Saturday, September 10, 2016

ကွန်​ပျူတာအ​ခြေခံအ​ကြောင်းသိ​ကောင်းစရာများ.

မင်္ဂလာပါ
ကျွန်တော်computerအခြေခံကိုအပိုင်းနဲ့တင်ခဲ့တာတစုတည်းဖတ်လိုရအောင်အကုန်းလုံးတင်ပေးလိုက်ပါတယ်
ကွန်ပျူတာအခြေခံအကြောင်းသိကောင်းစရာအပိုင်း(၁) မှ (၅) အထိ တင်ပေးလိုက်ပါတယ်....

ကွန်ပျူတာအခြေခံအကြောင်းသိကောင်းစရာ အပိုင်း(၁)

ကွန်ပျူတာတွင် အခြေခံအားဖြင့် နှစ်မျိုးခွဲခြားထားသည် ၄င်းတို့မှာ hardware and software တို့ဖြစ်သည်။ ၄င်းနှစ်မျိုးအား ဘယ်လိုခွဲသနည်းဟူမူ ထိတွေ့ကိုင်တွယ်လို့ရသော ပစ္စည်းမှန်သမျှကို hardware ဟုခေါ်ပြီး ထိတွေ့ကိုင်တွယ်လို့မရသော အရာဝတ္ထုများကို Software လို့ခေါ်ပါတယ်ခင်ဗျာ ၄င်းတို့နှစ်မျိုးအလုပ်လုပ်သည့်ပုံစံသည် လူတစ် ယောက်နှင့်တူသည်။ လူတွင် နာမ်နှင့်ရုပ်ရှိသကဲ့သို့ Computer တွင်လည်း hardware and software ဟူပြီး နှစ်မျိုးရှိ သည်။ အံ့သြစရာအင်မတန်ကောင်းသော အချက်မှာ ယခု ကျွန်တော်တို့အသုံးပြုနေသော ကွန်ပျူတာများသည် မြတ်စွာဘုရားတရားတော်၏ တစ်စိတ်တစ်ပိုင်းပုံစံအတိုင်းအလုပ်လုပ်နေခြင်းဖြစ်သည်မှာ အင်မတန်အံ့သြစရာကောင်းသော အချက်ဖြစ်သည်။ နောက်ထပ်တစ်ချက်အံ့သြစရာကောင်းသည်မှာ ကွန်ပျူတာသည် လူတစ်ဦး၏ တည်ဆောက်ပုံအတိုင်း အလုပ်လုပ်နေသလို စင်္ကြာဝဠာကြီး၏ အခြေခံအတွေးအခေါ်တည် ဆောက်မှုဂဏန်းဖြစ် သော 0,1 နှစ်လုံးတည်းဖြင့်သာအလုပ်လုပ် ကြောင်းကို တင်ပြလိုက်ရပါသည်။ 

ကွန်ပျူတာအခြေခံအကြောင်းသိကောင်းစရာ အပိုင်း(၂)

အပိုင်း(၁)တုန်းက ကွန်ပျူတာအခြေခံဖြစ်တဲ့ hardware နဲ့ software တို့အကြောင်းကိုပြောပြခဲ့ပါတယ်။အခု ဒုတိယပိုင်းမှာ ၄င်းအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အလုပ်လုပ်တဲ့ပုံစံတွေကို တစ်ခုချင်းစီရှင်းပြသွားမှာဖြစ်ပါတယ်။ ဒါတွေက အခြေခံသမားတွေအတွက်သာရည်ရွယ်တာဖြစ်ပါတယ်။ကျွန်တော်လဲ အလုံးစုံသိသူမဟုတ်တဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပြီး ပြင်ဆင်ပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျား............. ကွန်ပျူတာသည် အင်မတန်ကျယ်ပြန့်လှသော နယ်ပယ်များစွာရှိသည်။graphic,autocad,programming,video editing,web စသဖြင့် ရှိပါသည်။၎င်းနယ်ပယ်အသီးသီးတို့အား အနှစ်ချုပ်ကြည့်ပါက ရေသောက်မြစ်သုံးခုမှ ဆင်းသက်လာသည်ကို တွေ့ရမည်ဖြစ်သည်။၎င်းရေသောက်မြစ်သုံးခုမှာ (၁) hardware (၂) software (၃) networking တို့ဖြစ်ကြပါသည်။ ထိတွေ့ကိုင်တွယ်လို့ရသော ကွန်ပျူတာပစ္စည်းမှန်သမျှကို hardware ဟုခေါ်သည်ဟု အပိုင်း(၁)တွင်ရှင်းပြခဲ့ပါသည်။ hardware တွင် မျက်မြင်အားဖြင့် monitor,keyboard,mouse and System Unit တို့ပါဝင်ကြပါသည်။ဆိုပါစို့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်လိုက်ပါ။ခေါင်းမြင်ရမယ်၊လက်မြင်ရမယ်၊ခြေထောက်မြင်ရမယ်၊ခန္ဒာကိုယ်ဝမ်းဗိုက်ပိုင်းမြင်ရမယ်ဆိုပါစို့..... သေသေချာချာစဉ်းစားကြည့်ပါ ဘယ်အရာကို လူလို့ခေါ်ပါသလဲ...... ထိုအရာတွေကိုလူလို့ခေါ်ရင် ကျွန်တော်တို့လက်တစ်ဖက်ကို ဖြုတ်ကြည့်လိုက်ပါ။၎င်းကိုလူလို့ခေါ်ဦးမလား......