Tuesday, August 2, 2016

PC အသုံးပြုမှု မှတ်တမ်းကို စစ်ဆေးခြင်း....


မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို အခြားသူ တစ်ဦးတစ်ယောက် အသုံးပြုသွားလား ဆိုတာကို ကြည့်ရှုဖို့နဲ့ ကွန်ပျူတာရဲ့ Startup  နဲ့ Shutdown Log တွေကို သိရှိနိုင်ဖို့အတွက် အလွယ်တကူနဲ့ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Boot တက်ချိန်တွေနဲ့ မည်သည့်အချိန်မှာ Shutdown ပြုလုပ်မှုတွေကို Log ဖိုင်များနှင့် စနစ်တကျ မှတ်သားထားတာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


PC Startup နဲ့ Shutdown Log များကို ကြည့်ရှုဖို့အတွက် Win + R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်ရမှာ ဖြစ်ပါတယ်။ Run Box ရောက်ပြီဆိုရင် eventvwr.msc ဆိုတဲ့ Command ကိုရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Event Viewer ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ Windows Startup နဲ့ Shutdown Log တွေကို ကြည့်ရှုဖို့အတွက်ဆိုရင် ဘယ်ဘက် Panel ထဲက Windows Logs ဆိုတာကို ရွေးချယ်ပြီး System မှာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Event Viewer Local ကနေ ကြည့်မယ်ဆိုရင် Error ဖြစ်ခဲ့တဲ့ App တွေ၊ System ပိုင်း Error ဖြစ်ခဲ့တာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Error, Critical, Warning, Information, Audit Success အစရှိတာတွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် အချိန်တွေ၊ ရက်တွေနဲ့ Log ဖိုင်တွေကို မှတ်သားထားပေးပါတယ်။ Windows Logs ရဲ့ System ပိုင်းမှာ Information တွေနဲ့ Error ဖြစ်ခဲ့တာတွေကိုလည်း ကြည့်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

Event Viewer ရဲ့ Windows Logs ရဲ့ System ပိုင်းမှာ ကွန်ပျူတာ စဖွင့်ခဲ့တဲ့အချိန်ကို နေ့ရက်၊ အချိန်အတိအကျနဲ့ Information မှာ ဖော်ပြပေးမှာဖြစ်ပြီး၊ ကွန်ပျူတာ သုံးနေစဉ်အချိန် တစ်လျှောက်မှာ ဖြစ်နေတဲ့ Error တွေ၊ Malware တွေ့ရှိတာတွေကိုလည်း တောက်လျှောက် မှတ်တမ်းတင်နေမှာ ဖြစ်သလို အချိန်အလိုက် ဖြစ်ပျက်နေတာ တွေကိုလည်း မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ....
                                မိဘရင်ခွင် နည်းပညာ ( ကျောင်းလည်သားလေး )

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။