Wednesday, August 3, 2016

ကွန်ပျူတာအခြေခံအကြောင်း သိကောင်းစရာအပိုင်း(၂)...

အပိုင်း(၁)တုန်းက  ကွန်ပျူတာအခြေခံဖြစ်တဲ့ hardware နဲ့ software  တို့အကြောင်းကိုပြောပြခဲ့ပါတယ်။အခု ဒုတိယပိုင်းမှာ  ၄င်းအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အလုပ်လုပ်တဲ့ပုံစံတွေကို  တစ်ခုချင်းစီရှင်းပြသွားမှာဖြစ်ပါတယ်။ ဒါတွေက  အခြေခံသမားတွေအတွက်သာရည်ရွယ်တာဖြစ်ပါတယ်။


အပိုင်း(၁)တုန်းက ကွန်ပျူတာအခြေခံဖြစ်တဲ့ hardware နဲ့ software တို့အကြောင်းကိုပြောပြခဲ့ပါတယ်။အခု ဒုတိယပိုင်းမှာ ၄င်းအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အလုပ်လုပ်တဲ့ပုံစံတွေကို တစ်ခုချင်းစီရှင်းပြသွားမှာဖြစ်ပါတယ်။ ဒါတွေက အခြေခံသမားတွေအတွက်သာရည်ရွယ်တာဖြစ်ပါတယ်။ကျွန်တော်လဲ အလုံးစုံသိသူမဟုတ်တဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပြီး ပြင်ဆင်ပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျား.............
 
ကွန်ပျူတာသည် အင်မတန်ကျယ်ပြန့်လှသော နယ်ပယ်များစွာရှိသည်။graphic,autocad,programming,video editing,web စသဖြင့် ရှိပါသည်။၎င်းနယ်ပယ်အသီးသီးတို့အား အနှစ်ချုပ်ကြည့်ပါက ရေသောက်မြစ်သုံးခုမှ ဆင်းသက်လာသည်ကို တွေ့ရမည်ဖြစ်သည်။၎င်းရေသောက်မြစ်သုံးခုမှာ (၁) hardware (၂) software (၃) networking တို့ဖြစ်ကြပါသည်။

ထိတွေ့ကိုင်တွယ်လို့ရသော ကွန်ပျူတာပစ္စည်းမှန်သမျှကို hardware ဟုခေါ်သည်ဟု အပိုင်း(၁)တွင်ရှင်းပြခဲ့ပါသည်။ hardware တွင် မျက်မြင်အားဖြင့် monitor,keyboard,mouse and System Unit တို့ပါဝင်ကြပါသည်။ဆိုပါစို့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်လိုက်ပါ။ခေါင်းမြင်ရမယ်၊လက်မြင်ရမယ်၊ခြေထောက်မြင်ရမယ်၊ခန္ဒာကိုယ်ဝမ်းဗိုက်ပိုင်းမြင်ရမယ်ဆိုပါစို့..... သေသေချာချာစဉ်းစားကြည့်ပါ ဘယ်အရာကို လူလို့ခေါ်ပါသလဲ...... ထိုအရာတွေကိုလူလို့ခေါ်ရင် ကျွန်တော်တို့လက်တစ်ဖက်ကို ဖြုတ်ကြည့်လိုက်ပါ။၎င်းကိုလူလို့ခေါ်ဦးမလား......ဒါမှမဟုတ် ခြေထောက်တစ်ဖက်ကိုဖြုတ်ကြည့်လိုက်ပါ....အဲဒီခြေထောက်ကိုရော လူလို့ခေါ်ဦးမှာလား...... ဒီလိုပါပဲ ကွန်ပျူတာမှာ ဘယ်အရာကိုကွန်ပျူတာလို့ခေါ်ပါသလဲ monitor ကို ခေါ်တာလား keyboard ကိုခေါ်တာလား mouse ကိုခေါ်တာလား၊ ဒါမှမဟုတ် System Unit ဆိုတာကြီးကိုခေါ်တာလား...... မဟုတ်ပါဘူး ဘယ်အရာကိုမှ ကွန်ပျူတာလို့မခေါ်ပါဘူး။လူလိုပါပဲ လူလို့ခေါ်ဖို့အတွက် ခေါင်း၊လက်၊ကိုယ်၊ခြေ စသဖြင့် လူဖြစ်စေနိုင်တဲ့ အစိတ်အပိုင်း၊အရည်အချင်းတွေရှိပါမှ လူလို့ခေါ်ပါတယ်။