ဒါမှမဟုတ် ခြေထောက်တစ်ဖက်ကိုဖြုတ်ကြည့်လိုက်ပါ....အဲဒီခြေထောက်ကိုရော လူလို့ခေါ်ဦးမှာလား...... ဒီလိုပါပဲ ကွန်ပျူတာမှာ ဘယ်အရာကိုကွန်ပျူတာလို့ခေါ်ပါသလဲ monitor ကို ခေါ်တာလား keyboard ကိုခေါ်တာလား mouse ကိုခေါ်တာလား၊ ဒါမှမဟုတ် System Unit ဆိုတာကြီးကိုခေါ်တာလား...... မဟုတ်ပါဘူး ဘယ်အရာကိုမှ ကွန်ပျူတာလို့မခေါ်ပါဘူး။လူလိုပါပဲ လူလို့ခေါ်ဖို့အတွက် ခေါင်း၊လက်၊ကိုယ်၊ခြေ စသဖြင့် လူဖြစ်စေနိုင်တဲ့ အစိတ်အပိုင်း၊အရည်အချင်းတွေရှိပါမှ လူလို့ခေါ်ပါတယ်။အစိတ်အပိုင်းတစ်ခုချင်းစီကိုလူလို့မခေါ်ပါဘူး။အဲဒီလိုပါပဲ ကွန်ပျူတာကိုလဲ အဲဒီအရာတွေပေါင်းစပ်ပါဝင်တော့မှ ကွန်ပျူတာလို့ခေါ်ပါတယ် တစ်ခုချင်းစီကို သူရဲ့ဆိုင်ရာနာမည်တွေနဲ့ပဲခေါ်ပါတယ်။ကွန်ပျူတာလို့မခေါ်ပါဘူး။ဒီလောက်ဆို ဒီအပိုင်းကိုရှင်းလောက်ပါတယ်။ဆက်သွားရအောင်၊ တစ်ချို့တွေကပြောကြမယ် ဒီလေးမျိုးတင်ပဲလား တစ်ခြားဟာတွေရောပါလို့မရဘူးလားလို့မေးစရာရှိပါတယ်။ဥပမာ...Speaker,printer စသဖြင့်ပေါ့......အဲဒီလိုပြောမယ့်လူတွေအတွက် ထပ်ရှင်းပါမယ်။လူတစ်ယောက်ကို ဆံပင်ရှည်မှ၊ရုပ်လှမှ၊ဆံပင်အနီဆိုးမှာ၊ရွှေတွေဝတ်မှ လူလို့သတ်မှတ်တာမဟုတ်ပါဘူး။ကျွန်တော်ပြောခဲ့သလို သက်ဆိုင်ရာအခြေခံအစိတ်အပိုင်းတွေ ပါဝင်ရင်ပဲလူလို့ခေါ်ပါတယ်။အခြားပြင်ဆင်တာကတော့ ကိုယ့်ဘာသာကိုယ် လုပ်ယူပေါ့ အဲဒီလိုပါပဲ။ကွန်ပျူတာရဲ့အခြေခံမှာ ဒီလေးမျိုးကအဓိကပါ။အခြားကိုယ်လှချင်ပချင်လို့ ပြင်ချင်တယ်၊ဆင်ချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ်လုပ်ပေါ့။အဲဒီသဘောပါပဲ။ များပြားလှတဲ့ hardware device တွေကို အဓိကနှစ်မျိုးပိုင်းခြားပါတယ်။ဘာနဲ့ပိုင်းခြားသလဲဆိုရင် data အလုပ်လုပ်ပုံနဲ့ပိုင်းခြားပါတယ်။ data ကွန်ပျူတာထဲကို သွင်းတာလက်ခံတဲ့ စက်ပစ္စည်းအစိတ်အပိုင်းနဲ့ data ကွန်ပျူ တာထဲက ထုတ်တဲ့စက်ပစ္စည်းအစိတ်အပိုင်းများဆိုပြီးနှစ်ပိုင်းပိုင်းခြားထားပါတယ်။...... data တွေကွန်ပျူတာထဲကို သွင်းတဲ့အစိအပိုင်းကို input device လို့ခေါ်ပြီး data တွေကွန်ပျူတာထဲက ထုတ်လွှတ်တဲ့အစိတ်အပိုင်းကို output device လို့ခေါ်ပါတယ်။ကွန်ပျူတာသည် လူတွေကို ကူညီရန်ဖန်တီးထားသောပစ္စည်းသာဖြစ်ပါတယ်။လူတွေကို တုပထားတဲ့ပစ္စည်းမဟုတ်ပါဘူး။အဲဒီအတွက် သူ့မှာ brain မရှိပါဘူး ကျွန်တော်တို့မှာ brain ရှိပါတယ်။ brain ဆိုတဲ့ အသိဥာဏ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်။ကွန်ပျူတာမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိပါဘူး။ကျွန်တော်တို့လူသားတွေရဲ့ မှတ်ဥာဏ်ကို brain လို့ခေါ်ဝေါ်ပြီး