Sunday, September 25, 2016

သင့်ရဲ့ PC ကို အသုံးပြုပြီး Android Phone ကို Screenshot ရိုက်နည်း...

ရေးသားသူ = ချောကိုကို
chawandzin.blogspot.com
သင့်ရဲ့ Android phone ကိုအသုံးပြုပြီး screenshot ရိုက်ယူပြီးတဲ့နောက် PC မှာသင် screenshot ရိုက်ထားတာကိုတိုက်ရိုက် save တာကိုလိုချင်ပါသလား? သင့် Android phone နဲ့ ပုံမှန်အတိုင်း screenshots ရိုက်တဲ့အခါမှာ Volume Down + Power button 2 ခုကို နှိပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရတဲ့နည်းလမ်းကရှုပ်ထွေးပါတယ်။ဒါ့အပြင်ဖုန်းနဲ့ screenshot ရိုက်ပြီးရင် computer ထဲ ပြန်ထည့်ပေးရန်လိုပါသေးတယ်။ ဒါကြောင့် ဒီလိုဖုန်းကနေ screenshot ရိုက်ပြီး computer ထဲ ပြန်ထည့်တာဟာအချိန်ပိုမို ကြာမြင့်စေပါတယ်။
ဒီလို မျိုးမဖြစ်စေဖို့အတွက် Airdroid android application ကိုအသုံးပြုပြီး android phone screenshots ကို PC က နေရိုက်လို့ရနိုင်ပါတယ်။ Airdroid application ဟာ Android ဖုန်းတွေအတွက် computer နဲ့ ဖုန်း ကြားမှာ file transfer လုပ်တဲ့ အခါ အကောင်းဆုံးအသုံး ပြုနိုင်တဲ့ Application တခု ဖြစ်​ပါတယ်​။
Airdroid Application ဟာ feature မျိုးစုံရှိပြီးဒီ application ဟာသင့်ရဲ့ PC browser နဲ့ အသုံးပြုလို့ရပါတယ်။ သင့်အနေနဲ့ ဒီ Application ကိုသုံးတဲ့အခါမှာ computer မှာ install လုပ်ဖို့ software ကို download လုပ်စရာမလိုပါဘူး။
Airdroid application သုံးနည်းကိုပြောပြပေးပါ့မယ်။ ပထမဆုံးအနေနဲ့ Airdroid application ကို Google Play Store ကနေ download လုပ်လိုက်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီ Application အကြောင်းကိုသေချာမသိတာဒါမှမဟုတ် Application က ဘယ်လိုအလုပ်လုပ်လည်းဆိုတာမသိရင် android guide မှာဖတ်ကြည့်လို့ရကြောင်းသိရပါတယ်။ သင့်ရဲ့ Android phone နဲ့ computer ဟာတူညီတဲ့ WiFi network မှာရှိရပါမယ်။ Airdroid application ကိုဖုန်းမှာ Download လုပ်ပြီးတဲ့အခါသင်တွေ့ရမှာကတော့ IP address နဲ့ port number ပဲဖြစ်ပါတယ်။ ပြီးနောက်မှာAirdroid IP address ကိုသင့်ရဲ့ Computer browser မှာ port number နဲ့ အတူရိုက်ထည့်ပြီး Enter button ကို နှိပ်လိုက်ပါ။သင့်ရဲ့ ဖုန်းမှာ Accept ကိုရွေးပြီးတဲ့ အခါမှာတော့ သင်ဟာAirdroid application ကိုသင့်ရဲ့ PC browser မှာအောင်မြင်စွာချိတ်ဆက်နိုင်တာကိုတွေ့ရပါလိမ့်မယ်။ Option အများ ကြီးကိုသင့်အနေနဲ့ တွေ့ရမှာဖြစ်ပြီး Screenshot click ကိုသင့်ရဲ့ android mobile screen မှာရှာလိုက်ပါ။ ပြီးတဲ့ အခါမှာတော့ သင့်ရဲ့ Android phone ဟာ window PC မှာပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။ Camera icon ကို click နှိပ်ပြီး Save button ကို option မှာရွေးလိုက်ပါ။ Camera button ကို click လုပ်ပြီးတဲ့နောက်မှာသင့်computer က android mobile screenshots ကို download folder မှာ save ထားတာတွေ့ရပါလိမ့်မယ်။ ကဲအခုဆိုရင် သင့် computer နဲ့ ဖုန်းကို screenshot ဘယ်လိုရိုက်လည်းဆိုတာသိကြပြီထင်ပါတယ်။ စမ်း ကြည့်လိုက်ကြပါဦး။

ကိုယ်ပိုင်နေရာလေးများကိုဝင်ပြီးသူငယ်ချင်းတို့လိုအပ်တာလေးတွေ တောင်းနိုင်ပါတယ်....

နည်းပညာနှင့် ဆော့ဝဲလ်များ Page 

မိဘရင်ခွင်နည်းပညာ(ကျောင်းလည်သားလေး)Group 

မိဘရင်ခွင် နည်းပညာ Twitter 
 

👍 အဆင်​​ပြေကြပါ​စေ👍

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။