Monday, September 26, 2016

Samsung Galaxy A7 A700F ဖုန်း ဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်း.....

ပိုစ့်​တင်​သူ = ​ချောကိုကို 

Samsung Galaxy A7 A700F ဖုန်း ဗားရှင်း Android 6.0.1 အတွက်
Root လုပ်နည်းကို တောင်းဆိုထားကြတဲ့ သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ နာမည်ကြီး Chainfire မှ
CF-Auto-Root ဖိုင်ဖြင့် Odin ကိုအသုံးပြုပြီး အလွယ်တကူ Root လုပ်ယူနိုင်ပါတယ်။

 မှတ်ချက်
=======
ဖေါ်ပြပါ နည်းလမ်းသည် Samsung Galaxy A7 A700F အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် မိဘရင်​ခွင်​ နည်းပညာ ( ​ကျောင်းလည်​သား​လေး )မှ တာဝန်မယူပါ။

ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
==========================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


 လိုအပ်ချက်များ
============
1။ Samsung USB Driver for window

2။ CF-Auto-Root file for Samsung Galaxy A7 A700F

3။ Odin Flash Tool for windows





   CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

ကိုယ်ပိုင်နေရာလေးများကိုဝင်ပြီးသူငယ်ချင်းတို့လိုအပ်တာလေးတွေ တောင်းနိုင်ပါတယ်...
 
 နည်းပညာနှင့် ဆော့ဝဲလ်များ Page
 
 မိဘရင်ခွင်နည်းပညာ(ကျောင်းလည်သားလေး)Group
 
 မိဘရင်ခွင် နည်းပညာ Twitter
 
 👍 အဆင်ပြေကြပါစေ 👍

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။