ကွန်ပျူတာရဲ့ မှတ်ဥာဏ်ကတော့အတုဖြစ်တဲ့အတွက် artifical intelligent အာတီဖီရှယ်အင်တန်းလီးဂျန့်လို့ခေါ်ပါတယ်။အဲဒီအတွက် ကွန်ပျူတာမှာ မှားတယ်မှန်တယ်မရှိပါဘူး။ကွန်ပျူတာကိုထိန်းချုပ်တဲ့ ကျွန်တော်တို့လူသားတွေအပေါ်မှာ မူတည်ပြီးတော့သာ မှားတယ်၊မှန်တယ်ဆိုတာဖြစ်တည်တာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ကွန်ပျူတာလောကမှာ စကားပုံတစ်ခုပေါ်ထွက်လာပါတယ်။အဲဒါကတော့ garbage in garbage out ပဲဖြစ်ပါတယ်။garbage ဆိုတာအမှိုက်ကိုခေါ်တာပါ အမှိုက်တွေထည့်ရင်အမှိုက်တွေပဲထွက်မယ်လို့အဓိပ္ပါယ် ရပါ တယ်။အဲဒီအတွက် တစ်ခုလိုက်နာရမှာက ကွန်ပျူတာသမားတွေမှားရင် ကွန်ပျူတာကြောင့်၊ကျွန်တော့်ကြောင့်မဟုတ်ဘူးဆိုတဲ့ တာဝန်မဲ့တဲ့စကားမျိုးကို ဘယ်တော့မှမပြောပါနဲ့။နောက်တစ်ခုထူးဆန်းတာက ကျွန်တော်တို့ဘုရားရှင်က လောကကြီးမှာလောကသုံးပါးရှိတယ်လို့ဟောခဲ့ပါတယ်။သတ္တလောက၊သင်္ခါရလောက၊သြကာသလောကဆိုပြီးရှိတယ်လို့ဟောခဲ့ပါတယ်။ကျွန်တော်အထက်မှာတင်ပြခဲ့သလို ကွန်ပျူတာမှာလည်း လောကသုံးပါးရှိပါတယ်။ ကွန်ပျူတာရဲ့ hardware အပိုင်းသည် သတ္တလောကနဲ့တူညီပြီး၊ software ပိုင်းသည် သင်္ခါရလောကနဲ့တူညီပါတယ်။ networking အပိုင်းသည် သြကာသလောကနဲ့တူညီပါတယ် ဘယ်လိုတူညီသလဲဆိုတာကို နောက်ပိုင်းမှာ ကျွန်တော်ဆက်လက်ရှင်းပြသွားမည်ဖြစ်ပါကြောင်း ပြောကြားရင်း အပိုင်း(၂)ကို အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။

အခြေခံကွန်ပျူတာအကြောင်းသိကောင်းစရာ အပိုင်း(၃).....
ကွန်ပျူတာ hardware တွင်အဓိကအားဖြင့် နှစ်မျိုးသာပိုင်းခြားထားသည်။၎င်းနှစ်မျိုးအား data များဖြင့် ပိုင်းခြားထားသည်။အပိုင်း(၂) တွင်ရှင်းပြပြီးသကဲ့သို့ data များ၏ အ၀င်အထွက်ကိုမူတည်ပြီး ပိုင်းခြားထားသည်။ကွန်ပျူတာအတွင်းသို့ data များသွင်းပေးသော စက်ပစ္စည်းအစိတ်အပိုင်းများကို input device ဟုခေါ်ပြီး ကွန်ပျူတာအတွင်းမှ data များကိုထုတ်လွှတ်ပေးသော စက်ပစ္စည်းအစိတ်အပိုင်းများကို output device ဟုခေါ်သည်။၎င်း input/output device များသည် သီးခြားအလုပ်လုပ်သော device များရှိသကဲ့သို့ ဟိုမရောက်သည်မရောက် device များလည်းရှိပါသည်။input device များမှာ mouse,keyboard,scanner စသည်တို့ဖြစ်ကြပြီး output device များမှာ monitor,printer စသည်တို့များဖြစ်ကြသည်။ အလုပ်နှစ်ခုစလုံးလုပ်သော I/O device များမှာ memory stick,cd drive တို့ဖြစ်ကြသည်။ hardware အကြောင်းအသေးစိတ်မရှင်းလင်းခင် data များကွန်ပျူတာအတွင်းအလုပ်လုပ်ပုံအကြောင်းကိုအကြမ်းဖျဉ်းရှင်းပြလိုပါသည်။ ကွန်ပျူတာများ သည်ကျွန်တော်တို့အမြင်အားဖြင့် အင်မတန်လုပ်အားနှုန်းကောင်းမွန်သော အမျိုးအစားဖြစ်သကဲ့သို့ အရာရာကိုတတ်သိနားလည်သော အင်တာနက်ဆိုသည့် အရာ ကြီးကိုပါပိုင်ဆိုင်ထားသဖြင့် အထင်ကြီးစရာအင်မတန်ကောင်းလွန်းလှသည်။မှန်ပါသည်။လောကကြီးတွင် မသိနားမလည်သူများအဖို့အရာရာသည် အသစ်အဆန်း