အစိတ်အပိုင်းတစ်ခုချင်းစီကိုလူလို့မခေါ်ပါဘူး။အဲဒီလိုပါပဲ ကွန်ပျူတာကိုလဲ အဲဒီအရာတွေပေါင်းစပ်ပါဝင်တော့မှ ကွန်ပျူတာလို့ခေါ်ပါတယ် တစ်ခုချင်းစီကို သူရဲ့ဆိုင်ရာနာမည်တွေနဲ့ပဲခေါ်ပါတယ်။ကွန်ပျူတာလို့မခေါ်ပါဘူး။ဒီလောက်ဆို ဒီအပိုင်းကိုရှင်းလောက်ပါတယ်။ဆက်သွားရအောင်၊ တစ်ချို့တွေကပြောကြမယ် ဒီလေးမျိုးတင်ပဲလား တစ်ခြားဟာတွေရောပါလို့မရဘူးလားလို့မေးစရာရှိပါတယ်။ဥပမာ...Speaker,printer စသဖြင့်ပေါ့......အဲဒီလိုပြောမယ့်လူတွေအတွက် ထပ်ရှင်းပါမယ်။လူတစ်ယောက်ကို ဆံပင်ရှည်မှ၊ရုပ်လှမှ၊ဆံပင်အနီဆိုးမှာ၊ရွှေတွေဝတ်မှ လူလို့သတ်မှတ်တာမဟုတ်ပါဘူး။ကျွန်တော်ပြောခဲ့သလို သက်ဆိုင်ရာအခြေခံအစိတ်အပိုင်းတွေ ပါဝင်ရင်ပဲလူလို့ခေါ်ပါတယ်။အခြားပြင်ဆင်တာကတော့ ကိုယ့်ဘာသာကိုယ် လုပ်ယူပေါ့ အဲဒီလိုပါပဲ။

ကွန်ပျူတာရဲ့အခြေခံမှာ ဒီလေးမျိုးကအဓိကပါ။အခြားကိုယ်လှချင်ပချင်လို့ ပြင်ချင်တယ်၊ဆင်ချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ်လုပ်ပေါ့။အဲဒီသဘောပါပဲ။
များပြားလှတဲ့ hardware device တွေကို အဓိကနှစ်မျိုးပိုင်းခြားပါတယ်။ဘာနဲ့ပိုင်းခြားသလဲဆိုရင် data အလုပ်လုပ်ပုံနဲ့ပိုင်းခြားပါတယ်။ data ကွန်ပျူတာထဲကို သွင်းတာလက်ခံတဲ့ စက်ပစ္စည်းအစိတ်အပိုင်းနဲ့ data ကွန်ပျူ တာထဲက ထုတ်တဲ့စက်ပစ္စည်းအစိတ်အပိုင်းများဆိုပြီးနှစ်ပိုင်းပိုင်းခြားထားပါတယ်။...... data တွေကွန်ပျူတာထဲကို သွင်းတဲ့အစိအပိုင်းကို input device လို့ခေါ်ပြီး data တွေကွန်ပျူတာထဲက ထုတ်လွှတ်တဲ့အစိတ်အပိုင်းကို output device လို့ခေါ်ပါတယ်။ကွန်ပျူတာသည် လူတွေကို ကူညီရန်ဖန်တီးထားသောပစ္စည်းသာဖြစ်ပါတယ်။လူတွေကို တုပထားတဲ့ပစ္စည်းမဟုတ်ပါဘူး။အဲဒီအတွက် သူ့မှာ brain မရှိပါဘူး ကျွန်တော်တို့မှာ brain ရှိပါတယ်။

