Card မှာ Google Gapps file ကိုရွေးချယ်ပေးလိုက်ပါ။
၇။ Flash loading ပြီးသွားခဲ့ရင်တော့ Backup ကိုနှိပ်ပြီး နောက်ပြန်ဆုတ်ကာ
"Reboot System Now" ဆိုတာကို နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။
၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Custom ROM သွင်းထားပြီးသား
Android 6.0 Marshmallow သင့်ဖုန်းမှာ Google Gapps ကို
အောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။ 


လင့်ဒေါင်းနည်း
ပေးထားသော စာသားနေရာအညွှန်းကိုနိပ်လိုက်ပါ။
နောက်တဆင့်မယ် ၅ စက္ကန့်ခေတ္တစောင့်ပါ။
ပြီးရင် Skip AD အဝါရောင်စာသားကိုနိပ်လိုက်ပါ။
ဒေါင်းရန်တွေ့ပါပြီ ။


ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

http://chawandzin.blogspot.com/

 အဆင်ပြေကြပါစေ....
Chaw Ko Ko ( နည်းပညာ အိမ်လေး )

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။