ချည်းဖြစ်သော်လည်း သိသွားသူများအဖို့မူ အရာရာသည်အဆန်းတကြယ်မဟုတ်တော့ချေ။သန်းပေါင်းများစွာသောအချက်အလက်တို့၊အင်မတန်တိကျကောင်းမွန် သော သမိုင်းကြောင်းဆိုင်ရာများ၊လူပုဂ္ဂိုလ်တို့၏ အတ္တုပတ္တိများ၊သိပံဆိုင်ရာအချက်အလက်များအပြင် ကျွန်တော်တို့လက်လှမ်းမမီနိုင်သောနယ်ပယ်မှအချက်အလက် သန်းပေါင်းများစွာတို့၏ သိုမှီးရာအင်တာနက်နှင့်ကွန်ပျူတာတို့သည် data များဖြင့်သိုမှီးသည်။၎င်းdata များသည် ကွန်ပျူတာအတွင်းတွင် 0 . 1 သော်လည်းကောင်း၊ 1 . 0 သော်လည်းကောင်း ပုံစံဖြင့်အလုပ်လုပ်သည်။ ကျွန်တော်တို့ဆယ်တန်းတွင်သင်ခဲ့ရဘူးသော binomial ဆိုသည့်သဘောတရား အတိုင်း သွားသည်။ ဘိုင်နိုမီရယ်ဆိုသည်မှာ မြန်မာလိုဘာသာပြန်ပါက ဒွိနာမကိန်းများကိုခေါ်သည်။နှစ်နှင့်စားသောကိန်းများကိုဆိုလိုသည်။ ဥပမာ ကွန်ပျူတာကီးဘုတ်တွင် ကျွန်တော်တို့က 15 ဟုရိုက်လိုက်ပါက ကျွန်တော်တို့က မော်နီတာတွင် 15 ဟုမြင်ရမည်။ကီးဘုတ်နှင့်မော်နီတာ မမြင်ရသည့်ဆက်ကြားတွင် data များ၏အလုပ်လုပ် သွားပုံကိုမည်သူမျှ သိနိုင်မည်မဟုတ်ပေ။မသိနိုင်မည့်အတူတူကျွန်တော်ရွှီးပြရမည်ဆိုပါက ဥပမာ 15 ရိုက်မည်ဆိုပါစို့ ၄င်း 15 ကိုကွန်ပျူတာတွင် အလုပ်လုပ်ပုံမှာ နှစ်နှင့်စားသွားသည်။ ၄င်းပုံစံဖြစ်သည်။ 15 / 2 = 7 အကြွင်း 1၊အဖြေ 7 / 2 = 3 အကြွင်း 1၊ အဖြေ 3 / 2 = 1 ၊ အကြွင်း=1 အဖြေ 1 / 2 =0 အကြွင်း 1 တို့ဖြစ်ပြီး အကြွင်းများကို အစဉ်အတိုင်းချရေးပါက 0 . 1 . 1 . 1 . 1 ရမည်ဖြစ်သည်။ကွန်ပျူတာအတွင် ၄င်း တစ် 4 နှင့် သုညသည် အစဉ်အတိုင်းအလုပ်လုပ် သွားခြင်းဖြစ် သည်။ ကွန်ပျူတာ system ပိုင်းတွင် language လေးခုရှိသည်။၎င်းတို့မှာ (၁) binary (၂) orcha (၃) decimal နှင့် (4) hanza decimal တို့ဖြစ်ကြသည်။ binary တွင် ------- 1 နှင့် 0 သာပါသည်။ orcha တွင်မူ ------- 0,1,2,3,4 တို့ပါဝင်သည်။ decimal တွင်-------0,1,2,3,4,5,6,7,8,9 တို့ပါဝင်သည်။ hanza decimal တွင် 0,1,2,3,4,5,6,7,8,9,a,b,c,d,e,f တို့ပါဝင်သည်။ မြန်မာစကားတွင် သတင်းနှင့်အချက်အလက်ကို တစ်ပေါင်းတစ်စည်းတည်းဘာသာပြန်ထားသည်ကိုတွေ့ရသည်။ကွန်ပျူတာတွင်မူ data နှင့် information ဟူပြီး နှစ်မျိုးရှိသည်။ကွာခြားချက်မှာ အခြေခံအားဖြင့် စာလုံးပေါင်းခြင်းကွာခြားပါသည်း(ဟီးနောက်တာ)ကွာခြားချက်မှာ ဥပမာဆိုကြပါစို့ 1 + 2 = 3 ရမည်ဖြစ်သည်။ 1 နှင့် 2 တို့သည် စုစည်းထားသော data များဖြစ်ကြသည်။အဖြေ 3 ကိုမူ information ဟုခေါ်သည်။၎င်း 3 ရရန်အတွက် အလုပ်လုပ်သော + ကိုမူ processing လုပ်သည်ဟုခေါ်သည်။ကွန်ပျူတာတွင် အချက်အလက်(information)များထွက်လာစေရန် လုပ်ဆောင်ချက်(action)မှန်သမျှကို processing လုပ်သည်ဟုခေါ်သည်။

အခြေခံကွန်ပျူတာအကြောင်း သိကောင်းစရာအပိုင်း(၄).....