brain ဆိုတဲ့ အသိဥာဏ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်။ကွန်ပျူတာမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိပါဘူး။ကျွန်တော်တို့လူသားတွေရဲ့ မှတ်ဥာဏ်ကို brain လို့ခေါ်ဝေါ်ပြီး ကွန်ပျူတာရဲ့ မှတ်ဥာဏ်ကတော့အတုဖြစ်တဲ့အတွက် artifical intelligent အာတီဖီရှယ်အင်တန်းလီးဂျန့်လို့ခေါ်ပါတယ်။အဲဒီအတွက် ကွန်ပျူတာမှာ မှားတယ်မှန်တယ်မရှိပါဘူး။ကွန်ပျူတာကိုထိန်းချုပ်တဲ့ ကျွန်တော်တို့လူသားတွေအပေါ်မှာ မူတည်ပြီးတော့သာ မှားတယ်၊မှန်တယ်ဆိုတာဖြစ်တည်တာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ကွန်ပျူတာလောကမှာ စကားပုံတစ်ခုပေါ်ထွက်လာပါတယ်။အဲဒါကတော့ garbage in garbage out ပဲဖြစ်ပါတယ်။garbage ဆိုတာအမှိုက်ကိုခေါ်တာပါ အမှိုက်တွေထည့်ရင်အမှိုက်တွေပဲထွက်မယ်လို့အဓိပ္ပါယ် ရပါ တယ်။အဲဒီအတွက် တစ်ခုလိုက်နာရမှာက ကွန်ပျူတာသမားတွေမှားရင် ကွန်ပျူတာကြောင့်၊ကျွန်တော့်ကြောင့်မဟုတ်ဘူးဆိုတဲ့ တာဝန်မဲ့တဲ့စကားမျိုးကို ဘယ်တော့မှမပြောပါနဲ့။နောက်တစ်ခုထူးဆန်းတာက ကျွန်တော်တို့ဘုရားရှင်က လောကကြီးမှာလောကသုံးပါးရှိတယ်လို့ဟောခဲ့ပါတယ်။သတ္တလောက၊သင်္ခါရလောက၊သြကာသလောကဆိုပြီးရှိတယ်လို့ဟောခဲ့ပါတယ်။ကျွန်တော်အထက်မှာတင်ပြခဲ့သလို ကွန်ပျူတာမှာလည်း လောကသုံးပါးရှိပါတယ်။ ကွန်ပျူတာရဲ့ hardware အပိုင်းသည် သတ္တလောကနဲ့တူညီပြီး၊ software ပိုင်းသည် သင်္ခါရလောကနဲ့တူညီပါတယ်။ networking အပိုင်းသည် သြကာသလောကနဲ့တူညီပါတယ် ဘယ်လိုတူညီသလဲဆိုတာကို နောက်ပိုင်းမှာ ကျွန်တော်ဆက်လက်ရှင်းပြသွားမည်ဖြစ်ပါကြောင်း ပြောကြားရင်း အပိုင်း(၂)ကို အဆုံးသတ်ခွင့်ပြုပါခင်ဗျာ.....

သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ....                    

မိဘရင်ခွင် နည်းပညာ ( ကျောင်းလည်သားလေး )

No comments:

Post a Comment

CKK-နည်းပညာမှ နွေထွေးစွာကြိုဆိုပါတယ်ဗျ ။ လင့်သေနေတာတွေ အဆင်မပြေတာတွေတွေ့ရှိခဲ့ရင် Commentမှာ ရေးသားပြီးပြောခဲ့ပါနော့်...မိတ်ဆွေတို့ Commentတွေ့ပြီဆိုတာနှင့် ပြန်ပြင်ပေးပါမယ်ခဗျ... လိုအပ်တာတွေရှိရင်လဲ Commentမှာ တောင်ဆိုနိုင်ပါတယ်နော်....အားလုံးကို ကျေးဇူးတင်ရှိပါတယ် ။