ကွန်ပျူတာအတွင်းရှိ data များ၏လုပ်ငန်းဆောာင်တာများအား အသေးစိတ်ကျွန်တော်အပိုင်းသုံးတွင်ရှင်းပြခဲ့ပြီးဖြစ်သည်။ကွန်ပျူတာ ဒေတာများသည် 0 1 ဖြင့်အလုပ်လုပ်ကြောင်းကိုကျွန်တော်ရှင်းပြခဲ့သည်။ထူးဆန်းအံ့သြဖွယ်ကောင်းသောအချက်မှာ ကျွန်တော်တို့ဘုရားရှင်သည် လောကတွင် ဖြစ်ခြင်း၊ပျက်ခြင်းနှစ်မျိုးရှိသည်ဟုဟောကြားခဲ့သည်ကိုကြားဖူးပေလိမ့်မည်။စဉ်းစားကြည့်ပါစို့...........ပျက်ခြင်းကို 0 ဟု သတ်မှတ်လျှင် ဖြစ်ခြင်းသည် 1 ဖြစ်ပေလိမ့်မည်။ထို ကြောင့်ကွန်ပျူတာထဲတွင်လည်း ဖြစ်ခြင်း၊ပျက်ခြင်းများတစ်လှည့်စီသွားလာလှုပ်ရှားနေသည်ကို ကြည့်တတ်မည်ဆိုပါက မြင်နိုင်ပေလိမ့်မည်။ကွန်ပျူတာ hardware အစိတ်အပိုင်းများကို အကြမ်းဖျဉ်းကြည့်မည်ဆိုပါကအောက်ပါအတိုင်းတွေ့ရမည်။ (၁) Monitor (၂) Keyborard (၃) Mouse (၄) System Unit တို့ပါဝင်ပြီး System Unitထဲတွင် အောက်ပါအစိတ်အပိုင်းများဖြင့် ပေါင်းစပ်ထားပါသည်- -Casing -Motherboard -Power supply -Memory -Hardisk -Processor -CD Rom -C Mos Battery -C Mos Clear -Processor Cooler Fun -Processor Cooler Fun Power Connector တို့ပါဝင်ပါသည်။(မှတ်ချက် ။ အခြားအစိတ်အပိုင်းများပါဝင်သော်လည်း သိသင့်သိထိုက်သောအရာများကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ကျွန်တော့ဆောင်းပါသည် hardware သင်ခန်းစာမဟုတ်ပါ၊ကွန်ပျူတာအခြေခံသမားများအတွက် စတင်သင်ကြားသောဆောင်းပါးသာဖြစ်ပါသည်ဆရာတို့ခင်ဗျား။)တစ်ခုချင်းရှင်းပြရလျှင် Casing - ဆိုသည်မှာ ကျွန်တော်တို့မြင်တွေ့နေရသော System Unti ၏ အပေါ်ယံအခွံကြီးကိုခေါ်ပါသည်။၎င်းသည် သတ္တုကိုယ်ထည်ဖြင့်တည်ဆောက်ထားပြီး အထဲရှိစက်ပစ္စည်းအစိတ်အပိုင်များ ထိခိုက်မှုအန္တရာယ်မှကာကွယ်ပေးရန်အတွက် တာဝန်ယူထားသောအရာဖြစ်ပါသည်။ Power Supply - ကွန်ပျူတာရဲ့ အမေ့ခံအဖြစ်တင်စားခေါ်ဝေါ်ကြသည်။အမှန်တစ်ကယ်တွင်မူ ကွန်ပျူတခလုပ်ကိုစတင်ဖွင့်ဖွင့်ချင်းအလုပ်လုပ်သော ပစ္စည်းဖြစ်သည်။ဆိုပါစို့ ကျွန်တော်တို့လူတစ်ယောက်တွင် သက်ဆိုင်ရာအစိတ်အပိုင်းများတွင် သူ့နေရာနှင့်သူလိုအပ်ချက်အာဟာရများရှိနေမည်ဖြစ်သည်။ဥပမာ မျက်စိအားကောင်းစေရန် ဗီတာမင် ဘီလိုအပ်သည်ဆိုပါစို့၊(ဥပမာနော်)ဗီတာမင်ဘီကို ကန်စွန်းရွက်မှရသည်ဆိုပါစို့။ကျွန်တော်တို့ကလည်း ကန်စွန်းရွက်ကို စားလိုက် တယ်။အစာအိမ်က ကန်စွန်းရွက်ကိုလက်ခံတယ်။ပြီးလဲပြီးရော ဟေ့မျက်စိရေမင်းလိုနေတဲ့ ဗီတာမင်ဘီ ဟောဒီကန်စွန်းရွက်ထဲမှာရှိတယ် မင်းယူလိုက်ဆိုပြီး အစည်း လိုက်ပေးတာမဟုတ်ပါဘူး။လိုအပ်တဲ့အာဟာရတွေထုတ်ယူပါတယ်။အစာအိမ်ကနေ၊ပြီးတော့မှ သူ့ဌာနနဲ့သူ လိုအပ်တာကိုလိုက်ပို့ပေးပြီးမလိုအပ်တဲ့စွန့်ပစ်ပစ္စည်း တွေကိုမှ လူတွေရဲ့output device တွေကနေထုတ်ပေးလိုက်တာဟုတ်တယ်ဟုတ်။အဲဒီလိုပါပဲ power supply ရဲ့လုပ်ငန်းဆောင်တာတွေကလည်း ပြင်ပကနေကြိုက်တဲ့ voltage နဲ့ လျှပ်စစ်မီးလာလာ powrsupply ဆီကိုရောက်ရင် သူကလက်ခံပြီးတော့မှ ကွန်ပျူတာအသုံးပြုဖို့အတွက် လိုအပ်တဲ့ဓါတ်အားပမာဏကို စစ်ထုတ်ပေးပါတယ်။ပြီးတော့မှသက်ဆိုင်ရာဌာနများဆီသို့အလုပ်လုပ်ရန်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ CD Rom - ဘာမှထွေထွေထူးထူးမရှိပါဘူး။အိမ်က VCD စက်တွေလိုပါပဲ။သူ့မှာပိုလာတာက အခွေကူးလို့ရတယ်ဒါပါပဲ။ C Mos Battery - နဲနဲထူးခြားပါတယ်။ဘာလို့လဲဆိုတော့ လူတွေက ညကျရင်အိပ်စက်ပါတယ်။သေသွားတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သေသွားတဲ့လူက ပြန်မထနိုင်တော့ပါဘူး။အိပ်သွားတဲ့လူကပြန်နိုးလာရင်အတိတ်ကအကြောင်းအရာတွေကိုမှတ်မိပါတယ်။အဲဒီလိုပါပဲ ကွန်ပျူတာကိုပိတ်လိုက်တာ ပျက်သွားတာမဟုတ်ပါဘူး။အိပ်သွားတာပါ။ပြန်ဖွင့်လိုက်ရင် ကျွန်တော်တို့အလုပ်လုပ်ထားတဲ့ ဒေတာတွေအကုန်ပြန်ဖော်နိုင်ပါတယ်။အဲဒီလိုလူတွေအိပ်နေတုန်းမှာ အသက်ရှူကြသလိုပါပဲ။ကွန်ပျူတာတွေကိုပိတ်လိုက်ရင်လဲ ဒေတာတွေကို ထိန်းသိမ်းဖို့အတွက် ဓါတ်အားတွေလိုအပ်ပါတယ်။အဲဒီလိုအပ်တဲ့ဓါတ်အားတွေကို C Mos Battery ကနေထုတ်လွှတ်ပေးပါတယ်။တစ်ခြားလျှောက်မကြည့်ပါနဲ့။နာရီဓါတ်ခဲပုံစံလေးနဲ့ဆင်ပါတယ်။တစ်ခါတစ်ရန်မှာ ကျွန်တော်တို့ကွန်ပျူတာတွေခလုပ်ဖွင့်လိုက်ရင်မတက်ပါဘူး။F1 နှိပ်ခိုင်းပါတယ်။အဲဒါ C mos Battery အားနည်းလို့ပါ။ C Mos Clear - နာမည်ကိုဖတ်ကြည့်ရုံနဲ့ရှင်းနေပါပြီ။ ခုဏက battery လေးကို ကူညီထောက်ပံ့ပေးတဲ့ကောင်ပါ။ Processor Cooler Fun - Processor အေးနေအောင်၊့heat မတက်အောင် အအေးပေးတဲ့ပန်ကာဖြစ်ပါတယ်။ Processor Cooler Fun Power Connector - ပန်ကာလည်ရန်အတွက် ဓါတ်အားထုတ်လွှတ်ပေးတဲ့ ထရန်စဖော်မာလေးကိုပြောတာပါ။Powersupply မှ တိုက်ရိုက်ဝင်လာတဲ့မီးတွေကို ဒီကောင်လေးကနေတစ်ဆင့် ပန်ကာလည်ဖို့အတွက် ဓါတ်အားတွေကို ဒီနေရာလေးကနေတစ်ဆင့်ခံပြီးထုတ်လွှတ်ပေးပါတယ်။

  
ကွန်ပျူတာအခြေခံအကြောင်းသိကောင်းစရာ အပိုင်း(၅).....
0,1---------------- 1 bit 8 bit-------------- 1 byte 1024 byte -------------2 kb(kilobyte) 1024 kb -------------- 1 Mb(Megabyte) 1024 Mb ------------ 1 Gb(Giga byte)(ယနေ့ကျွန်တော်တို့ပြောနေသော 1 G/2 G(မြန်မာအသံ- ၀မ်းဂစ်/တူးဂစ် စသည်တို့ကိုခေါ်ခြင်းဖြစ်သည်။) 1024 GB ---------------- 1 TB(Tiga Byte) တို့ဖြစ်ကြသည်။ ယနေ့ကျွန်တော်တို့အသုံးပြုနေသော Memory stick,External Haradisk နှင့် ဖုန်းများမှ Memory Card များသည် Hardisk နွယ်ဝင်များဖြစ်ကြပါသည်။ Memory Card မှာ Hardisk အနွယ်ဖြစ်ပြီး Memory တပ်ခေါ်သော်လည်း Memory ကဲ့သို့အလုပ်လုပ်ခြင်းမရှိပဲ Hardisk ကဲ့သို့ သိုလှောင်သိမ်းဆည်းခြင်းကိုသာလုပ်ပေး ခြင်းဖြစ်သည်။ ကျွန်တော်တို့ ၀ယ်ယူလိုက်သော Hardisk , Memory Card, Memory Stick စသည်တို့ကို ဆိုင်မှ ၀ယ်ယူလိုက်သည်ဆိုပါစို့။ကျွန်တော်တို့ ၀ယ်ယူ လိုက်သော Memory Stick သည် 8 G သို့မဟုတ် 16 G ဖြစ်တယ်ဆိုပါစို့။ကွန်ပျူတာဖြင့် ထိုးကြည့်လိုက်ပါက 8 G သည် 8 G ဟုအမှန်မပြပဲ 7 G ကျော်ကျော်ကို ပြနေပါမည်။ဘာကြောင့်ပါနည်း။ စဉ်းစားကြည့်ပါ။ Company မှ အလေးခိုးထားခြင်းလား သို့မဟုတ် လမ်းမှာထွက်ကျခဲ့ခြင်းလား သို့မဟုတ် ဆိုင်ကလူလည်ကျ ခြင်းလား၊စဉ်းစားကြည့်ရအောင်၊အထက်ပါဖော်ပြချက်များသည် တစ်ခုမှမဟုတ်ပါ။အတိုင်းအတာ ပမာဏလွဲမှားခြင်းတို့ကြောင့်ဖြစ်သည်။ နိုင်ငံတကာ စံသတ်မှတ် ချက်အတိုင်းအတာသည် 1024 ပြည့်တိုင်းပြည့်တိုင်း အတိုင်းအတာတစ်ခုပြောင်းသွားသည်ကို အထက်မှာဖော်ပြခဲ့သည်။ ၄င်းမှာနိုင်ငံတကာအတိုင်းအတာ ဖြစ် သည်။သို့သော်ဂျပန်အတိုင်းအတာမှာမူ ထိုသို့မဟုတ်ပေ။ 1024 အစား 1000 ဟု ပြောင်းလဲသတ်မှတ်ထားသဖြင့် 1000 ပြည့်တိုင်းပြည့်တိုင်း အတိုင်းအတာတစ်ခု ပြောင်းသွားသည်။ထိုကြောင့် ကျွန်တော်တို့ဝယ်လိုက်သော Memory stick များသည် ကွန်ပျူတာအတွင်း အတိုင်းအတာလျော့နည်းနေခြင်းဖြစ်သည်။ Memory - Memory ကိုအလွယ်ကူဆုံး ဘာသာပြန်ပါက မှတ်ဥာဏ်ဟု ယေဘူယျမှတ်ယူနိုင်သည်။အပိုင်း(၂)နှင့်(၃)တို့တွင် ကွန်ပျူတာသည် လူတို့ပုံ စံတုပဖန်တီးထားခြင်းဖြစ်သည်ဟု ကျွန်တော်စကားလမ်းကြောင်းပျိုးခဲ့ပါသည်။ လူတို့၏မှတ်ဥာဏ်ကိုတုပထားသော ဥာဏ်ကိုကွန်ပျူတာတွင် ထည့်သွင်းထားသည်။ ၄င်းကို Artifical Intelligence ဟုခေါ်သည်။အသိဥာဏ်တုဟုအဓိပါယ်ရသည်။လူသားတို့သည် အသိဥာဏ်စွမ်းအား မြင့်မားကြသည်။ အသိဥာဏ်၏သဘောသည် အရာရာကို ဝေဖန်ပိုင်းခြားပြီး အမှားအမှန်ကို စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသည်။ဘယ်ဟာမှားတယ်၊ဘယ်ဟာမှန်တယ်ဟု ဝေဖန်ပိုင်းခြားနိုင်သည်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိသည်။ကွန်ပျူတာ၏ အသိဥာဏ်တုမှာ ကြက်တူရွေးနှင့်တူသည်။ကြက်တူရွေးသည် လူစကားပြောတတ်၏။သို့သော် သင်ထားသမျှကိုသာ ကျွမ်းကျင်စွာပြောဆိုတတ်သည်။ဒီထက်ပိုပြီး ပြောဆိုနိုင်ခြင်းမရှိချေ။Artifical Intelligence ၏သဘောတရား၏ ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ကမ္ဘာပေါ်ရှိ ထူးချွန်ထက်မြက်သော ရူပဗေဒပညာရှင်၊သင်္ချာပညာရှင်၊ဓါတုဗေဒပညာရှင် စသည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ထူးချွန်ထင်ရှားသော ပညာရှင်တို့၏ လေ့လာ တွေ့ရှိချက်များကို စုစည်းထားခြင်းဖြစ်သည်။လူတို့တွင် ဥာဏ်နှစ်မျိုးရှိသည်။သိစိတ်နှင့် မသိစိတ်ဟူပြီးဖြစ်သည်။ထို့အတူ ကွန်ပျူတာတွင်လည်း ဥာဏ်နှစ်မျိုးရှိသည်။ သိစိတ်နှင့်မသိစိတ်ဖြစ်သည်။ဥပမာဆိုကြပါစို့-----လွန်ခဲ့သောငါးရက်ခန့်က ထမင်းဘာနဲ့စားသလဲဟုမေးလျှင် လူတော်တော်များများဖြေနိုင်ရန်လွယ်ကူမည်မဟုတ်ပေ။သို့သော် မိမိတို့ဘ၀အမှတ်တရအဖြစ်အပျက်များကို နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မှတ်မိနေကြသည်။၎င်းမှာ သိစိတ်နှင့်မသိစိတ်တို့၏သဘောဖြစ်သည်။ ထမင်းဘာနဲ့စားသလဲ မဖြေနိုင်သည်မှာ သိစိတ်ထဲတွင် မှတ်ထားသောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာမှ အကြောင်းအရာများကို မှတ်မိသည်မှာ မသိစိတ်ထဲတွင် မှတ်ထားသောကြောင့်ဖြစ်သည်။ သိစိတ်ထဲမှအကြောင်းအရာများသည် အချိန်တန်လျှင် ပျက်ပြယ်သွာကြသည်။မသိစိတ်ထဲမှအကြောင်းအရာများကတော့ မည်မျှပင်ကြာကြာ မှတ်မိနေကြသည်ချည်းသာဖြစ်သည်။ထို့အတူ ကွန်ပျူတာတွင်လည်း Memory ကိုအပိုင်းနှစ်ပိုင်းခွဲခြားထားသည်။ သိစိတ်နှင့် မသိစိတ်ဟုယေဘူယျ သတ်မှတ်နိုင်သည်။RAM နှင့် ROM တို့ဖြစ်ကြသည်။ RAM ကို သိစိတ်နှင့်ခိုင်းနှိုင်းပြီး ROM ကို မသိစိတ်နှင့်ခိုင်းနှိုင်းထားသည်။RAM ၏အရှည်ကောက်မှာ Randon Accress Memory ဖြစ်ပြီး ROM ရဲ့အရှည်ကောက်မှာ Read Only Memory ဟုခေါ်သည်။ ကျွန်တော်တို့ ကွန်ပျူတာပေါ်တွင် လုပ်သမျှ လုပ်ဆောင်ချက်အားလုံးတို့သည် RAM လို့ခေါ်သော သိစိတ်ပေါ်တွင်သာ မှတ်သားထားသည်။ တစ်ကယ်လို့ လုပ်ဆောင်ချက်တစ်ခု ပြီးဆုံးပါက မိမိတို့ဖွင့်ထားသော Program ကိုပိတ်ရပါသည်။ထိုသို့မပိတ်မီ ကွန်ပျူတာသည် မေးခွန်းသုံးခွန်းပေးသည်။ ဒီပရိုဂရမ်ကိုလုပ် ဆောင်ချက်ကို (၁)သင် သိမ်းမှာလား(၂)မသိမ်းဘူးလား(၃)ပိုနေမြဲကျားနေမြဲလား ဆိုပြီးမေးသည်။အမှတ်(၂)NO ဟုရွေးလိုက်ပါက ရှင်းစရာမလို ဇာတ်လမ်းပြတ်ပြီ။ RAM သည် သင့်လုပ်ဆောင်ချက် Promgram ကိုသိမ်းဆည်းမည်မဟုတ်၊ သင်နောက်တစ်ဖန်ကွန်ပျူတာ ပြန်ဖွင့်ပြီးပြန်ရှာလျှင်လည်း ရှာလို့တွေ့နိုင်မည်မဟုတ်။ မည်သည့်အခါမျှလည်း သင့်လုပ်ဆောင်ချက်များပြန်တွေ့ရမည်မဟုတ် အဘယ်ကြောင့်ဆိုသော် RAM သည် သင် ဖိုင်များအားမသိမ်းဆည်းဘူးဟု ပြောသဖြင့် ဖြတ်ချပစ်လိုက်ခြင်းပင်ဖြစ်သည်။အမှတ်(၁)Save ကိုနှိပ်ပြီး ဖိုင်များကိုသိမ်းဆည်းမည်ဆိုပါက လုပ်ဆောင်ချက်က ၄င်းနေရာတွင်စတင်သည်။ RAM သည် ၄င်းဖိုင် များအားSave လုပ်ရန် တစ်နည်းအားဖြင့် Hardisk ထဲတွင် သိမ်းဆည်းရန်အတွက် ROM ကို အချက်ပေးပါသည်။``ဟေ့ကောင် ROM ငါ့အပေါ်မှာရှိတဲ့ File ကို User က သိမ်းမလို့ မင်းတာဝန်ဖြစ်လာပြီ၊လာလုပ်လှည့်´´ဟု ဆိုသည်။ထိုအခါ ROM သည် RAM ပေါ်ရှိ အချက်အလက်၊Data များအား မိမိတို့ သိမ်းဆည်းရန် ပေး ထားသောလိပ်စာအတိုင်း သယ်ဆောင်ပြီး Hardisk ရှိရာသို့ သယ်ဆောင်သွားလေသည်။ထိုသို့ DATA များကို သိမ်းဆည်းထားရန်အတွက် သယ်ဆောင်သွားသော အလုပ်ကို ROM ကတာဝန်ယူလေသည်။ Processor - ROM သည် DATA များအား မိမိတို့ပေးထားသောလိပ်စာအတိုင်း သယ်ဆောင်သွားလေသည်။ ထိုသို့သယ်ဆောင်သွားသော လမ်းကြောင်းကို Processor လမ်းကြောင်းဟုခေါ်သည်။ Processor လမ်းကြောင်းကောင်းလျှင် သယ်ဆောင်ရလွယ်ကူပြီး Processor လမ်းကြောင်းမကောင်းလျှင် သယ်ဆောင်ရမလွယ်ကူပါ။ကျွန်တော်တို့ ကွန်ပျူတာသုံးနေစဉ် တစ်ခါတစ်ရန် လုပ်ဆောင်ချက်တစ်ခုမှတစ်ခုသို့အပြောင်း၊ သို့မဟုတ် Save လုပ်လိုက်လျှင် ခေတ္တခဏ ကွန်ပျူတာရပ်ဆိုင်းသွားတတ်သည်။ထိုသို့ဖြစ်ရသည်မှာ ကွန်ပျူတာ၏ Processor ကြောင့်ဖြစ်သည်။လမ်းတစ်လမ်းတွင် လမ်း၏အရှည်ရှိသလို၊လမ်း၏ အကျယ်လည်းရှိသည်။ ထိုသို့ Data များကိုသယ်ဆောင်သွားသော လမ်းကြောင်းကို Processor ဟုခေါ်လျှင် ၄င်းလမ်းကြောင်း၏အကျယ်ကို Bandwidth ဟုခေါ်ကြောင်း တင်ပြရင်း အခြေခံကွန်ပျူတာအကြောင်း သိကောင်းစရာအပိုင်း(၅)နားခွင့်ပြုပါခင်ဗျာ.......

သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ....

မိဘရင်ခွင် နည်းပညာ ( ကျောင်းလည်သားလေး ) 

Admin=chawkoko 

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။